အချို့သော မိခင်သည် မိမိတို့၏ သားသမီးများကို ပြုမူရာ၌ တစ်သမတ်တည်း မဖြစ်ကြချေ။ မကြာခဏ သူတို့အား ထိခိုက်စေလောက်အောင် အလိုလိုက်တတ်ပြီ၊ တစ်ဖန် ကလေးသူငယ်တို့၏ စိတ်နှလုံးကို ပျော်ရွှင်စေမည့် အပြစ်ကင်းသော နှစ်မြို့ဖွယ်ရာများကို ငြင်းပယ်ခွင့် မပေးကြချေ။ ဤ နည်းလမ်းတွင် သူတို့သည် သခင်ခရစ်တော်ကို အတုမယူကြ။ ကိုယ်တော်သည် ကလေးသူငယ်များကို ချစ်တော်မူ၏။ ကိုယ်တော်သည် သူတို့၏ စိတ်ထင်မြင်ချက်တို့ကို သိရှိ နားလည်၍၊ သူတို့၏ ပျော်မွေ့ရာများ နှင့် သူတို့၏ စုံစမ်းခြင်းတွင် သူတို့အား ထောက်ထားစာနာတော်မူ၏။28MH 389, 390; CCB2 189.1
သားသမီးများက ဤ အဖွဲ့အစည်းသို့ သွားရန် သို့မဟုတ် ထိုလူစု၏ ပျော်ရွှင်ပွဲတွင်ပါဝင်စေရန် တောင်းပန်ကြသောအခါ၊ သူတို့အား ဤကဲ့သို့ ပြောပြပါ။ “သင်တို့ကို သွားဖို့ အခွင့် မပေးနိုင်၊ သားသမီးတို့။ ဤ နေရာမှာ ထိုင်ပါဦး။ ဘာကြောင့် မသွားသင့်ကြောင်း ပြောပြပါမည်။ ငါသည် ထာဝရကာလအတွက် နှင့် ဘုရားသခင်အတွက် အလုပ်ကို လုပ်ဆောင်နေရသည်။ ဘုရားသခင်က သင်တို့ကို စောင့်ရှောက် ဂရုစိုက်ရန် ငါ့ လက်ထဲ၌ အပ်ထားခဲ့ပြီ။ သားသမီးတို့ ငါသည် သင်တို့ ရှေ့၌ ဘုရားသခင်၏ ကိုယ်စား ဖြစ်၏။ ထိုကြောင့် ဘုရားသခင်၏ နေ့ရက်၌ အကြောင်းအရာကို ချေပ ပြောဆိုရမည့် သူ အဖြစ်နှင့် သင်တို့ကို စောင့်ကြည့်နေရမည်။ ကောင်းကင် စာစောင်တွင် မိမိ၏ သားသမီးတို့ တာဝန်ကို မဆောင်ရွက်ခဲ့သော သူ အဖြစ်နှင့် လည်းကောင်း၊ ငါတည်ရှိနေရမည့် နေရာ၌ ရန်သူကို လာရောက် နေစေဖို့ အခွင့်ပေးခဲ့သော သူ အဖြစ်နှင့် လည်းကောင်း၊ သင်တို့ မိခင်၏ နာမည်ကို ရေးမှတ်ထားသည်ကို သင်တို့ အလိုရှိကြသလော။ သားသမီးတို့၊ ဘယ်အရာသည် မှန်ကန်သော လမ်း ဖြစ်သည်ကို သင်တို့အား ငါပြောပြမည်။ ထိုနောက် သင်တို့သည် မိခင်ထံမှ လွဲသွား၍ ဆိုးသော လမ်းသို့ လိုက်သွားလိုကြလျှင်၊ သင်တို့ မိခင်သည် ကင်းကင်းရှင်းရှင်း ရပ်နေရလိမ့်မည်၊ သို့သော် သင်တို့မူကား အပြစ်အတွက် ဒဏ်ခံရကြမည်။” CCB2 189.2
