Go to full page →

အခန်း ၅၂။—လူ နှင့် ဘုရားသခင်၏ ဆက်သွယ်မှုကို သန့်ရှင်းကြည်လင်စွာ ထားပါ။ CCB2 273

ကိုယ်ခန္ဓာ တစ်ခုလုံး၏ အကြောစုများနှင့် ဆက်သွယ်နေသော ဦးနှောက် အာရုံကြောများအားဖြင့်သာ၊ ကောင်းကင်ဘုံရှင်သည် လူနှင့် ဆက်သွယ်နိုင်လျက် ၎င်းတို့သည် လူ၏ အတွင်းအကျဆုံး အသက်တာကို အကျိုး ဖြစ်စေနိုင်သော လမ်းကြောင်းများ ဖြစ်ပေသည်။ အာရုံကြောစုတွင် လျှပ်စစ်အင်အား သွားလာမှုကို နှောင့်ယှက်စေသော အရာသည် အသက်ရှင်စေသော သတ္တိများ၏ စွမ်းအားကို နည်းပါးသွားစေလျက် စိတ်၏ အာရုံများကို ထုံထိုင်း ပျက်စီးသွားစေရာသော အကြောင်း ဖြစ်သည်။12T 347; CCB2 273.1

အဘယ်အရာမျိုး၌ မဆို ချုပ်တည်းခြင်း ကင်းမဲ့လျက် လွန်ကျူးစွာ ပြုမှုသည် အဖျားကျသော အင်္ဂါတို့ကို ထုံထိုင်းစေသဖြင့်၊ ဦးနှောက် အာရုံကြော တန်ခိုးကို အားနည်းစေလာသောကြောင့်၊ ထာဝရကာလနှင့် ဆိုင်သော အရာများကို နှစ်သက်ခြင်း ရှိမလာဘဲ၊ ၎င်းတို့ကို သာမည အရာများနှင့် တန်းတူ သဘောထားလာကြ၏။ CCB2 273.2

မြင့်မြတ်သော ရည်ရွယ်ချက်များအတွက် စီမံကြံစည်ထားသော စိတ်၏ သာ၍ မြင့်မြတ်သော သတ္တိများသည် ယုတ်ညံ့သော တပ်မက်ခြင်း၏ ကျွန် အဖြစ်သို့ ရောက်ရှိသွားရကြ၏။ ကျွန်ုပ်တို့၏ ကာယ အကျင့်ဓလေ့တို့သည် မှန်ကန်ခြင်း မရှိပါက၊ ကျွန်ုပ်တို့၏ ဉာဏ်သတ္တိ နှင့် စာရိတ္တမဏ္ဍိုင်တို့သည် ခိုင်ခံ့ခြင်း မရှိနိုင်၊ အကြောင်းကား၊ ကာယ နှင့် စာရိတ္တအကျင့်တို့သည် တစ်ခု အပေါ် တစ်ခု အကြီးအကျယ် ထောက်ထား ဆက်သွယ်မှု ရှိသောကြောင့်တည်း။23T 50, 51; CCB2 273.3

လူသတ္တဝါ အိမ်ထောင်ကြီးသည် ဒုက္ခဆင်းရဲခြင်း နှင့် စိတ်ဆင်းရဲမှုတို့တွင် သာ၍ သာ၍ နက်စွာ နစ်မြှပ်နေသည်ကို မြင်ရသည်ကို စာတန်သည် အလွန် ရွှင်မြူးလျက် ရှိ၏။ မှားသော အကျင့်ဓလေ့များ နှင့် မကျန်းမာသော ကိုယ်ခန္ဓာများ ရှိသော သူများသည် ကျန်းမာ ကောင်းမွန်သော သူများလောက် ဘုရားသခင်ကို အလွန် စိတ်အားထက်သန်စွာနှင့် လည်းကောင်း၊ ကြိုးစားအားထုတ်ခြင်း နှင့် CCB2 273.4

လည်းကောင်း၊ သန့်ရှင်းစင်ကြယ်ခြင်းနှင့် လည်းကောင်း မကိုးကွယ်နိုင်သည်ကို စာတန်သည် သိရှိ၏။ ရောဂါစွဲနေသော ကိုယ်ခန္ဓာသည် ဦးနှောက်ကို ထိခိုက်စေတတ်၏။ ကျွန်ုပ်တို့သည် ဘုရားသခင်ကို စိတ်နှင့် ကိုးကွယ်ရကြ၏။ ဦးခေါင်းသည် ကိုယ်ကာယ၏ ဗဟို ဖြစ်၏။ မိမိတို့ ကိုယ်တိုင် နှင့် အချင်းချင်းကို ဖျက်ဆီးသော အကျင့်ဓလေ့များတွင် လိုက်စားစေရန် သွေးဆောင်ခြင်းဖြင့် မိမိ ပြုလုပ်နေသော ပျက်စီးခြင်း လုပ်ငန်းတွင် စာတန်သည် အားရ ဝမ်းမြောက်လျက် ရှိ၏။ အကြောင်းကား ဤ နည်းအားဖြင့် သူသည် ဘုရားသခင်အား ပြုအပ်သော ကိုးကွယ် ဝတ်ပြုခြင်း အမှုကို ဘုရားသခင်ထံမှ လုယူနေလေပြီ။ CCB2 274.1

စာတန်သည် လူမျိုးအား မိမိ၏ လက်အောက်သို့ ရောက်ရှိလာစေရန် အမြဲ သတိပြုလျက် နေ၏။ လူတို့ အပေါ်၌ အခိုင်ခံ့ဆုံး စွဲကိုင်ထားသော အမှုမှာအစားအသောက်၌ မက်မောခြင်းအားဖြင့် ဖြစ်၍၊ ထိုသို့အားဖြင့် တတ်နိုင်သော နည်း အမျိုးမျိုးဖြင့် လှုံ့ဆော်ရန် ကြိုးစား၏။3Te 13, 14; CCB2 274.2