စိတ်ကူး ချွတ်ယွင်းနေသော သူများ ရှိကြ၍ သူတို့အဖို့ ဘာသာတရားသည် လှံတံ နှင့် အုပ်စိုးလျက် ရက်ရောစွာ အုပ်ချုပ်သော အရာ ဖြစ်သည်ဟု ထင်မှတ်ကြ၏။ ထိုသို့သော သူတို့သည် မိမိတို့၏ ဆိုးသွမ်းသော အရာများအတွက် ညည်းညူနေကြ၍ မကောင်းဟု ထင်ရသော အကျင့်များအတွက် ညည်းတွားနေကြ၏။ သူတို့၏ စိတ်နှလုံးထဲ၌ ချစ်ခြင်းမေတ္တာ မရှိ။ သူတို့၏ မျက်နှာသည် အမြဲ မှုန်ကုပ်လျက် ရှိ၏။ လူငယ် သို့မဟုတ် တစ်စုံတစ်ယောက်က အပြစ်ကင်းစွာ ရယ်မောခြင်းအားဖြင့် သူတို့သည် ချမ်းစိမ့်သွားကြ၏။ သူတို့က ပျော်ရွှင်ခြင်း၊ ပျော်မြူးခြင်း အမှု အားလုံးသည် အပြစ် ဖြစ်သည် ဟု သဘောထားလျက် စိတ်သဘောထားသည် ခက်ထန် ပြင်းထန်သော အခြေအနေ၌ အမြဲ တည်ရှိနေစေရမည်ဟု ထင်ကြသည်။ ဤ အရာသည် လွန်လွန်းသော အမှု တစ်ခု ဖြစ်၏။ ကျန်းမာခြင်းကို ရရှိရန် အသစ်သော ပျော်ရွှင်ဖွယ်ရာများ၊ စိတ်ပြောင်းလွဲ စရာများကို စထွင် ပြုလုပ်ရန် အမြဲ ကျယ်ပြန့်နေရမည်ဟု အချို့တို့က ထင်မှတ်ကြ၏။ သူတို့သည် စိတ်ထကြွစေသော အရာများကို မှီခို အားထားနေဖို့ရန် လေ့လာကြသဖြင့် ၎င်းတို့ မရှိလျှင် မသက်မသာ ဖြစ်နေကြ၏။ ထိုသို့သော သူတို့သည် မှန်သော ခရစ်ယာန် မဟုတ်ကြ။ သူတို့သည်လည်း လွန်လွန်းသော သူများ ဖြစ်ကြ၏။ ခရစ်ယာန်၏ အခြေခံ တရားများသည် ပျော်မွေ့ခြင်းကို ဖြစ်စေသော အရာကို လူအပေါင်းတို့ ရှေ့၌ ဖော်ပြထား၏။ ၎င်း၏ အမြင့်၊ အနက်၊ အလျား အနံတို့ကို တိုင်းထွာ၍ မရနိုင်။21T 565; CCB2 102.3
ကိုယ်ကာယ နှင့် စိတ်ခွန်အားတို့ကို ဘုရားသခင်၏ ဘုန်းတော် ထင်ရှားစေဖို့ အသုံးပြုနိုင်ရန် ရည်ရွယ်လျက် စိတ်ဝိညာဉ် နှင့် ကိုယ်ခန္ဓာတို့ကို အားသစ် ဖြည့်ရန် အပြစ်ကင်းသော ပျော်ရွှင်မှုကို ရှာဖွေခြင်းသည် ခရစ်ယာန်တို့၏ အခွင့်အရေး နှင့် တာဝန် ဖြစ်သည်။ ကျွန်ုပ်တို့၏ ပျော်ရွှင်မှုတို့သည် အဓိပ္ပါယ် ကင်းသော ပျော်မွေ့ခြင်းမျိုး မဟုတ်ရ။ ကျွန်ုပ်တို့နှင့် ပေါင်းဖော်သော သူတို့အား အကျိုး ဖြစ်ထွန်းစေ၍ သူတို့ကို မြှင့်တင်ပေးလျက်၊ ခရစ်ယာန် အဖြစ် နှင့် ကျွန်ုပ်တို့အား ပေးထားသော တာဝန်များကို ကျွန်ုပ်တို့ နှင့် သူတို့သည် သာ၍ အောင်မြင်စွာ ဆောင်ရွက်နိုင်မည့် နည်းမျိုးဖြင့် ထိုပျော်ရွှင်မှုကို ကျွန်ုပ်တို့သည် ပြုလုပ်နိုင်သည်။ 3AH 493; CCB2 103.1
