Go to full page →

မူးယစ် ထုံထိုင်းစေသော ဆေးများကို သုံးဆောင်ခြင်း။ CCB2 282

များစွာသော ရောဂါဝေဒနာများ နှင့် သာ၍ ပြင်းထန်သော အန္တရာယ်များကိုပင် ဖြစ်လာစေရန် အခြေအမြစ် ချပေးနေသော အကျင့်ဓလေ့ တစ်ခုကား အဆိပ်အတောက် ဖြစ်စေ၍ မူးယစ် ထုံထိုင်းစေသော ဆေးတို့ကို အများအပြား သုံးဆောင်ခြင်းတည်း။ ရောဂါဝေဒနာ ခံစားနေရကြသောအခါ၊ မိမိ ရောဂါ၏ အကြောင်းရင်းကို အများသော သူတို့သည် ရှာဖွေ စူးစမ်းလိုသော စိတ် မရှိကြချေ။ သူတို့ အကြီးအကျယ် ပူပန် စိုးရိမ်နေသည်မှာ ဝေဒနာ နှင့် မသက်သာမှုကို ပယ်ရှားရန် အကြောင်း ဖြစ်သည်။ CCB2 282.3

အဆိပ်အတောက် ဖြစ်စေသော ဆေးတို့ကို သုံးဆောင်ခြင်းဖြင့် အများသော သူတို့သည် မိမိတို့ ကိုယ်၌ ကြာရှည်စွာ အနာရောဂါကို စွဲကပ်စေကြ၏။ ၎င်းပြင် သဘာဝ ကုသနည်းများကို အသုံးပြုခြင်းဖြင့် အသက်ချမ်းသာ ရနိုင် သော သူအများပင် အသက်ဆုံးရှုံးရကြလေပြီ။ ဆေးဝါးဟု ခေါ်ဆိုနေသော အရာ များစွာတို့တွင် ပါရှိသော အဆိပ်အတောက်တို့သည် ဝိညာဉ် နှင့် ကိုယ်ခန္ဓာကို ဖျက်ဆီးတတ်သော အလေ့ နှင့် မက်မောခြင်းကို ဖန်တီးပေးလိမ့်မည်။ အများသုံး မှတ်ပုံတင်ပြီး ဆေးဝါးများဟု ခေါ်ဆိုသော ဖေါ်စပ်နည်း လျှို့ဝှက်ထားသော ဆေးအများ နှင့် ဆရာဝန်များက ပေးသော ဆေး အချို့တို့ပင် အရက်သောက်သော အကျင့်၊ ဘိန်းစားခြင်း အကျင့်၊ မော်ဖီးယားထိုးခြင်း အကျင့်တို့ကို ဖြစ်လာစေရန် တစ်ပိုင်းတစ်စ လမ်းခင်းပေးတတ်ရာ၊ ၎င်းတို့သည် လူ အဖွဲ့အစည်းတို့အဖို့ ပြင်းထန်သော ဒုက္ခဆင်းရဲခြင်းကို သက်ရောက်စေတတ်၏။20MH 126, 127; CCB2 282.4

အများ အသုံးပြုကြသော ဆေးဝါးဖြင့် ကုသနည်းသည် ဒုက္ခရောက်စရာ အကြောင်း တစ်ခု ဖြစ်၏။ ဆေးဝါး သုံးဆောင်ခြင်းကို ရှောင်ကြဉ်ရန် သွန်သင် လမ်းပြပေးပါ။ ၎င်းတို့ကို တစ်ဖြည်းဖြည်း လျော့၍ သုံးဆောင်လျက် ကျန်းမာခြင်းကို ဖြစ်စေရာသော သဘာဝ ကုသနည်းများကို သာ၍ အားကိုးပါ။ ထိုအခါ ဘုရားသခင်၏ သမားတော်ကြီးများ တည်းဟူသော သန့်ရှင်းသော လေ၊ သန့်ရှင်းသော ရေ၊ သင့်တော်သော ကိုယ်လက် လှုပ်ရှားမှု ပရိစယ နှင့် ကြည်လင် သန့်ရှင်းသော သြတ္တပ္ပစိတ်တို့အားဖြင့် သဘာဝအလျောက် ကျန်းမာခြင်းကို ရရှိလိမ့်မည်။ လက်ဖက်ရန်၊ ကော်ဖီ နှင့် အသားများကို သုံးဆောင်နေသူတို့သည် ဆေးဝါးကို လိုသည်ဟု ထင်ကြလိမ့်မည်၊ သို့ရာတွင် အများသော သူတို့သည် ကျန်းမာရေး စည်းကမ်း ဥပဒေများကို လိုက်နာ ကျင့်သုံးကြလျှင်၊ ဆေးဝါး တစ်ရွေးသားမျှ မသုံးရဘဲ ပြန်၍ ကျန်းမာ ချမ်းသာလာနိုင်ကြသည်။ ဆေးဝါးကို အသုံးပြုဖို့ မလိုလှချေ။21CH 261; CCB2 283.1