Go to full page →

ဘုရားသခင်အား ပြုသော ဂတိသစ္စာသည စည်းနှောင်ထား၍ သန့်ရှင်း၏။ CCB1 168

လူတိုင်းသည် မိမိအတွက် ရာပြတ် ဖြစ်၍ မိမိ၏ စိတ်ထဲ၌ ကြံစည်းထားသည်အတိုင်း ပေးလှူနိုင်သည်။ ဆယ်ဖို့တစ်ဖို့ ပေးခြင်း စည်းကမ်း၌ ဘုရားသခင် တောင်းတော်မူသော အဖို့ကို မပေးဘဲ နေလျှင်၊ ညီအစ်ကိုတို့သည် ဘယ်အခါမျှ သိမည် မဟုတ်ဟု ထင်မှတ်ကြလျက်၊ အာနာနိ နှင့် ရှဖိရေတို့၏ အပြစ်မျိုးကို ကျူးလွန်နေသော သူများ ရှိကြသည်။ ထိုအတူ အပြစ်သင့်သော ထိုလူ နှစ်ဦးသည် ထင်မှတ်ကြလျက် ကျွန်ုပ်တို့အဖို့ သတိပေးသော ပုံသက်သေ ဖြစ်၏။ ဤကိစ္စ၌ ဘုရားသည် စိတ်နှလုံးကို စစ်ဆေးတော်မူကြောင်း ဖော်ပြ၏။ လူ၏ အကြံအစည်၊ စိတ်ဆန္ဒကို ဘုရားသခင်ထံတော်မှ ဝှက်မထားနိုင်။ လူတို့၏ စိတ်ထဲ၌ အစဉ်သဖြင့် ပြုလေ့ရှိသော အပြစ်ကို ရှောင်ကြဉ်ရန် ဘုရားသခင်သည် ခရစ်ယာန်တို့အား အမြဲ သတိပေးလျက် ပုံသက်သေကို ပြထားတော်မူပြီ။ CCB1 168.1

ညီအစ်ကို မောင်နှမတို့ ရှေ့တွင် ငွေ အချို့ကို ပေးလှူရန် နှုတ်ဖြင့် လည်းကောင်း၊ စာရွက်ဖြင့် လည်းကောင်း ဂတိသစ္စာပြုသောအခါ၊ ဘုရားသခင် နှင့် ကျွန်ုပ်တို့ စပ်ကြား ပြုလုပ်သော စာချုပ်တို့သည် မျက်မြင်သက်သေ ဖြစ်ကြသည်။ ဂတိသစ္စာမှာ လူနှင့် ပြုသည် မဟုတ်ဘဲ၊ ဘုရားသခင် နှင့် ပြုခြင်း ဖြစ်၍ အိမ်နီးချင်းအား ရေးပေးထားသော စာရွက်ကလေးကဲ့သို့ ဖြစ်၏။ ငွေပေးဖို့ရန်အတွက် ဘုရားသခင်အား ဂတိသစ္စာပြုခြင်းထက် အဘယ် စာချုပ်စာတမ်းမျှ ခရစ်ယာန် အပေါ်၌ သာ၍ ခိုင်မြဲစွာ ချည်နှောင်နေသည် မဟုတ်။ CCB1 168.2

မိမိတို့ လူအချင်းချင်းအား ထိုသို့ ဂတိသစ္စာပြုထားသော သူတို့သည် မိမိတို့ ဂတိကို ပယ်ဖျက်ဖို့ အများအားဖြင့် စဉ်းစားကြသည် မဟုတ်။ အလုံးစုံတို့ကို ကျေးဇူးပြုတော်မူသော အရှင်ဘုရားသခင်အား ပြုသော ဂတိသစ္စာသည် သာ၍ အရေးကြီးသေး၏။ ထိုကြောင့် အဘယ်ကြောင့် ဘုရားသခင်အား ကျွန်ုပ်တို့ ပြုသော ဂတိသစ္စာကို ပယ်ဖျက်ရန် ကြံစည်ကြသလဲ။ ဘုရားသခင်အား ဂတိထားသောကြောင့်၊ ထိုဂတိသည် အနည်းငယ်သာ ချည်နှောင်ခြင်း ရှိသည်ဟု လူသည် ထင်မှတ်ရမည်လော။ သူ၏ ဂတိသစ္စာကို တရားရုံး၌ စစ်ဆေးခြင်းပြုမည် မဟုတ်သောကြောင့်၊ ၎င်းသည် ခိုင်လုံခြင်း မရှိလှဟု ထင်မှတ်သလော။ အကန့်အသတ် မရှိ ပူဇော်သော သခင်ယေရှုခရစ်၏ အသွေးတော်အားဖြင့် ကယ်ဆယ်ခြင်း ခံရသည်ဟု ဆိုသော လူသည် ဘုရားသခင်၏ ဥစ္စာကို လုယူရမည်လော။ သူ၏ ဂတိ နှင့် အပြုအမူများကို ကောင်းကင် တရားရုံးတော်၌ တရားသဖြင့် ချိန်ခွင်၌ ချိန်စက်ခြင်းကို ပြုသည် မဟုတ်လော။ CCB1 168.3

အသင်းသား အသီးအသီးတို့၏ ဂတိဝန်ခံချက်များအတွက် အသင်းတော်၌ တာဝန်ရှိသည်။ ညီအစ်ကို တစ်ယောက်သည် မိမိ၏ ဂတိကို တည်စေရန် သတိမပြုဘဲ နေသည်ကို မြင်လျှင် သူတို့သည် သူအား ကြင်နာစွာ ထင်ထင်ရှားရှား အကြံဉာဏ်ပေးလျက် တောင်းပန် ပြောဆိုရမည်။ သူသည် မိမိ၏ ဂတိအတိုင်း ပေးနိုင်ဖို့ ခဲယဉ်းနေသော အခြေအနေ၌ ရှိ၍ သူသည် ကောင်းသော အသင်းသား ဖြစ်လျက် စေတနာ ရှိတတ်သော သူ ဖြစ်လျှင်၊ အသင်းတော်သည် သူ့ကို ကြင်နာခြင်းနှင့် မစကူညီရမည်။ ထိုသို့အားဖြင့် သူတို့သည် အခက်အခဲကို အောင်မြင်၍ မိမိတို့ ကိုယ်တိုင်သည်လည်း ကောင်းကြီးမင်္ဂလာကို ရရှိကြနိုင်သည်။ 224T 469-476; CCB1 169.1