Go to full page →

ခမည်းတော် ဘုရားသခင်သည် သခင်ခရစ်တော်၌ ထင်ရှားတော်မူခြင်း။ CCB1 271

လူပုံသဏ္ဍာန်ကို ဆောင်သော ပုဂ္ဂိုလိ အဖြစ်နှင့် ဘုရားသခင်သည် မိမိ၏ သားတော်၌ ထင်ရှားစွာ ဖော်ပြတော်မူပြီ။ ခမည်းတော်၏ ဘုန်းတော် ထွန်းတောက်စေ၍ “ဇာတိ အဖြစ်တော်၏ ပုံသဏ္ဍာန် (ဟေ၊ ၁: ၃။) ဖြစ်တော်မူသော သခင်ယေရှုကို မြေကြီးပေါ်၌ လူပုံသဏ္ဍာန်၊ လူဇာတိဖြင့် တွေ့ရှိရ၏။ လူပုံသဏ္ဍာန်ကို ဆောင်သော ကယ်တင်ရှင် အဖြစ်နှင့် ကိုယ်တော်သည် လောကသို့ ကြွလာတော်မူ၏။ လူပုံသဏ္ဍာန်ကို ဆောင်သော ကယ်တင်ရှင် အဖြစ်နှင့် ကိုယ်တော်သည် မြင့်သော အရပ်သို့ တက်ကြွတော်မူ၏။ လူပုံသဏ္ဍာန်ကို ဆောင်သော ကယ်တင်ရှင် အဖြစ်နှင့် ကိုယ်တော်သည် ကောင်းကင် ဗိမာန်တော် အခန်းများ၌ ကျွန်ုပ်တို့အတွက် ကြားဝင်၍ အမှု ဆောင်ရွက်နေတော်မူ၏။ ဘုရားသခင်၏ ပလ္လင်တော် ရှေ့တွင် ကျွန်ုပ်တို့အတွက် “လူသားနှင့် သူသော သူ တစ်ဦး” သည် အမှု ဆောင်ရွက်လျက်ရှိ၏။ (ဗျာဒိတ်၊ ၁: ၁၃။) CCB1 271.2

လောက၏ အလင်း ဖြစ်တော်မူသော သခင်ခရစ်တော်သည် မိမိ၏ ဘုရားအဖြစ်တော် တည်းဟူသော တောက်ပသော ဘုန်းရောင်ခြည်တော်ကို ဖုံးအုပ်ထားပြီးလျှင်၊ လူတို့အထဲတွင် လူကဲ့သို့ လာရောက် နေထိုင်တော်မူ၏။ အကြောင်းကား လူတို့သည် လောင်ကျွမ်းခြင်း မခံရဘဲ၊ မိမိတို့ကို ဖန်ဆင်းတော်မူသော အရှင်နှင့် အကျွမ်းဝင် မိတ်ဆွေဖွဲ့ရမည် အကြောင်းတည်း။ သခင်ခရစ်တော်အားဖြင့် ဘုရားသခင်ကို ထင်ရှားစေသောအခါမှ လွဲ၍ မည်သူမျှ ဘုရားသခင်ကို မျက်စိဖြင့် မည်သည့်အခါမျှ မမြင်ခဲ့ဖူးကြချေ။ CCB1 271.3

ဘုရားသခင်သည် လူတို့အား သိရှိစေဖို့ အလိုရှိတော်မူသော အရာတို့ကို သူတို့အား သွန်သင်ရန်၊ သခင်ခရစ်တော်သည် ကြွလာတော်မူ၏။ ကောင်းကင် ပတ်ဝန်းကျင်၌ လည်းကောင်း၊ မြေကြီး တစ်ပြင်လုံး၌ လည်းကောင်း၊ ကျယ်ဝန်းသော သမုဒ္ဒရာ ရေပြင်ထဲ၌ လည်းကောင်း ကျွန်ုပ်တို့သည် ဘုရားသခင်၏ လက်ရာတော်ကို တွေ့မြင်ရကြ၏။ ဖန်ဆင်းထားတော်မူသော အရာခပ်သိမ်းတို့သည် ဘုရားသခင်၏ တန်ခိုးတော်၊ ဘုရားသခင်၏ ဉာဏ်ပညာတော်၊ ဘုရားသခင်၏ မေတ္တာတော် အကြောင်းကို သက်သေခံကြ၏။ သို့ရာတွင် ကြယ်နက္ခတ်များမှ လည်းကောင်း၊ သမုဒ္ဒရာ နှင့် ရေတံခွန်များမှ လည်းကောင်း၊ ဘုရားသခင်သည် လူပုံသဏ္ဍာန်နှင့် ပြည့်စုံတော်မူကြောင်းကို သခင်ခရစ်တော်၌ ဖော်ပြ ထင်ရှားစေသကဲ့သို့၊ ကျွန်ုပ်တို့သည် မသိ နားမလည်နိုင်ကြပါ။ CCB1 272.1

