Go to full page →

သင်တို့ကို အဖိုးနှင့် ဝယ်တော်မူ၏။ CCB2 58

ညံ့သော တပ်မက်ခြင်း သဘောတို့သည် ကိုယ်ကာယ၌ ရှိကြ၍ ၎င်းအားဖြင့် ၎င်းတို့ကို အသုံးပြု၏။ ဇာတိပကတိ၊ ကာယ နှင့် ဆိုင်သော၊ ဇာတိပကတိ တပ်မက်ခြင်း ဆိုသော စကားများသည် ယုတ်ညံ့၍ ပျက်စီးခြင်း သဘောကို ထင်ရှားစေကြ၏။ ဇာတိပကတိ သို့မဟုတ် ကာယ ကိုယ်တိုင်သည် ဘုရားသခင်၏ အလိုတော်နှင့် ဆန့်ကျင်ဖက် မပြုလုပ်နိုင်။ ကျွန်ုပ်တို့သည် စွဲလမ်းသော အရာများ၊ တပ်မက်သော အရာများ နှင့်တကွ ကိုယ်ကာယကို လက်ဝါးကပ်တိုင်၌ ရိုက်ထားစေခြင်းငှါ၊ ကျွန်ုပ်တို့အား အမိန့်ပေးထားတော်မူ၏။ ကျွန်ုပ်တို့သည် ကိုယ်ကာယ၌ ဝေဒနာကို သက်ရောက်စေရမည်လော။ ထိုသို့ မပြုရ။ အပြစ်ပြုဖို့ရန် လိုက်ပါတတ်သော သဘောကို သေစေရမည်။ ပျက်စီးစေတတ်သော အကြံအစည်ကို ပယ်ရှားရမည်။ အကြံအစည်တိုင်းကို သခင်ယေရှုထံတော်သို့ ပို့ဆောင်ရမည်။ တိရိစ္ဆာကဲ့သို့သော တပ်မက်ခြင်း စိတ် အပေါင်းကို ဝိညာဉ်၏ မြင့်မြတ်သော တန်ခိုးအောက်သို့ ရောက်အောင် နှိပ်ကွပ်ထားရမည်။ ဘုရားသခင်၏ မေတ္တာသည် အမြတ်ဆုံးသော အခြေအနေ၌ ကြီးစိုးနေရမည်။ သခင်ခရစ်တော်သည် ကွဲပြားခြင်း မရှိသော မိမိတို့၏ စိတ်ကို စိုးမိုးအုပ်ချုပ်နေရမည်။ ကျွန်ုပ်တို့၏ ကိုယ်ခန္ဓာကို ဘုရားသခင် ဝယ်ထားသော ဘဏ္ဍာကဲ့သို့ သဘောထားရမည်။ ကိုယ်ခန္ဓာ၏ အစိတ်အပိုင်း အင်္ဂါများသည် ဖြောင့်မတ်ခြင်း၏ တန်ဆာများ ဖြစ်လာရကြမည်။ 1AH 121-128 CCB2 58.1