ဥပုသ်စောင့်သော သူတို့သည် လူတစ်မျိုး အဖြစ်နှင့် ပြောင်းလဲခြင်း သို့မဟုတ် အနားယူခြင်း မရှိဘဲ အလုပ်ကို ပင်ပန်းစွာ လုပ်ကိုင်ကြသည်ကို ကျွန်ုပ်အား ဖော်ပြထား၏။ ပျော်ရွှင်မှုသည် ကိုယ်လက်အင်္ဂါတို့ဖြင့် အလုပ်လုပ်သော သူတို့အတွက် လိုအပ်သည်။ ၎င်းပြင် အများအားဖြင့် စိတ်ဉာဏ်ကို အသုံးပြုရသော သူတို့အတွက် သာ၍ လိုပေသည်။ ဘာသာရေး ကိစ္စပင် ဖြစ်သော်လည်း၊ အမြဲသဖြင့်၊ အလွန်အမင် စိတ်ကို အသုံးပြုခြင်းသည် ကျွန်ုပ်တို့၏ ကယ်တင်ခြင်းအတွက်သော် လည်းကောင်း၊ ဘုရားသခင်၏ ဘုန်းတော် ထင်ရှားစေရန် အတွက်သော် လည်းကောင်း လိုအပ်သော အမှု မဟုတ်။41T 514; CCB2 103.2
ကိုယ်ကာယ လှုပ်ရှားခြင်း၌ ကုန်စေရသော အချိန်သည် ဆုံးရှုံးသွားသည် မဟုတ်။ ကိုယ်ခန္ဓာ၏ အင်္ဂါ အစိတ်အပိုင်း အားလုံးသည် အစွမ်းသတ္တိ အပေါင်းတို့ကို အချိုးအစား ညီမျှစွာ လှုပ်ရှား ပရိစယ ပြုပေးခြင်း အမှုသည် အသီးအသီးတို့၏ အကောင်းဆုံး လုပ်ငန်းများအတွက် လိုအပ်ပေသည်။ အသက်ရှင်နေသော စက်၏ အခြားသော အင်္ဂါများသည် မလှုပ်ရှားဘဲ နေကြစဉ်၊ ဦးနှောက်သည် အမြဲသဖြင့် အားစိုက် လုပ်ဆောင်နေရသော အခါ၊ ကိုယ်ကာယ နှင့် စိတ်၏ ခွန်အားတို့သည် ကုန်ခန်းသွား၏။ ကိုယ်ခန္ဓာသည် ကျန်းမာခြင်း အင်အားကို လက်လွတ်စေ၍ စိတ်သည် အားသစ် နှင့် ထက်မြက်ခြင်းကို ဆုံးရှုံးလျက် ထကြွ လှုပ်ရှားခြင်း မရှိဘဲ ထုံထိုင်းနေစေတတ်၏။ CCB2 104.1
အိပ်ချိန် နှင့် အလုပ် လုပ်ချိန်တို့ကို စည်းကမ်းထားဖို့ သတိပြုရကြမည်။ ကျွန်ုပ်တို့၌ အနားယူရသော အချိန်၊ အားဖြည့်ရန် ပျော်ရွှင်ရသော အချိန်၊ စဉ်းစား ဆင်ခြင်ရန် အချိန်များထားရမည်။ အများ ထင်မှတ်ကြသည်ထက် ချုပ်တည်းခြင်း စည်းကမ်းကို သာ၍ ကျယ်ဝန်းပေသည်။ CCB2 104.2
စာသင်ကြား လေ့လာနေရကြသော သူတို့သည် အားလပ်ခွင့် ရှိရကြမည်။ အလွန် နူးညံ့သော စိတ်နှင့် ဆိုင်ရာ ခန္ဓာစက်သည် နွမ်းယိ သေတတ်သောကြောင့်၊ စိတ်သည် အမြဲသဖြင့် ကြပ်တည်းစွာ ဆင်ခြင်စဉ်းစားခြင်း မပြုအပ်။ ကိုယ်ခန္ဓာ နှင့်တကွ စိတ်ကို လှုပ်ရှားခြင်း ပရိစယ ပြုပေးရမည်။5AH 494, 495; CCB2 104.3