Go to full page →

ကောင်းကင်၏ အကျင့်စာရိတ္တမျိုးကို မြေကြီးပေါ်၌ ဆည်းပူးရမည်။ CCB2 160

အလွဲမယူကြနှင့်။ ဘုရားသခင်သည် မထီမဲ့မြင် ပြုခြင်းကို ခံတော်မမူ။ သန့်ရှင်းခြင်းမှ လွဲ၍ သင့်အား ကောင်းကင်အတွက် ပြင်ဆင်ပေးမည် မဟုတ်။ မှန်ကန် ရိုးသားသော လက်တွေ့ ဘုရားတရား ကြည်ညိုမှုသာလျှင် သင့်အား ဖြူစင်၊ မြင့်မြတ်သော အကျင့်စာရိတ္တကို ပေးနိုင်၍ အဘယ်သူမျှ မချဉ်းကပ်နိုင်သော အလင်းထဲ၌ ကိန်းအောင်းတော်မူသော ဘုရားသခင်၏ မျက်မှောက်တော်သို့ သင့်အား ဝင်ရောက်စေနိုင်လိမ့်မည်။ ကောင်းကင်၏ အကျင့်စာရိတ္တမျိုးကို မြေကြီးပေါ်၌ ဆည်းပူးရမည်၊ သို့မဟုတ် ဘယ်အခါမျှ ဆည်းပူး၍ ရမည် မဟုတ်။ ထိုကြောင့် ယခုပင် အစပြုပါ။ ယခုထက် လွယ်ကူစွာ သင်သည် စိတ်အားကြီးစွာ ကြိုးပမ်းမှုကို ပြုလုပ်နိုင်သော အချိန် ရောက်လာလိမ့်မည်ဟု ကိုယ်ကို မလှည့်စားပါနှင့်။ နေ့တိုင်း ဘုရားသခင်ထံသို့ နီးကပ်စေရန် တိုး၍ လှမ်းသွားလော့။ သင်သည် မပြခဲ့ဘူးသေးသော စိတ်အားထက်သန်မှု နှင့် ထာဝရကာလအတွက် ပြင်ဆင်ပြုပြင်ထားပါ။ ကျမ်းစာဖတ်ဖို့ နှစ်သက်လာရန်၊ ဆုတောင်း စည်းဝေးများကို နှစ်သက်လာရန်၊ တရားတော်ကို ဆင်ခြင် အောက်မေ့သော အချိန်ကို သဘောကျလာရန် နှင့် အားလုံးတို့တွင် ဝိညာဉ်သည် ဘုရားသခင်နှင့် မိဿဟာယဖွဲ့သော အချိန်ကို သဘောကျလာရန် သင်၏ စိတ်ကို သွန်သင် ပြုပြင်ပေးပါ။ အထက် အရပ်ရှိ အခန်းများ၊ အဆောက်အဦးကြီးများ၌ ကောင်းကင်သီချင်း သံပြိုင်ဆိုပွဲတွင် သင်သည် အတူ ပါဝင် သီဆိုလိုလျှင်၊ ကောင်းကင် အကြောင်းကို စိတ်ထဲ၌ ဆင်ခြင် အောက်မေ့လာရန် ကြိုးစားပါ။52T 267, 268; CCB2 160.1