Go to full page →

အခန်း ၂၃။—သန့်ရှင်းသော ဝိညာဉ်တော်။ CCB1 319

ကျွန်ုပ်၏ သခင်ယေရှုခရစ် ကြွလာတော်မူခြင်းကို မျှော်လင့်ခြင်း သာမက ကြွလာတော်မူခြင်းကို လျှင်မြန်စွာ ရောက်လာစေဖို့ ပြုလုပ်ရခြင်းသည် ခရစ်ယာန်တိုင်းအတွက် အခွင့်အရေး တစ်ခု ဖြစ်ပေသည်။ ကိုယ်တော်၏ နာမကို ခံယူနေသော သူ အပေါင်းတို့သည် ကိုယ်တော်၏ ဘုန်းတော်ကို ထောက်၍ အသီးများကို သီးကြလျှင်၊ လောကတစ်ဝှမ်းလုံးသည် ဧဝံဂေလိတရား မျိုးစေ့ဖြင့် မည်မျှ လျင်မြန်စွာ ပျိုးကြဲပြီးလိမ့်မည်နည်း။ နောက်ဆုံးစပါးရိတ်ချိန်အတွက် စပါးများသည် အမြန် မှည့်လာကြ၍ သခင်ခရစ်တော်သည် အဖိုးထိုက်သော စပါးများကို သိမ်းယူရန် ကြွလာတော်မူလိမ့်မည်။ CCB1 319.1

ညီအစ်ကို မောင်နှမများတို့ သန့်ရှင်းသော ဝိညာဉ်တော်အတွက် တောင်းလျှောက်ကြပါ။ ဘုရားသခင်သည် မိမိ ပြုတော်မူခဲ့သော ဂတိတော်တိုင်းကို ပြည့်စုံစေဖို့ရန် အသင့်ရှိနေတော်မူသည်။ သင်၏ ကျမ်းစာအုပ်ကို သင်၏ လက်ထဲတွင် ကိုင်ထားလျက်၊ ကိုယ်တော် မိန့်တော်မူသည်အတိုင်း အကျွန်ုပ်သည် ပြုလုပ်ပြီးပါပြီ။ “တောင်းကြလော့၊ တောင်းလျှင် ရလိမ့်မည်၊ ရှာကြလော့၊ ရှာလျှင် တွေ့လိမ့်မည်။ တံခါးကို ခေါက်ကြလော့၊ ခေါက်လျှင် တံခါးဖွင့်ပေးလိမ့်မည်” ဟူသော ကိုယ်တော်၏ ဂတိတော်ကို အကျွန်ုပ် ဖော်ပြထားပါသည်ဟု လျှောက်ထားကြလော့။ သခင်ခရစ်တော်က၊ “သင်တို့သည် ဆုကျေးဇူးကို ရမည်ဟု ယုံကြည်သော စိတ်နှင့် ဆုတောင်းသမျှတို့ကို ရကြလိမ့်မည်။” “သင်တို့သည် ငါ၏ နာမကို အမှီပြုလျက် ဆုတောင်းသမျှအတိုင်း ငါပြုမည်။ အကြောင်းမူကား၊ ခမည်းတော်သည် သားတော်အားဖြင့် ထင်ရှားတော်မူခြင်း ရှိမည် အကြောင်းတည်း” ဟု မိန့်တော်မူ၏။ (မ၊ ၇: ၇။ မ၊ ၁၁: ၂၄။ ယော၊ ၁၄: ၁၃။) CCB1 319.2

သခင်ခရစ်တော်သည် မိမိ၏ အလိုတော်ကို မိမိ၏ ကျွန်တို့အား ဖော်ပြခြင်းငှါ၊ မိမိ၏ စေတမန်တို့ကို မိမိ၏ နိုင်ငံတော်တွင် အရပ်ရပ် ရှိသမျှသို့ စေလွှတ်တော်မူ၏။ ကိုယ်တော်သည် မိမိ အသင်းတော်များ၏ အလယ်တွင် လျှောက်သွားတော်မူ၏။ ကိုယ်တော်သည် မိမိ၏ တပည့်တော်များကို သန့်ရှင်းစေရန်၊ မြှင့်တင်ပေးရန်၊ မြင့်မြတ်သော အခြေသို့ ရောက်ရှိစေရန် အလိုရှိတော်မူ၏။ ကိုယ်တော်၌ ယုံကြည်သော သူတို့၏ သြဇာသည် လောက၌ အသက်ရှင်ခြင်း၏ အမွှေးအကြိုင် ဖြစ်လိမ့်မည်။ သခင်ခရစ်တော်သည် ကြယ်များကို မိမိ၏ လက်တော်တွင် ကိုင်ထားတော်မူသဖြင့်၊ သူတို့အားဖြင့် ကိုယ်တော်၏ အလင်းကို လောကအား လင်းစေခြင်း အမှုသည် ကိုယ်တော်၏ ရည်ရွယ်ချက် ဖြစ်ပေသည်။ ထိုသို့အားဖြင့် ကိုယ်တော်သည် မိမိ၏ လူများကို အထက်အရပ်ရှိ အသင်းတော်တွင် သာ၍ မြင့်မြတ်သော အမှုတော်အတွက် ပြင်ဆင်ပေးခြင်းငှါ အလိုရှိတော်မူ၏။ ကိုယ်တော်သည် ကျွန်ုပ်တို့အား ကြီးကျယ်သော အလုပ်ကြီး တစ်ခုကို ဆောင်ရွက်ရန် ပေးတော်မူပြီ။ ကျွန်ုပ်တို့က သစ္စာနှင့် ဆောင်ရွက်ကြစို့။ ဘုရားသခင်၏ ကျေးဇူးတော်သည် လူတို့တွင် မည်ကဲ့သို့ ပြုပြင်ပေးနိုင်ကြောင်း ကျွန်ုပ်တို့၏ အသက်တာ၌ ဖော်ပြကြစို့။18T 22, 23; CCB1 319.3