Go to full page →

ချက်ပြုတ်ခြင်း နည်းနာများ။ CCB2 237

ချက်ပြုတ် ပြင်ဆင်ခြင်းသည် အတတ်ပညာ တစ်ခု ဖြစ်၍ လက်တွေ့ အသက်တာ၌ အလွန် လိုအပ်သော အရာ တစ်ခု ဖြစ်၏။ ၎င်းသည် မိန်းမများ အားလုံး တတ်သိ ကျွမ်းကျင်အပ်သော ပညာ တစ်ခု ဖြစ်၍ ဆင်းရဲသော လူစားမျိုးတို့ကိုလည်း အကျိုး ခံစားစေဖို့ သင်ပြပေးအပ်သည်၊ ခံတွင်းတွေ့၍ တစ်ချိန်တည်း၌ပင် ရိုးရိုး နှင့် အာဟာရ ဖြစ်စေအောင် အစားအသောက်ကို ပြင်ဆင် ချက်ပြုတ်ရာ၌ ကျွမ်းကျင်မှုကို လိုပေသည်။ သို့ရာတွင် ၎င်းကို ပြုလုပ်နိုင်ပေသည်။ ချက်ပြုတ်သော သူတို့သည် ရိုးရိုး အစားအစာကို ရိုး၍ ကျန်းမာစေသော နည်းဖြင့် မည်ကဲ့သို့ ချက်ပြုတ် ပြင်ဆင်ရမည်ကို သိရှိအပ်သည်။ ၎င်းပြင် ထိုသို့အားဖြင့် ၎င်းကို ရိုးရိုး ပြင်ဆင်ခြင်းကြောင့်၊ သာ၍ အရသာနှင့် ပြည့်စုံလျက် သာ၍ သင့်တော် ကျန်းမာစေ၏။ 4MH 302, 303; CCB2 237.5

ကျွန်ုပ်တို့၏ အစားအသောက်တွင် ရိုးရိုး ပြင်ဆင်ချက်ပြုတ်ရာတွင် တိုး၍ သိရှိနားလည်လာကြပါစေ။ ဘုရားသခင် စီမံထားတော်မူရာ၌ အရပ်ရပ်တိုင်းတွင်၊ ကိုယ်ခန္ဓာ တစ်ခုလုံးကို တည်ဆောက် ပြုပြင်ရန် လိုအပ်သော အာဟာရကို ပါရှိစေသော စားစရာများကို ရရှိနိုင်ကြသည်။ ဤ အရာတို့ကို ကျန်းမာစေလျက် ခံတွင်းတွေ့စေသော ဟင်းများ ဖြစ်လာအောင် ပြုလုပ်နိုင်သည်။5CD 94; CCB2 238.1

ဤ အမှုသည် တာဝန် တစ်ခု ဖြစ်သည်ကို အများသော သူတို့သည် မထင်မှတ်ကြ။ ထိုကြောင့် သူတို့သည် အစားအသောက်တို့ကို သင့်တော်စွာ ပြင်ဆင် ချက်ပြုတ်ရန် ကြိုးစားခြင်း မရှိကြ။ ဝက်ဆီ၊ ထောပတ် သို့မဟုတ် အသားများကို မသုံးဘဲ၊ ဤ တာဝန်ကို ရိုးရိုး နှင့် လွယ်ကူသော နည်းဖြင့် ကျန်းမာစေရန် ပြုလုပ်နိုင်သည်၊ ဤသို့ ပြုရန် အမျိုးသမီးတို့သည် နည်းနာများကို ဖတ်ပြီးလျှင်၊ ဖတ်သည်အတိုင်း သည်းခံခြင်းနှင့် လက်တွေ့ လုပ်ကိုင်ကြည့်ရကြမည်။61T 681; CCB2 238.2

