Go to full page →

ကျမ်းကျိန်ခြင်း။ CCB2 325

ကျမ်းကျိန်ဆိုခြင်းနှင့် သက်ဆိုင်၍ ဘုရားသခင်၏ သားသမီး အချို့တို့သည် အမှား တစ်ခုကို ပြုလုပ်နေကြ၍၊ စာတန်သည် သူတို့အား ညှဉ်းဆဲရန် ဤ အမှု၌ အခွင့်အရေးယူလျက် သူတို့ထံမှ သူတို့ သခင်ဘုရား၏ ငွေများကို ယူနေသည်ကို ကျွန်ုပ် မြင်ရ၏။ “ကျိန်ဆိုခြင်းကို အလျှင်းမပြုရ။” ဟူသော ကျွန်ုပ်တို့ သခင်ဘုရား၏ စကားများသည် တၕရားရုံးတော်၏ ကျမ်းကျိန်ခြင်းနှင့် မစပ်ဆိုင်သည်ကို ကျွန်ုပ် မြင်ရ၏။ “သင်၏ စကားသည် ဟုတ်သည်ကို အဟုတ်၊ မဟုတ်သည်ကို မဟုတ် ဖြစ်စေကြလော့။ ဤထက်လွန်သော စကားသည် မကောင်းသော အရာနှင့် စပ်ဆိုင်ပေသည်။” မ၊ ၅: ၃၄၊ ၃၇။ ဤ အချက်သည် ပြောဆိုနေကျ စကားများနှင့် သက်ဆိုင်၏။ အချို့တို့သည် မိမိတို့၏ စကားများကို အကျယ်ချဲ့၍ ပြောတတ်ကြသည်။ အချို့တို့သည် မိမိတို့၏ အသက်ကို တိုင်တည်၍ ကျိန်ဆိုတတ်ကြ၏။ အခြားသူတို့ကား၊ အသက်ရှင်နေရသည်ကို သေချာသလောက်၊ မိမိတို့၌ ခေါင်းရှိနေသည်ကို သေချာသလောက် - မိမိတို့၏ ခေါင်းကို တိုင်တည်၍ ကျိန်ဆိုကြ၏။ မိမိတို့ ပြောသော အရာတို့သည် အဟုတ်အမှန် ဖြစ်ကြောင်း ကောင်းကင် နှင့် မြေကြီးကို တိုင်တည်၍ ကျိန်ဆိုကြ၏။ မိမိတို့ ပြောဆိုနေသော အရာသည် မမှန်ခဲ့လျှင်၊ ဘုရားသခင်သည် သူတို့ကို ရှင်းရှင်း ပယ်ရှားတော်မူမည်ဟု မျှော်လင့်တတ်ကြ၏။ သခင်ယေရှုက မိမိ၏ တပည့်တော်တို့အား ရှောင်ကြဉ်ရန် သတိပေးသော ကျိန်ဆိုခြင်းမှာ ဤကဲ့သို့ ရိုးရိုး ကျိန်ဆိုခြင်း ဖြစ်သည်။ CCB2 325.1

ထာဝရဘုရားသည် တိုင်းပြည်၏ တရားဥပဒေများနှင့် တစ်စုံတစ်ခု ပြုလုပ်စရာ ရှိတော်မူသည်ကို ကျွန်ုပ် မြင်ရ၏။ သခင်ယေရှုသည် သန့်ရှင်းရာ ဋ္ဌာနတွင် ရှိနေတော်မူစဉ်၊ ဘုရားသခင်၏ တားဆီးတော်မူသော ဝိညာဉ်တော်၏ ပြုမူခြင်းကို မင်းများ နှင့် လူများတို့သည် ခံရကြ၏၊ သို့ရာတွင် စာတန်သည် လော က၏ လူထုကြီးကို အလွန် ကျယ်ဝန်းစွာ စိုးမိုးထားသဖြင့်၊ တိုင်းပြည်၏ ဥပဒေများ မရှိခဲ့လျှင်၊ ကျွန်ုပ်တို့သည် များစွာ ဒုက္ခဆင်းရဲခြင်း တွေ့ကြုံရကြလိမ့်မည်။ အကယ်ပင် လိုသေး၍ သူတို့သည် တရားသော နည်းအတိုင်း သက်သေခံဖို့ ခေါ်ဆောင်ခြင်း ခံရကြသောအခါ၊ သူတို့ ပြောဆိုသော စကားများသည် အမှန် ဖြစ်သည်၊ အကယ်စင်စစ် အမှန်ပင် ဖြစ်သည်ကို သက်သေခံရန် ဘုရားသခင်ကို တိုင်တည်၍ ကျိန်ဆိုခြင်းမှာ ဘုရားသခင်၏ သားသမီးတို့အတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လွန်ကျူးခြင်း မဟုတ်ဟု ကျွန်ုပ်အား ဖော်ပြထား၏။ CCB2 325.2

ကျိန်ဆိုခြင်းဖြင့် ခိုင်မာစွာ သက်သေခံနိုင်သော သူ တစ်စုံတစ်ယောက်သည် မြေကြီးပေါ်၌ ရှိပါလျှင်၊ ထိုသူသည် ခရစ်ယာန် ဖြစ်သည်ကို ကျွန်ုပ် မြင်ရ၏။ သူသည် ဘုရားသခင်၏ မျက်နှာတော် အလင်းတွင် အသက်ရှင်လျက် ရှိ၏။ သူသည် ဘုရားသခင်၏ ခွန်အားတွင် ခိုင်ခံ့လာ၏။ ၎င်းပြင် အရေးကြီးသော ကိစ္စများကို တရားဥပဒေအတိုင်း ဆုံးဖြတ်ရမည် ဖြစ်သောအခါ၊ ခရစ်ယာန်လောက် မည်သူမျှ ဘုရားသခင်အား အလွန် ကောင်းမွန်စွာ အသနားခံနိုင်သော သူ မရှိချေ။ ဘုရားသခင်သည် မိမိ ကိုယ်တော်တိုင်အားဖြင့် ကျိန်ဆိုခြင်းကို ပြုတော်မူသည်ကို ကြည့်ရှုမှတ်သားရန် ကျွန်ုပ်အား ကောင်းကင်တမန်က ပြောဆိုမှာထား၏။71T 201-203; CCB2 326.1