Go to full page →

ဘုရားသခင် အကြောင်း ဆင်ခြင်နိုင်မည် အကြောင်း အဝတ်ဝတ်ကြလော့။ CCB1 235

မိမိတို့၏ အဝတ်များတွင် သန့်ရှင်းစင်ကြယ်၍ သေသပ်ခြင်း ရှိဖို့ လူအပေါင်းတို့အား သွန်သင်ပေးရမည်။ သို့ရာတွင် သန့်ရှင်းရာ ဋ္ဌာနနှင့် လုံးလုံး မသင့်လျော်သော အပြင်အပ တန်ဆာဆင်ခြင်း အမှုကို မပြုအပ်။ အဝတ်များကို အ လှပြဖို့ မပြုရ၊ ဤအမှုသည် မရိုသေခြင်းကို အားပေး၏။ လူများတို့သည် လှပသော အဝတ်များကို လိုက်လံ ကြည့်ရှုနေတတ်ကြသဖြင့်၊ ဝတ်ပြုကိုးကွယ်သော သူတို့၏ စိတ်ထဲ၌ မရှိအပ်သော အကြံအစည်များသည် ထိုသို့အားဖြင့် ဖြစ်ပေါ်လာတတ်၏။ ဝတ်ပြုကိုးကွယ်ရာတွင် ဘုရားသခင်၏ အကြောင်းကိုသာ ဆင်ခြင် စဉ်းစားရကြမည်။ ကြည်ညိုဖွယ်ကောင်း၍ သန့်ရှင်းသော အမှုမှ စိတ်ကို ဆွဲဆောင်သော အရာ တစ်စုံတစ်ခုသည် ဘုရားသခင်ကို ပြစ်မှားစေသော အရာ တစ်ခု ဖြစ်သည်။ CCB1 235.3

အဝတ်တန်ဆာနှင့် ဆိုင်သော ကိစ္စ အပေါင်းကို ကျမ်းစာ၏ စည်းကမ်းနှင့် ညီညွတ်အောင် ကြပ်တည်းစွာ လိုက်နာ စောင့်ရှောက်ရမည်။ ခေတ်ဆန်ခြင်းသည် အပြင်လောကကို အစိုးရသော ဘုရား ဖြစ်၍ မကြာခဏ ၎င်းသည် အသင်းတော်ထဲသို့ တစ်ဖြည်းဖြည်း ဝင်ရောက်လာတတ်၏။ အသင်းတော်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စံနမူနာထား၍ မိဘတို့သည် ဤအချက်ကို သတိပညာနှင့် ဆင်ခြင်ရမည်။ မိမိတို့၏ သားသမီးတို့သည် လောက၏ ခေတ်ဆန်မှုကို လိုက်နာနေကြသည်ကို မြင်ရသောအခါ၊ အာဗြဟံကဲ့သို့ မိမိတို့၏ အိမ်ထောင်သားများကို တည်ကြည်စွာ ပညတ်ထားရမည်။ သူတို့အား လောကနှင့် မဆက်သွယ်စေဘဲ ဘုရားသခင်နှင့် ဆက်သွယ်စေရမည်။ မည်သူမျှ ထင်ပေါ်စေလိုသော အဝတ်တန်ဆာအားဖြင့် ဘုရားသခင်၏ သန့်ရှင်းရာ ဋ္ဌာနကို မရှုတ်ချပါစေနှင့်။ ဘုရားသခင် နှင့် ကောင်းကင်တမန်များသည် ထိုနေရာ၌ ရှိကြသည်။ ဣသရေလ လူတို့၏ သန့်ရှင်းတော်မူသော အရှင်က မိမိ၏ တမန်တော်အားဖြင့် ဤကဲ့သို့ မိန့်တော်မူပြီ။ “သင်တို့၌ တန်ဆာဆင်ခြင်းမူကား၊ ဆံပင်ကျစ်ခြင်း၊ ရွှေဆင်ခြင်း၊ အဝတ်ဝတ်ခြင်း တည်းဟူသော အပြင်တန်ဆာ ဆင်ခြင်း မဖြစ်စေဘဲ၊ ဘုရားသခင် ရှေ့မှာ အဖိုးများစွာ ထိုက်သော နူးညံ့ငြိမ်သက်ခြင်း သဘောတည်းဟူသော မဖေါက်ပြန် မပျက်စီးတတ်သော တန်ဆာဆင်ခြင်း ရှိသော စိတ်နှလုံး၏ အတွင်းလူ ဖြစ်စေကြလော့။” ၁ ပေတရု၊ ၃: ၃၊ ၄။85T 499, 500. CCB1 236.1