သစ်သီးမျိုး၊ စပါးမျိုး နှင့် ဟင်းသီး ဟင်းရွက်တို့ကို ပူစပ်သော ဟင်းခပ် အမွှေးအကြိုင် နှင့် အမဲဆီ အမျိုးမျိုး မပါဘဲ၊ နွားနို့ သို့မဟုတ် မလိုင်တို့နှင့် ပြင်ဆင်ချက်ပြုတ်လျှင် အလွန် ကျန်းမာစေသော အစားအသောက်မျိုးကို ရနိုင်သည်။7CH 115; CCB2 238.3

အမဲဆီ ဆိုရာ၌ တိရိစ္ဆာန်တို့မှ ရသော အဆီများကို ဆိုလိုသည်။ မမဝှိုက်က သံလွင်သီး အဆီကို ထောပတ် နှင့် အခြား တိရိစ္ဆာန်တို့၏ အဆီ အစား အကျိုးဖြစ်ထွန်းအောင် အသုံးပြုနိုင်ကြောင်း ဖော်ပြထားရာ၌၊ အစားအသောက်တွင် အဆီ ပါရှိအပ်ကြောင်း၊ ဟင်းသီး ဟင်းရွက်တို့မှ ထုတ်နှုတ်ထားသော အရာကို မှန်ကန်စွာ အသုံးပြုသင့်ကြောင့် ထင်ရှားစေ၏။ CCB2 238.4

အမဲဆီများ မပါဘဲ၊ စပါးမျိုး နှင့် သစ်သီးမျိုးတို့ကို သဘာဝကျကျ ဖြစ်နိုင်သမျှ ဖြစ်အောင် ပြင်ဆင် ချက်ပြုတ်ထားသော အစားအသောက်တို့သည် ကောင်းကင်သို့ ကိုယ်ခန္ဓာ ပြောင်းလဲ၍ ဝင်စားခွင့် ရရှိရန် ပြင်ဆင်နေသည် ဆိုသော သူ အပေါင်းတို့၏ ထမင်းစားပွဲအတွက် သင့်တော်သော ထမင်းဟင်းများ ဖြစ်ရမည်။82T 352; CCB2 239.1

အများအားဖြင့် အစားအသောက်တွင် သကြားကို အလွန်အမင် သုံးစွဲတတ်ကြသည်။ ကိတ်မုန့် ချိုသော ပူတင်းမုန့် ဋ္ဌာပနာမုန့် ယိုအမျိုးမျိုးတို့သည် အစာမကြေသော ရောဂါကို များစွာ ဖြစ်တတ်သည်။ အထူးသဖြင့် နွားနို့၊ သကြား နှင့် ကြက်ဥများ ပါရှိသော ပူတင်းမုန့်မှ စသော မုန့်မျိုးတို့သည် ဘေးဥပဒ် ဖြစ်စေတတ်သည်။ သကြား များစွာ ရောထားသော နွားနို့ကို များစွာ သောက်ပေးခြင်း မပြုအပ်၊ ရှောင်ရမည်။9MH 302; CCB2 239.2

အစားအစာများကို ပြင်ဆင်ရာတွင် သကြားကို လျော့၍ သုံးလျှင်၊ ပူအိုက်သော ရာသီကြောင့် ခံစားရသော ဝေဒနာမှ သာ၍ သက်သာလာလိမ့်မည်။10CD 95; CCB2 239.3

နွားနို့ကို သုံးလျှင်၊ ၎င်းတွင် ပါရှိတတ်သော ပိုးမွှားများ သေအောင် ကြာကြာ ကြိုချက်ရမည်။ ဤကဲ့သို့ ပြုလုပ်ခြင်းဖြင့် ၎င်းကို အသုံးပြုခြင်းကြောင့် ရရှိ ကူးစက်တတ်သော ရောဂါများမှ ကင်းလွတ်နိုင်သည်။11MH 302; CCB2 239.4

နွားနို့ကို သုံးရာ၌ စိတ်မချရသော အချိန် ရောက်လာတတ်သည်။ သို့ရာတွင် နွားမသည် ကျန်းမာ၍ နို့ကို သေချာစွာ ကြာကြာ ချက်ကြိုလျှင်၊ ဒုက္ခရောက်စရာ အကြောင်း မရှိနိုင်ချေ။12CD 357; CCB2 239.5