Go to full page →

စည်းလုံးခြင်း၌ ခွန်အား ရှိခြင်း။ CCB1 267

စည်းလုံးခြင်း ရှိရန် စိတ်အားကြီးစွာ ကြိုးစားပါ။ ၎င်းသည် သင့်အား ဝိညာဉ် ကျန်းမာရေး၊ မြင့်မြတ်သော အကြံအစည်၊ မြင့်မြတ်သော အကျင့်စာရိတ္တ၊ ကောင်းကင်၌ စွဲလမ်းသော စိတ်တို့ကို ရရှိစေလျက်၊ ကိုယ်ကျိုးရှာခြင်း နှင့် မကောင်း ထင်မြင်ခြင်း သဘောတို့ကို အောင်မြင်စေပြီး၊ သင့်ကို ချစ်၍ သင့်အတွက် မိမိ ကိုယ်ကို ပေးတော်မူသော ကိုယ်တော်အားဖြင့်၊ အောင်မြင်သော သူထက် သာ၍ ကြီးမြတ်သော သူ ဖြစ်စေလိမ့်မည်။ မိမိ ကိုယ်ကို လက်ဝါးကပ်တိုင်၌ ရိုက်ထားပါ။ အခြားသူတို့သည် သင့်ကိုယ်တိုင်ထက် သာ၍ ကောင်းသည်ဟု ထင်မှတ်ပါ။ ထိုသို့အားဖြင့် သင်သည် သခင်ခရစ်တော်နှင့် တစ်လုံးတစ်ဝတည်း ဖြစ်လာလိမ့်မည်။ ကောင်းကင် စကြာဝဠာ ရှေ့၌လည်းကောင်း၊ အသင်းတော် နှင့် လောက ရှေ့၌ လည်းကောင်း၊ သင်တို့သည် ဘုရားသခင်၏ သားသမီး ဖြစ်ကြကြောင်း မမှားနိုင်သော သက်သေကို ဖော်ပြကြလိမ့်မည်။ သင် ဖော်ပြသော ပုံသက်သေအားဖြင့် ဘုရားသခင်၏ ဘုန်းတော် ထင်ရှားလိမ့်မည်။ CCB1 267.1

ခရစ်ယာန် မေတ္တာ နှင့် ဘုရားသခင်၏ လူများ၏ စိတ်ကို ချည်နှောင်ထားသော နိမိတ်လက္ခဏာကို မိမိ ရှေ့၌ ထင်ရှားစွာ ပြသည်ကို လောကသည် မြင်လို၏။ ထာဝရဘုရား၏ လူများသည် သခင်ခရစ်တော်၌ ကောင်းကင် နေရာများတွင် အတူတကွ နေထိုင်နေကြသည်ကို လောကသည် မြင်လို၏။ ဘုရားသခင်ကို ချစ်၍ ကိုးကွယ်သော သူတို့အတွက် ဘုရားသခင်၏ သမ္မာတရားသည် မည်ကဲ့သို့ ပြုနိုင်သည် ဟူသော သက်သေကို သင်၏ အသက်တာ၌ မဖော်ပြဘဲ နေမည်လော။ သင်သည် အဘယ်သို့ ဖြစ်နိုင်သည်ကို ဘုရားသခင်သည် သိတော်မူ၏။ သင်သည် ဘုရား သဘောမျိုးကို ခံယူရရှိမည် ဖြစ်လျှင်၊ ဘုရားသခင်၏ ကျေးဇူးတော်သည် သင့်အဖို့ မည်ကဲ့သို့ ပြုလုပ်နိုင်သည်ကို ဘုရားသခင်သည် သိတော်မူ၏။59T 188; CCB1 267.2

“ညီအစ်ကိုတို့၊ သင်တို့ ရှိသမျှသည် စကား တညီတညွတ်တည်း ဖြစ်၍ အချင်းချင်း မကွဲပြားဘဲ စိတ်သဘော တစ်သံ တစ်သမတ်တည်း ရှိသည်နှင့် စေ့စပ် စုံလင်ကြမည် အကြောင်း၊ ငါတို့ သခင်ယေရှု၏ နာမတော်ကို အမှီပြု၍ သင်တို့ကို ငါ နှိုးဆော် တောင်းပန်ပါ၏။” ၁ ကောရိန္သု၊ ၁: ၁၀။ CCB1 267.3

စည်းလုံးခြင်းသည် ခွန်အား ဖြစ်၏။ ကွဲပြားခြင်းသည် အားနည်းခြင်း ဖြစ်၏။ ခေတ်ကာလ၏ သမ္မာတရားကို ယုံကြည်သော သူတို့သည် စည်းလုံးခြင်း ရှိကြလျှင်၊ သူတိုု့သည် ထိရောက်သော အကျိုးကို ဖြစ်စေကြ၏။ စာတန်သည် ဤအကြောင်းကို သိနားလည်၏။ ဘုရားသခင်၏ လူတို့အထဲတွင် စိတ်နာခြင်း၊ သဘောကွဲခြင်း အမှုတို့ကို ဖြစ်ပေါ်လာစေခြင်းဖြင့် ဘုရားသခင်၏ သမ္မာတရားကို အကျိုး မဖြစ်ထွန်းစေရန် ယခုအခါထက် ဘယ်အခါကမျှ သူသည် သာ၍ စိတ်ပြဋ္ဌာန်းခြင်း မပြုဖူးခဲ့ချေ။65T 236. CCB1 268.1