Go to full page →

ဥပုသ်စောင့်ခြင်းဖြင့် ရသော မင်္ဂလာများ CCB1 112

ဥပုသ်နေ့၌ ကောင်းကင်သား အပေါင်းတို့သည် စတုတ္ထပညတ်တော်၏ တောင်းဆိုချက်တို့ကို ဝန်ခံလျက် ဥပုသ်စောင့်သော သူတို့ကို စောင့်ကြည့်နေကြသည်ကို ကျွန်ုပ်တို့အား ဖော်ပြထား၏။ ကောင်းကင်တမန်များတို့သည် ဘုရားသခင် စီမံထားတော်မူသော ဤနေ့ကို စိတ်ဝင်စားခြင်း ရှိကြလျက် များစွာ ဂရုစိုက်ကြသည်။ စိတ်ထဲ၌ ဘုရားတရားကို အထူး ကြည်ညိုခြင်းဖြင့် ထာဝရဘုရားအဖို့ မိမိတို့၏ စိတ်နှလုံးကို သန့်ရှင်းစေကြလျက်၊ မိမိတို့၏ စွမ်းရည်သတ္တိ ရှိသမျှ ဥပုသ်စောင့်ရာ၌ သန့်ရှင်းသော အချိန်နာရီတို့ကို အသုံးချ၍ ဥပုသ်နေ့ကို ပျော်မွေ့ဖွယ်ရာနေ့ ဟု ခေါ်ခြင်းဖြင့် ဘုရားသခင်ကို ရိုသေကြသော ဤသူတို့အား ကောင်းကင်တမန်တို့က အလင်းတရားနှင့် လည်းကောင်း၊ ကျန်းမာခြင်းနှင့် လည်းကောင်း ကောင်းကြီးပေးပြီးလျှင်၊ ထူးခြားသော ခွန်အားကို သူတို့အား ပေး၏။ 192T 704, 705. CCB1 112.1

ကောင်းကင်ဘုံရှင်၏ ပညတ် အမိန့်တို့ကို ကြပ်တည်းစွာ လိုက်နာ စောင့်ရှောက်ခြင်းဖြင့် လောကီနှင့် ဆိုင်သော ကောင်းကြီးမင်္ဂလာများ နှင့်တကွ ဝိညာဉ်ရေးနှင့် ဆိုင်သော မင်္ဂလာများကိုလည်း ရရှိတတ်သည်။20P K 546. CCB1 112.2

ထိုသို့ ပြုသော သူ၊ အမြဲ စွဲလမ်းသော လူသားသည် ဥပုသ်နေ့ကို မရှုတ်ချ၊ စောင့်ရှောက်၍ ဒုစရိုက်ကို မပြုမည် အကြောင်း၊ မိမိ လက်ကို ချုပ်တည်းလျှင် မင်္ဂလာရှိ၏။ “ထာဝရဘုရားထံ၌ အမှုစောင့်ခြင်း၊ နာမတော်ကို ချစ်ခြင်း၊ ကျွန်တော်ရင်း ဖြစ်ခြင်းအလိုငှါ၊ ထာဝရဘုရား၌ မှီဝဲသော တစ်ပါးအမျိုးသားတို့ကို လည်းကောင်း၊ ဥပုသ်နေ့ကို မရှုတ်ချ၊ စောင့်ရှောက်၍ ငါ၏ ပဋိညာဉ်ကို စွဲလမ်းသော သူအပေါင်းတို့ကို လည်းကောင်း၊ ငါ၏ သန့်ရှင်းသော တောင်သို့ ငါဆောင်ခဲ့၍၊ ငါ၏ ပဋ္ဌနာအိမ်၌ ဝမ်းမြောက်စေမည်။” ဟေရှာယ၊ ၅၆: ၂၊ ၆၊ ၇။ 21G C 451. CCB1 112.3

ကောင်းကင် နှင့် မြေကြီးသည် တည်ရှိနေသမျှ ကာလပတ်လုံး၊ ဥပုသ်နေ့သည်လည်း ဖန်ဆင်းရှင်၏ တန်ခိုးကို ဖော်ပြသော လက္ခဏာ သက်သေ အဖြစ် တည်ရှိနေလိမ့်မည်။ ၎င်းပြင် မြေကြီးပေါ်၌ ဧဒင်ဥယျာဉ်သည် ပြန်၍ အသစ် တည်လာပြန်သောအခါ၊ နေ အောက်၌ ရှိသမျှသော သူအပေါင်းတို့ CCB1 112.4

သည် ဘုရားသခင် သန့်ရှင်းသော ငြိမ်ဝပ်ရာနေ့ကို ရိုသေ ချီးမြှောက်ကြလိမ့်မည်။ ဘုန်းတန်ခိုးနှင့် ပြည့်စုံသော မြေကြီးသစ်မှ လူသတ္တဝါ အပေါင်းတို့သည် “ငါ့ ရှေ့မှာ ကိုးကွယ်ခြင်းငှါ …. ဥပုသ်နေ့ အစဉ်အတိုင်း လာကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။” 22DA 283. CCB1 113.1