Go to full page →

သခင်ခရစ်တော်ကို ဝန်ခံခြင်း သို့မဟုတ် ငြင်းပယ်ခြင်း။ CCB1 285

အဖွဲ့အစည်းများ၌ လည်းကောင်း၊ အသက်တာတွင် မည်ကဲ့သို့သော ဆက်သွယ်မှုမျိုး၌ မဆို ကျွန်ုပ်တို့သည် ရောနှော ဆက်ဆံရာတွင် ကန့်သတ်ထားသည် ဖြစ်စေ၊ ကျယ်ဝန်းသည် ဖြစ်စေ၊ ကျွန်ုပ်တို့၏ ဘုရားသခင်ကို ကျွန်ုပ်တို့က ဝန်ခံနိုင်သော နည်းများစွာ ရှိ၍ ကိုယ်တော်ကို ငြင်းပယ်နိုင်သော နည်းလည်း များစွာ ရှိပေသည်။ ကျွန်ုပ်တို့သည် မိမိတို့၏ အပြောအဆို၌ လည်းကောင်း၊ သူတစ်ပါး အကြောင်း မကောင်း ပြောခြင်းဖြင့် လည်းကောင်း၊ မကောင်း၍ ညစ်ညမ်းသော စကားကို ပြောခြင်း၊ ပြောင်လှောင် ကျီစယ်ခြင်း၊ အသုံးမကျသော စကား၊ ကြင်နာခြင်း မရှိသော စကားကို ပြောခြင်း၊ လည်ဆည်လွှဲဖယ်၍ ပြောဆိုခြင်း၊ သမ္မာတရားနှင့် ဆန့်ကျင်ဘက် ပြောဆိုခြင်းဖြင့် လည်းကောင်း ကိုယ်တော်ကို ငြင်းပယ်ကြ၏။ သခင်ခရစ်တော်သည် ကျွန်ုပ်တို့အထဲ၌ တည်နေတော်မမူဟု ကျွန်ုပ်တို့သည် မိမိတို့၏ စကားများ၌ ဝန်ခံ ပြောဆိုကြလိမ့်မည်။ ကျွန်ုပ်တို့၏ အကျင့်စာရိတ္တတွင် မိမိတို့ ကိုယ်တိုင် သက်သာ အေးဆေးစွာ နေထိုင်ခြင်း၊ ကျွန်ုပ်တို့ မဆောင်ရွက်ကြလျှင် အခြားသူတို့ ဆောင်ရွက်ရကြမည့် တာဝန်များကို ရှောင်နေခြင်း၊ ၎င်းပြင် အပြစ်ရှိသော ပျော်မွေ့ခြင်းကို နှစ်သက်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ကိုယ်တော်ကို ငြင်းပယ်နိုင်ကြသည်။ အဝတ်အစား၌ ကြားဝါခြင်း၊ လောကီ ပုံသဏ္ဍာန်ကို ဆောင်ခြင်းအားဖြင့် လည်းကောင်း၊ မယဉ်ကျေးသော အပြုအမူများအားဖြင့် လည်းကောင်း၊ ကျွန်ုပ်တို့သည် သခင်ခရစ်တော်ကို ငြင်းပယ်နိုင်သေးသည်။ မိမိတို့၏ ထင်မြင်ချက်ကို နှစ်သက်ခြင်း၊ မိမိ ကိုယ်ကို ထောက်မ၍ မိမိ ကိုယ်ကို ဖြောင့်မတ်စေရန် ကြံစည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ကိုယ်တော်ကို ငြင်းပယ်နိုင်ကြသည်။ စိတ္တဇ ရောဂါစွဲကပ်လာအောင် စိတ်ကို အခွင့်ပေးခြင်း၊ ကျွန်ုပ်တို့၏ ခက်ခဲသော အမှု နှင့် စုံစမ်းခြင်းဟု ထင်ရသော အရာတို့၌ စိတ်စွဲလမ်း၍ သောကရောက်နေခြင်းအားဖြင့်လည်း ကျွန်ုပ်တို့သည် ကိုယ်တော်ကို ငြင်းပယ်နိုင်ကြသည်။ CCB1 285.1

သခင်ခရစ်တော်၏ စိတ်နှင့် သဘောမျိုးသည် မိမိအထဲ၌ မရှိလျှင်၊ အဘယ်သူမျှ လောကရှေ့၌ သခင်ခရစ်တော်ကို မှန်ကန်စွာ ဝန်မခံနိုင်ချေ။ ကျွန်ုပ်တို့၌ မရှိသော အရာကို သူတစ်ပါးအား တစ်ဆင့် မပေးကမ်းနိုင်ချေ။ အပြောအဆို နှင့် နေပုံထိုင်ပုံတို့သည် အတွင်း၌ ရှိသော ကျေးဇူးတော် နှင့် သမ္မာတရားတို့ကို၊ အပြင်၌ ဧကန် အမှန် ဖြစ်၍မြင်ရအောင် ဖော်ပြသော လက္ခဏာ ဖြစ်ရမည်။ စိတ်နှလုံးသည် သန့်ရှင်းစင်ကြယ်၍ ကျိုးနွံလျက် နှိမ့်ချလျှင်၊ အပြင်၌ အသီး (အကျိုး) ကို မြင်ရ၍ ၎င်းသည် သခင်ခရစ်တော်ကို ဝန်ခံခြင်း၌ အကျိုး အဖြစ်ထွန်းဆုံး ဖြစ်သည်။103T 331, 332. CCB1 286.1