Go to full page →

အမှားကို ပြန့်ပွားစေသော သူအဖို့ အကြံဉာဏ်။ CCB1 215

မိမိတို့ သဘောအတိုင်း သတင်းစကား တစ်စုံတစ်ခုကို ကြွေးကြော်ရန် အစပြုသော သူ၊ ဘုရားသခင်က သွန်သင် လမ်းပြတော်မူသည်ဟု ပြောဆိုနေလျက် နှစ်ပေါင်းများစွာ ဘုရားသခင် တည်ဆောက်နေတော်မူသော အရာကို ဖြိုဖျက်ရန် အထူး ကြိုးစားနေသေးသော သူတို့သည် ဘုရားသခင်၏ အလိုတော်ကို လိုက်နာနေကြသော သူများ မဟုတ်ကြချေ။ ဤသူများတို့သည် ကြီးစွာ လှည့်စားသော မာရ်နတ် ဘက်၌ ရှိနေကြသည်ကို သိရှိကြပါ။ သူတို့ကို မယုံကြည်နှင့်။ CCB1 215.2

ဥစ္စာဘဏ္ဍာ နှင့် အစွမ်းသတ္တိ၏ ဘဏ္ဍာစိုးများ အဖြစ် ခန့်အပ်ထားခြင်း ခံရသည် အလျောက်၊ သင်သည် အမှားကို ပြန့်ပွားစေခြင်းဖြင့် သခင်ဘုရား၏ ဥစ္စာများကို အလွဲအသုံးပြုနေပြီ။ ဘုရားသခင်၏ တရားတော်ကို စောင့်ရှောက် ဖို့ တာဝန်ရှိကြောင်းကို ကြွေးကြော်သော သူတို့ကို လောက တစ်ခုလုံးက မုန်းလျက်နေသဖြင့်၊ ထာဝရဘုရား ဘက်၌ သစ္စာရှိသော အသင်းတော်သည် ရိုးရိုး မဟုတ်သော စစ်ပွဲကို တိုက်ခိုက်ရလိမ့်မည်။ “ငါတို့သည် အသွေးအသား ရှိသော ရန်သူတို့နှင့် ဆိုင်ပြိုင် တိုက်လှန်ရကြသည် မဟုတ်။ အထွဋ်အမြတ်တို့နှင့် လည်းကောင်း၊ အာဏာစက်တို့နှင့် လည်းကောင်း၊ လောကီ မှောင်မိုက်၌ အစိုးတရ ပြုတတ်သော မင်းတို့နှင့် လည်းကောင်း၊ မိုးကောင်းကင်၌ နေသော နတ်ဆိုးတို့နှင့် လည်းကောင်း၊ ဆိုင်ပြိုင်တိုက်လှန်ရကြ၏။” ဧဖက်၊ ၆: ၁၂။ ဤစစ်ပွဲသည် အဘယ်သို့ ဆိုလိုသည်ကို သိရှိနားလည်သော သူတို့သည် အသင်းတော်ကို ပြန်၍ မတိုက်ခိုက်ဘဲ၊ အစွမ်းသတ္တိ ရှိသမျှ ဘုရားသခင်၏ လူများနှင့် အတူတကွ နတ်ဆိုး၏ အပေါင်းအသင်းတို့ကို ဆိုင်ပြိုင် တိုက်လှန်ကြလိမ့်မည်။102TT 356, 357. CCB1 215.3