Go to full page →

သားသမီးတို့ နှင့် ရိုးသား ဖြောင့်မတ်ခြင်းသည် အထူး အရေးကြီးခြင်း။ CCB2 185

မိဘများသည် သစ္စာရှိခြင်းအတွက် စံနမူနာ ဖြစ်ရမည်၊ အကြောင်းကား၊ ဤ အရာသည် သားသမီးတို့၏ စိတ်ထဲ၌ စွဲလမ်းစေနိုင်သော နေ့စဉ် သင်ခန်းစာ ဖြစ်၏။ မလွဲမမှားသော အခြေခံ တရားသည် မိဘတို့ကို၊ အသက်တာ၏ အမှုကိစ္စ အပေါင်းတွင်၊ စိုးမိုး အုပ်ချုပ်နေရမည်။ အထူးသဖြင့် မိမိတို့၏ သားသမီးများကို ပညာသင်ပေးရေး နှင့် သွန်သင် လေ့ကျင့်ပေးရေးတွင် ဖြစ်သည်။ “သူငယ်သော်လည်း၊ မိမိ ပြုသော အမှုသည် စင်သည် မစင်သည်၊ မှန်သည် မမှန်သည်ကို မိမိ အခြင်းအရာအားဖြင့် ပြ၍ မိမိ သဘောကို ထင်ရှားစေ၏။” CCB2 185.1

ဝေဖန်ပိုင်းခြားနိုင်သော ဉာဏ်ကင်းမဲ့၍ ထာဝရဘုရား၏ နည်းလမ်းကို မလိုက်သော မိခင်သည် မိမိ၏ သားသမီးတို့ကို လှည့်ဖြားသော သူ၊ လျှို့ဝှက်သော သူများ ဖြစ်လာအောင် သင်ကြားပေးလိမ့်မည်။ ထိုသို့အားဖြင့် ဖြစ်ပေါ်လာသော အကျင့်စာရိတ္တသည် အလွန် မြဲစွာ လာသဖြင့်၊ မုသာ ပြောခြင်းသည် အသက်ရှုခြင်း အရာကဲ့သို့ သဘောဝ အမှု ဖြစ်လာလိမ့်မည်။ အယောင်ဆောင် လှည့်ဖြားခြင်း အမှုကို ရိုးဖြောင့်သော အရာ၊ အကယ်ဖြစ်သော အရာ အဖြစ် ထင်မှတ်လာလိမ့်မည်။ CCB2 185.2

မိဘတို့ ဘယ်အခါမျှ လည်ဆယ် လွှဲဖယ် ပြောဆိုခြင်း မပြုပါနှင့်။ အကျင့်သီလအားဖြင့် လည်းကောင်း၊ ပုံသက်သေအားဖြင့် လည်းကောင်း ဘယ်အခါမျှ မမှန်သော စကားကို မပြောပါနှင့်။ သင်တို့၏ သားသမီးအား ဖြောင့်မှန်စေလိုလျှင်၊ သင်တို့ ကိုယ်တိုင် ဖြောင့်မှန်ခြင်း ရှိလော့။ မှန်ကန်၍ လမ်းမလွဲနှင့်။ အနည်းငယ် လည်ဆယ် ပြောဆိုခြင်းကိုပင် အခွင့်မပေးရ။ မိခင်တို့သည် လည်ဆယ် လွှဲဖယ်၍ မဖြောင့်မှန်သော အလေ့အကျင့် ရှိသောကြောင့်၊ သားသမီးသည် သူမ၏ ပုံသက်သေကို လိုက်လျှောက်၏။ CCB2 185.3

မိခင်၏ အသက်တာတွင် ကိစ္စ အပေါင်းတို့၌ ရိုးဖြောင့်ခြင်း အကျင့်ကို ကျင့်သုံးရန် လိုအပ်ပေသည်။ ၎င်းပြင် သားသမီးတို့အား သွန်သင် လေ့ကျင့်ပေးရာတွင်၊ ငယ်ရွယ်သော မိန်းမကလေး၊ ယောက်ျားကလေးတို့အား အနည်းငယ်မျှ လည်ဆယ်၊ လှည့်ဖြားခြင်း အမှုကို ဘယ်အခါမျှ မပြုစေရန် သင်ကြားပေးဖို့ အရေးကြီးပေသည်။25CG 151, 152; CCB2 186.1