ကျွန်ုပ်သည် မိမိ၏ သားသမီးများ အပေါ်၌ ဤ နည်းကို အသုံးပြုခဲ့ရာ၊ ကျွန်ုပ်က ပြော၍ မဆုံးခင် သူတို့သည် ငိုကြွေးလျက် သူတို့က၊ ကျွန်ုပ်တို့အတွက် ဆုတောင်းမပေးနိုင်ဘူးလားဟု ပြောဆိုကြ၏။ ကောင်းပြီ၊ ကျွန်ုပ်သည်လည်း သူတို့အတွက် ဆုတောင်းပေးရန် အဘယ်အခါမျှ မငြင်းပေ။ ကျွန်ုပ်တို့သည် သူတို့ အနားမှာ ဒူးထောက်လျက် သူတို့ နှင့်အတူ ဆုတောင်း၏၊ ထိုနောက် ကျွန်ုပ်သည် အခြား နေရာသို့ ထွက်သွားပြီးလျှင်၊ နေထွက်လာသည် တိုင်အောင်၊ ည တစ်ညလုံး ကြာမြင့်စွာ၊ ရန်သူ၏ သြဇာတန်ခိုးသည် ပျောက်ပျက်သွားစေမည် အကြောင်း ဘုရားသခင်အား တောင်းပန် လျှောက်ထားခဲ့ပြီ။ ထိုနောက် ကျွန်ုပ်သည် အောင်မြင်ခြင်းကို ရရှိခဲ့လေ၏။ ကျွန်ုပ်သည် တစ်ညလုံး ပင်ပန်းစွာ ကြိုးစားခဲ့ရသော်လည်း၊ ကျွန်ုပ်၏ သားသမီးများသည် ကျွန်ုပ်၏ လည်ပင်းကို ဖက်လျက်၊ အို၊ အမေ၊ ကျွန်ုပ်တို့ သွားလိုသော နေရာကို သွားဖို့ အခွင့် မပေးခဲ့သည်အတွက် ကျွန်ုပ်တို့ ဝမ်းသာပါသည်။ ထိုနေရာသည် မှားသော နေရာ ဖြစ်လိမ့်မည်ကို ယခု သိကြပါပြီဟု ပြောဆိုကြသောအခါ၊ ကျွန်ုပ်သည် များစွာ အကျိုးခံစားရပြီဟု ထင်ရ၏။ CCB2 190.1
မိဘများတို့၊ သင်တို့ ဆိုလိုသည် အတိုင်း၊ ဤ နည်းသည် သင်တို့ ပြုလုပ်ရမည့် နည်းလမ်း ဖြစ်သည်။ သင်တို့သည် မိမိတို့ သားသမီးများကို ဘုရားသခင်၏ နိုင်ငံတော်တွင် ကယ်တင်ခြင်း ခံရစေဖို့ မျှော်လင့်ကြလျှင်၊ သင်တို့သည် ဤ အမှုကို သင်တို့၏ လုပ်ငန်း တစ်ရပ် အဖြစ် ပြုလုပ်ရကြမည်။29AH 528, 529; CCB2 190.2
လူငယ်တို့သည် မြို့ကြီးများနှင့် ဝေးဝေး ခွဲခွာ၍ မနေရလျှင်၊ ဤ နိုင်ငံ၌ ဖြစ်စေ၊ အခြား နိုင်ငံ၌ ဖြစ်စေ၊ သူတို့အား သင့်တော်သော ပညာကို ဘယ်အခါမျှ မပေးနိုင်။ မြို့ကြီးများ၏ ထုံးစံဓလေ့ နှင့် အပြုအမူတို့သည် လူငယ်တို့၏ စိတ်ထဲသို့ သမ္မာတရား မဝင်နိုင်အောင် စိတ်ကို မသင့်တော်သော အခြေသို့ ရောက်စေတတ်သည်။ 30FE 312; CCB2 190.3