Go to full page →

သခင်ခရစ်တော်သာလျှင် လူကို စစ်ကြော စီရင်နိုင်တော်မူ၏။ CCB1 248

လူသတ္တဝါတို့ တွေ့ဆုံ၊ ခံယူရသော သွေးဆောင်ခြင်း စုံစမ်းခြင်းကို သခင်ခရစ်တော်သည် တွေ့ဆုံ၊ ခံယူတော်မူရန် လူသတ္တဝါတို့၏ ရှေ့ဆုံး၌ ရပ် နေဖို့ မိမိ ကိုယ်ကို နှိမ့်ချတော်မူ၏။ ကိုယ်တော်သည် သွေးဆောင်ခြင်း ခံရသော သူတို့အား မည်ကဲ့သို့ ထောက်မရမည်ကို သိရှိတော်မူမည် ကြောင်း၊ လူသတ္တဝါတို့သည် ကျဆုံးသော ရန်သူထံမှ မည်ကဲ့သို့သော အရာနှင့် တွေ့ကြုံရမည်ကို ကိုယ်တော်သည် သိရှိတော်မူရမည်။ CCB1 248.2

၎င်းပြင် သခင်ခရစ်တော်ကို ကျွန်ုပ်တို့၏ တရားသူကြီး အဖြစ် ခန့်ထားတော်မူပြီ။ ခမည်းတော်သည် တရားသူကြီး မဟုတ်။ ကောင်းကင်တမန်များလည်း မဟုတ်။ မိမိ ကိုယ်တိုင် လူဇာတိကို ခံယူပြီး ဤလောက၌ စုံလင်သော အသက်တာ၌ ကျင်လည်တော်မူခဲ့သော ကိုယ်တော်သည် ကျွန်ုပ်တို့ကို တရားစီရင်တော်မူရမည်။ ကိုယ်တော်သာလျှင် ကျွန်ုပ်တို့၏ တရားသူကြီး ဖြစ်နိုင်တော်မူ၏။ ညီအစ်ကိုတို့၊ သင်တို့သည် ဤအချက်ကို သတိရကြပါမည်လော။ သင်းအုပ်ဆရာတို့ သင်တို့သည် ဤအချက်ကို သတိရကြပါမည်လော။ မိဘများတို့ သင်တို့သည် ဤအချက်ကို သတိရကြပါမည်လော။ သခင်ခရစ်တော်သည် ကျွန်ုပ်တို့၏ တရားသူကြီး ဖြစ်မည် အကြောင်း လူဇာတိကို ခံယူတော်မူ၏။ သင်တို့တွင် အဘယ်သူမျှ အခြားသော သူအပေါ်၌ တရားသူကြီး အဖြစ် ခန့်ထားခြင်းခံရသည် မဟုတ်။ သင့်ကိုယ်ကိုသာ သင်သည် ဆုံးမ သွန်သင်ခြင်းပြုလုပ်နိုင်သည်။ သင့် ကိုယ်တိုင် တရားပလ္လင်ပေါ်၌ မည်သည့်အခါမျှ မထိုင်ရန် ကိုယ်တော်က မှာထားတော်မူသော အမိန့်ကို ဂရုစိုက်ရန် သခင်ခရစ်တော်၏ နာမ၌ သင့်ကို ကျွန်ုပ် တောင်းပန်ပါသည်။ “တရားပလ္လင်မှ ဆင်းလော့၊ တရားပလ္လင်မှ ဆင်းလော့” ဟူသော သတင်းစကားကို ကျွန်ုပ်၏ နား၌ တစ်နေ့ပြီး တစ်နေ့ ကြားနေရ၏။109T 185, 186; CCB1 249.1

ဘုရားသခင်သည် အပြစ် အပေါင်းတို့ကို အတူတူ သဘောထားတော်မမူ။ လူတို့၏ စိတ်ထဲ၌ ထင်မြင်သကဲ့သို့ ဘုရားသခင်သည်လည်း အပြစ်တို့ကို အမျိုးအစား ခွဲခြားတော်မူ၏။ သို့ရာတွင် လူတို့၏ အထင်အမြင်အားဖြင့် ဤအပြစ်၊ ထိုအပြစ်သည် သေးငယ်သော်လည်း၊ မည်သည့် အပြစ်မျှ ဘုရားသခင် ရှေ့တော်၌ သေးငယ်သည် မဟုတ်။ သေးငယ်သည်ဟု လူတို့က ထင်မှတ်သော အပြစ်ကို ဘုရားက ကြီးလေးသော အပြစ်ဟု မှတ်တော်မူ၏။ အရက်သ မားကို ရှုတ်ချကြ၍ သူ၏ အပြစ်အတွက် ကောင်းကင်သို့ မဝင်ရဟု ပြောကြလိမ့်မည်။ သို့ရာတွင် မာနကြီးခြင်း၊ ကိုယ်ကျိုး ရှာခြင်း၊ တပ်မက်ခြင်း အမှုတို့ကိုကား မည်သူမျှ အပြစ်မတင်ကြ။ သို့ရာတွင် ဤအပြစ်များသည် ဘုရားသခင်အတွက် အထူး မှားယွင်းသော အပြစ်များ ဖြစ်ကြသည်။ ဘုရားသခင်သည် မာနကြီးသော သူတို့ကို တားဆီးတော်မူ၏။ ၎င်းပြင် ပေါလုက တပ်မက်ခြင်းသည် ရုပ်ဆင်းတု ကိုးကွယ်ခြင်း ဖြစ်သည်ဟု ဆိုထား၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ရုပ်ဆင်းတု ကိုးကွယ်ခြင်းကို အပြစ်တင်ထားကြောင်းကို သိနားလည်သော သူတို့ကား၊ ဤအပြစ်သည် မည်မျှ ကြီးလေးကြောင်းကို သိမြင်ကြလိမ့်မည်။115T 337. CCB1 249.2