မိမိ၏ ပုံသဏ္ဍာန်တော် နှင့် မိမိ၏ ဂုဏ်တော်၊ သဘောတော်တို့ကို သဘာဝက ထင်ရှားစေသည်ထက် သာ၍ ထင်ရှား ပေါ်လွင်စေရန် ပြုလုပ်ဖို့ လိုသည်ကို ဘုရားသခင်သည် သိမြင်တော်မူ၏။ လူ၏ စက္ခုအာရုံက ခံရပ်နိုင်သလောက် မမြင်ရသော ဘုရားသခင်၏ သဘောတော်၊ ဂုဏ်တော်တို့ကို သိမြင် ထင်ရှားစေနိုင်မည် အကြောင်း ဘုရားသခင်သည် မိမိ၏ သားတော်ကို စေလွှတ်တော်မူ၏။ CCB1 272.2

ဘုရားသခင်သည် ပန်း၊ သစ်ပင် နှင့် မြက်ပင်မှ စသော သဘောဝ ပစ္စည်းတို့တွင် ကိုယ်တော်တိုင် တည်ရှိနေတော်မူသကဲ့သို့ ပုံဆောင်ပြရန် အလိုရှိတော်မူလျှင်၊ သခင်ခရစ်တော်သည် မြေကြီးပေါ်၌ ရှိနေစဉ် အခါက၊ မိမိ၏ တပည့်တော်တို့အား ဤအကြောင်းကို မိန့်တော်မူခဲ့လိမ့်မည် မဟုတ်လော။ သို့သော် ဘုရားသခင် အကြောင်းကို သခင်ခရစ်တော်သည် မည်သည့်အခါမျှ ထိုသို့ သွန်သင်တော်မမူခဲ့ပါ။ သခင်ခရစ်တော် နှင့် တမန်တော်တို့သည် လူပုံသဏ္ဍာန် ရှိတော်မူသော ဘုရားသခင် တည်ရှိတော်မူခြင်း အကြောင်း မှန်ကန်သော တရားကို ထင်ရှားစွာ သွန်သင်ကြ၏။ CCB1 272.3

အပြစ်ရှိသော သူတို့သည် ဖျက်ဆီးခြင်း မခံရဘဲ ခံရပ်နိုင်မည် အကြောင်း၊ ဘုရားသခင်နှင့် စပ်ဆိုင်သော အကြောင်းအရာ အလုံးစုံတို့ကို သခင်ခရစ်တော်သည် သူတို့အား ဖော်ပြတော်မူ၏။ ကိုယ်တော်သည် ဘုရားကဲ့သို့သော ဆရာသမားကြီး၊ အလင်းတရားကို ပေးတော်မူသော အရှင် ဖြစ်တော် မူ၏။ သခင်ခရစ်တော်အားဖြင့် လည်းကောင်း၊ ရေးထားတော်မူသော နှုတ်ကပတ်တော်ထဲ၌ လည်းကောင်း ဖော်ပြထားသော အရာများထက် ဘုရားသခင်သည် ကျွန်ုပ်တို့အား ထင်ရှားစွာ ဖော်ပြဖို့ လိုသည်ဟု ထင်မှတ်တော်မူခဲ့လျှင်၊ ဘုရားသခင်သည် အမှန်ပင် ထိုသို့ ပြုတော်မူမည်။ CCB1 272.4