Go to full page →

မိဘတို့၊ သင်တို့ သားသမီးတို့၏ ကယ်တင်ခြင်းအတွက အတူ လုပ်ဆောင်လော့။ CCB2 75

ဖခင် နှင့် မိခင်တို့သည် ကာထားသော အရာကို ပယ်ရှား၍ တစ်နေ့တာ၏ အလုပ်ကို ဘုရားသခင် မြင်သကဲ့သို့ သိမြင်လျက် အကန့်အသတ် မရှိသော မျက်စိတော်သည် တစ်ဦး၏ အလုပ် နှင့် အခြား တစ်ဦး၏ အလုပ်ကို မည်ကဲ့သို့ နှိုင်းယှည်ထားသည်ကို သိမြင်နိုင်ကြလျှင် သူတို့သည် ကောင်းကင်က ဖော်ပြသော အရာကို အံ့သြကြလိမ့်မည်။ ဖခင်သည် မိမိ၏ လုပ်ငန်းတို့ကို များစွာ မကြီးကျယ်လှဟု ထင်မြင်လိမ့်မည်။ မိခင်မူကား မိမိ၏ လုပ်ငန်းတို့ကို ရဲရင့်ခြင်း၊ အင်အားသတ္တိ၊ သတိပညာ၊ လုံ့လဝိရိယ၊ သည်းခံခြင်းတို့ဖြင့် ဆောင်ရွက်ရလိမ့်မည်။ ယခု သူမသည် ၎င်း၏ တန်ဖိုးကို သိရှိ၏။ ဖခင်သည် ပျက်စီး ပျောက်ကွယ်သွားတတ်သော အရာများနှင့် ပြုမူနေရစဉ်၊ မိခင်သည် ယခု ဘဝ သာမက၊ ထာဝရကာလအတွက် စိတ်သဘော နှင့် အကျင့်စာရိတ္တကို ပြုပြင်ပေးခြင်း အမှုကို ဆောင်ရွက်နေရ၏။ 4AH 233; CCB2 75.2

မိမိ၏ သားသမီးများအတွက် ဖခင် ပြုရသော တာဝန်ကို မိခင်အား ပြောင်းလွှဲမပေးနိုင်။ သူမသည် မိမိ၏ တာဝန်ကို ဆောင်ရွက်နေရလျှင်၊ ထိုတာဝန်သည် သူမအဖို့ လုံလောက်၏။ နှစ်ဦး နှစ်ဝ ပူးပေါင်း၍ လုပ်ဆောင်ခြင်းဖြင့်သာ ဘုရားသခင်က သူတို့အား ပေးအပ်ထားသော လုပ်ငန်းကို ဖခင် နှင့် မိခင်တို့သည် ပြီးမြောက်အောင် ဆောင်ရွက်နိုင်လိမ့်မည်။ CCB2 76.1

ဖခင်သည် သားသမီးများအား ဤ အသက်တာ နှင့် ထာဝရကာလအတွက် ပညာသင်ပေးခြင်း တာဝန်ကို မရှောင်အပ်ပေ။ သူသည် တာဝန်တွင် ပါဝင် ဆောင်ရွက်ရမည်။ ဖခင် နှင့် မိခင် နှစ်ဦးစလုံး၌ တာဝန် ရှိပေသည်။ သားသမီးတို့၌ ချစ်ခင်ခြင်း ရိုသေခြင်း သဘောများ ဖြစ်ပေါ်လာစေရန် တွေ့မြင်လိုလျှင်၊ မိဘတို့သည် မိမိတို့ အချင်းချင်း၌ ထိုသို့သော သဘောများကို ထင်ရှားစေရမည်။ CCB2 76.2

သားများ၏ ဖခင်သည် သားများနှင့် ရင်းနှီးစွာ ဆက်ဆံလျက်၊ မိမိ၏ သာ၍ ကြီးကျယ်သော ဗဟုသုတ၏ အကျိုးကျေးဇူးများကို ဖော်ပြပြီးလျှင် သူတို့ကို မိမိ စိတ်နှလုံးထဲ၌ စွဲလမ်းနေကြောင်း ရိုးသားကြင်နာစွာ သူတို့အား ပြောပြရမည်။ သူတို့၏ အကောင်းဆုံး အကျိုး၊ သူတို့၏ ပျော်ရွှင်ရေးအတွက် အမြဲ မျှော်မြင်လျက် ရှိသည်ကို သူတို့အား သိမြင်စေရမည်။ CCB2 76.3

အိမ်ထောင်တွင် သား ယောက်ျားကလေးများ ရှိသော သူသည် မည်သည့် အလုပ်ကို လုပ်ကိုင်ရသည့် အခါ ဖြစ်စေ၊ မိမိ၏ လက်ထဲ၌ အပ်နှံထားသော ဝိညာဉ်များကို ဘယ်အခါမျှ ဂရုမစိုက်ဘဲ မနေအပ်။ သူသည် ဤ သားများကို လောကထဲ၌ ဖြစ်ပေါ်လာစေခဲ့သဖြင့်၊ မိမိ တတ်နိုင်မျှ သူတို့အား မသန့်ရှင်းသော အပေါင်းအသင်း၊ ဆိုးသော အပေါင်းအဖော်တို့မှ ကင်းလွတ်စေရန် အပေါင်းအသင်း၊ ဆိုးသော အပေါင်းအဖော်တို့မှ ကင်းလွတ်စေရန် ပြုလုပ်ဖို့ မိမိ၌ ဘုရားအတွက် တာဝန် ရှိပေသည်။ သူ CCB2 76.4

သည် အငြိမ်မနေသော မိမိ၏ သားများကို မိခင်၏ လက်ထဲ၌ လုံးလုံး အပ်မထားသင့်ပေ။ ဤ အမှုသည် သူမအဖို့ အလွန် လေးသော တာဝန်ကြီး ဖြစ်သည်။ မိခင် နှင့် သားများ၏ အကောင်းဆုံး ကောင်းကျိုးအတွက် သူသည် ကိစ္စတို့ကို စီမံရမည်။ မိမိ၏ သားသမီးများကို သွန်သင်ဆုံးမရာ၌ ကိုယ်ကို ချုပ်တည်းဖို့ နှင့် ပညာရှိစွာ စီမံအုပ်ချုပ်ဖို့ မိခင်အတွက် အလွန် ခက်ခဲလိမ့်မည်။ ဤ ကိစ္စမျိုး ဖြစ်ခဲ့လျှင်၊ ဖခင်သည် တာဝန်ကို ပိုမို မိမိ ကိုယ်တိုင် ဆောင်ရွက်ရမည်။ မိမိ သားသမီးများကို ကယ်ဆယ်ရန် သေချာစွာ ကြိုးစားအားထုတ်ဖို့ သူသည် စိတ်ပြဋ္ဌာန်းရမည်။ 5AH 216-221; CCB2 77.1