Go to full page →

သင်းအုပ်ဆရာသည် ဟောပြောသည်အတိုင်း ကျင့်ရမည်။ CCB1 226

သင်သည် စကားပြောဆိုရာ၌ ဘယ်အခါမဆို ရှေ့နောက် မျှော်မြင်ရမည်။ မြေကြီးပေါ်တွင် သခင်ခရစ်တော်၏ ကိုယ်စားတော် ဖြစ်၍ ကိုယ်တော်၏နေရာ၌ အပြစ်သားတို့အား ဘုရားသခင်နှင့် မိတ်ဿဟာယ ဖွဲ့စေရန် တောင်းပန်ဖို့ ဘုရားသခင်သည် သင့်ကို ခေါ်တော်မူပြီ မဟုတ်လော။ ဤအမှုသည် ကြည်ညိုဖွယ် ဖြစ်၍ မြင့်မြတ်သော အလုပ် ဖြစ်၏။ သင်သည် တရားဟော ပလ္လင်၌ ဟောပြောပြီးသောအခါ၊ သင်၏ အလုပ်သည် အစအဦးပင် ရှိသေး၏။ သင်သည် စည်းဝေးမှ ထွက်သွားသောအခါ တာဝန်မှ ကင်းလွတ်သည် မဟုတ်ဘဲ၊ ဝိညာဉ်တို့ကို ကယ်တင်ခြင်း အလုပ်အတွက် သင့်ကိုယ်ကို ဆက်ကပ်ထားရဦးမည်။ သင်သည် လူအပေါင်း သိ၍ ဖတ်သော အသက်ရှင်သော စာ ဖြစ်ရမည်။ CCB1 226.3

သက်သာ အေးဆေးစွာ နေဖို့ မကြိုးစားရ။ ပျော်ရွှင်ဖို့လည်း မကြံစည်ရ။ ဝိညာဉ် ကယ်တင်ရေးသည် အချိန်ရှိသမျှ အရေးကြီးသော အချက်ကြီး ဖြစ်သည်။ သခင်ခရစ်တော်၏ ဧဝံဂေလိတရားအတွက် သင်းအုပ်ဆရာသည် ဤလုပ်ငန်းအတွက် ခေါ်တော်မူခြင်း ခံရသည်။ စည်းဝေး အပြင်တွင် သူသည် ကောင်းသော အလုပ်ကို အမြဲ လုပ်၍ မိမိ၏ ရာထူး ဂုဏ်အသရေနှင့် ညီညွတ်အောင် ဘုရားတရားနှင့် ဆိုင်သော စကားကို ပြောလျက် ရှေ့နောက် မျှော်မြင်တတ်သော အပြုအမူ အနေအထိုင်မျိုး ရှိရမည်။ CCB1 227.1

အခြားသူတို့အား ပြုအပ်သော ဝတ္တရားကဲ့သို့ မိမိ ဟောပြောသည်အတိုင်း သင်သည် လိုက်နာ ပြုကျင့်ရမည်။ ၎င်းပြင် အမှုတော်၏ ဝန်ထုပ်၊ သခင်ခရစ်တော်၏ သင်းအုပ်ဆရာတိုင်း အပေါ်၌ တည်ရှိသော တာဝန်ကို ဘယ်အခါမျှ မပြုခဲ့သေးသကဲ့သို့ မိမိ ကိုယ်တိုင် ထမ်းဆောင်လော့။ တရားဟော ပလ္လင်တွင် သင့်အပေါ်၌ ချပေးသော လုပ်ငန်းကို ကိုယ်တိုင် အခြား နေရာများ၌လည်း ကြိုးစား လုပ်ဆောင်ခြင်းဖြင့် ထိုအလုပ်ကို ပြီးမြောက်ပါစေ။ လာရောက်သော သူတို့၏ စိတ်သဘော အခြေအနေကို ဖြောင့်မှန်စွာ ဆင်ခြင် စစ်ဆေးလျက် ခေတ်ကာလ၏ သမ္မာတရား အကြောင်းကို သတိပညာနှင့် ပြောပြပါ။ ၎င်းပြင် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့်၊ သင်နှင့် ဆက်ဆံရသော သူတို့၏ အမှုကိစ္စတို့၌ အရေးကြီးသော သမ္မာတရားကို လက်တွေ့ အသုံးပြုပါ။14 2T 705,706. CCB1 227.2