Go to full page →

လူမျိုး နှင့် သခင်ခရစ်တော်၏ ဆက်သွယ်ရေး။ CCB1 262

သခင်ခရစ်တော်သည် လူမျိုး၊ အဆင့်အတန်း၊ အယူဝါဒတို့ကို ခွဲခြားနေတော်မူသည် မဟုတ်။ ကျမ်းပြုဆရာ နှင့် ဖါရိရှဲတို့သည် ကောင်းကင် ဆုကျေးဇူး အပေါင်းတို့ကို မိမိတို့ လူမျိုး တစ်မျိုးတည်းသာ ခံစားခြင်းငှါ အလိုရှိပြီး၊ လောကတွင် ရှိသော ဘုရားသခင်၏ ကျန်သော အိမ်ထောင်သားများကို ဖယ်ရှားထားလိုကြသည်။ သို့ရာတွင် သခင်ခရစ်တော်သည် ခြားထားသော နံရံ ရှိသမျှကို ဖြိုဖျက် ရန် ကြွလာတော်မူ၏။ ကိုယ်တော်၏ မေတ္တာ နှင့် ကရုဏာ ဆုကျေးဇူးတို့သည် မြေကြီးကို လန်းဆတ်စေသော လေ၊ အလင်း နှင့် မိုးရည်ကဲ့သို့ ချုပ်ချယ်ခြင်း မရှိကြောင်းကို ပြရန် ကိုယ်တော်သည် ကြွလာတော်မူ၏။ CCB1 262.2

သခင်ခရစ်တော်၏ အသက်တာသည် ဇာတ် မရှိသော ဘာသာတရားကို တည်ထောင်ခဲ့၏။ ယုဒလူ နှင့် တစ်ပါးအမျိုးသား၊ လူလွတ် နှင့် ကျွန်တို့ကို ညီအစ်ကိုကဲ့သို့ ဘုရားသခင် ရှေ့တော်၌ ညီမျှစွာ ဆက်သွယ်စေသော ဘာသာတရား ဖြစ်၏။ ကိုယ်တော်၏ လုပ်ငန်းတို့သည် နိုင်ငံရေး သြဇာနှင့် ကင်းလွတ်၏။ ကိုယ်တော်သည် အိမ်နီးချင်း နှင့် ဧည့်သည်၊ မိတ်ဆွေ နှင့် ရန်သူတို့ကို ခွဲခြားထားတော်မမူ။ ကိုယ်တော်၏ စိတ်နှင့် တွေ့သော သူကား အသက်ရေကို ငတ်မွတ်သော ဝိညာဉ် ဖြစ်သည်။ CCB1 263.1

ကိုယ်တော်သည် လူသတ္တဝါ တစ်ယောက်ကိုမျှ အဖိုးမတန်သကဲ့သို့ ကျော်လွန်သွားတော်မမူဘဲ၊ ဝိညာဉ်တိုင်းအား ကျန်းမာစေသော ဆေးဝါးကို ပေးဖို့ရန် ကြိုးစားတော်မူ၏။ မည်ကဲ့သို့သော လူစု၌ မဆို ကိုယ်တော်ကို တွေ့ရသောအခါတိုင်း၊ ကိုယ်တော်သည် အချိန်ကာလ၊ အခြေအနေတို့နှင့် သင့်တော်သော သင်ခန်းစာ တစ်ခုကို ဖော်ပြတော်မူ၏။ လူများတို့က မိမိတို့ လူအချင်းချင်းကို ဂရုမစိုက်ခြင်း၊ စော်ကားခြင်း အမှု ရှိသမျှတို့ကြောင့်၊ ကိုယ်တော်၏ ဘုရား နှင့် လူဇာတိ ပါရှိသော စာနာခြင်းမျိုးကို သူတို့သည် အလိုရှိကြကြောင်းကို ကိုယ်တော်သည် သာ၍ သိရှိလာတော်မူ၏။ အကြမ်းဆုံး နှင့် မျှော်လင့်စရာ မရှိဆုံးသော သူတို့အား မျှော်လင့်ခြင်း ရှိစေရန် နိုးကြားစေဖို့ ကိုယ်တော်သည် ရှာကြံ ကြိုးစားတော်မူလျက်၊ သူတို့အား ဘုရားသခင်၏ သားသမီးများ ဖြစ်စေဖို့ လိုသော အကျင့်စာရိတ္တကို ရရှိလောက်အောင် သူတို့သည် အပြစ်တင်ခြင်းနှင့် ကင်း၍ ဘေးရန် ကင်းသော သူများ ဖြစ်လာနိုင်ကြသည် ဟူသော ဂတိတော်ကို သူတို့အား ပေးတော်မူ၏။29T 190, 191; CCB1 263.2

ဘုရားသခင်၏ သားသမီးတို့သည် သခင်ခရစ်တော်၌ တစ်လုံးတစ်ဝတည်း ဖြစ်ကြသောကြောင့်၊ သခင်ယေရှုသည် ဇာတ်၊ အဖွဲ့အစည်း ကွဲပြားခြင်း၊ အသားအရေ၊ လူမျိုး၊ အဆင့်အတန်း၊ ဥစ္စာပစ္စည်း၊ မျိုးရိုး သို့မဟုတ် ရရှိသော အကျိုးများကြောင့် လူအချင်းချင်းတို့၌ ကွဲပြားခြင်း အမှုတို့ကို မည်ကဲ့သို့ သ ဘောထားတော်မူသနည်း။ စည်းလုံးခြင်း၏ အကြောင်းရင်းမှာ သခင်ခရစ်တော်၌ ယုံကြည်သော သူတို့၏ ညီမျှခြင်း အခြေအနေပင် ဖြစ်သည်။3RH. Dec. 22, 1891;. CCB1 263.3