Go to full page →

ရိုသေခြင်း နှင့် ယဉ်ကျေးခြင်းက သွန်သင်ပေးခြင်း။ CCB2 193

အသက်ကြီးသော သူတို့ကို ကြင်နာစွာ ရိုသေ လေးစားစေဖို့ ဘုရားသခင်က မှာထားတော်မူ၏။ “ဖြူသော ဆံပင်သည် ဖြောင့်မတ်ခြင်းတရား၌ တည်လျှင်၊ ဘုန်းကြီးသော သရဖူ ဖြစ်၏။” သု၊ ၁၆: ၃၁။ အသက်ကြီးသော သူတို့က၊ တိုက်ခိုက်ခဲ့သော စစ်ပွဲများ၊ အောင်မြင်ခဲ့သော အကြောင်းအရာများ၊ ခံယူခဲ့ရသော တာဝန်များ၊ တားဆီး ခုခံခဲ့ရသော စုံစမ်း သွေးဆောင်ခြင်း အမှုများ အကြောင်းကို ပြောပြကြ၏။ သူတို့ နားနေရာ အရပ် နှင့် နီးကပ်လာ၍ ပင်ပန်းသော ခြေများ၊ မကြာမီ လွတ်လပ်နေမည့် နေရာများ အကြောင်း ကို ပြောပြကြ၏။ ဤ အရာကို ဆင်ခြင်ရန် သားသမီးများအား ကူညီ ပြောပြပါ။ ထိုအခါ သူတို့သည် မိမိတို့၏ ယဉ်ကျေးမှု နှင့် ရိုသေ လေးစားမှုအားဖြင့် အသက်ကြီးသော သူတို့၏ လမ်းကို ချောမော ပြေပြစ်စေကြလိမ့်မည်။ ၎င်းပြင် “ဆံပင်ဖြူသော သူ ရှေ့မှာ ထရမည်။ အသက်ကြီးသော သူ၏ မျက်နှာကို ရိုသေရမည်” ဟူသော အမိန့်တော်ကို သတိပြုကြစဉ်၊ သူတို့သည် လူငယ်တို့၏ အသက်တာတွင် ကောင်းမြတ်ခြင်း တင့်တယ်ခြင်းကို ဖြစ်လာစေလိမ့်မည်။ ဝတ်၊ ၁၉: ၃၁။37Ed 244; CCB2 193.2

ယဉ်ကျေးခြင်းသည် ဝိညာဉ်တော်၏ ဆုကျေးဇူး တစ်ခု ဖြစ်၍ လူအပေါင်းသည် ၎င်းကို လိုက်နာ ပြုကျင့်ရမည်။ ၎င်းသည် စိတ်သဘောများကို နူးညံ့စေသော တန်ခိုးနှင့် ပြည့်စုံ၏။ ၎င်းယဉ်ကျေးမှု မရှိလျှင် စိတ်သဘောသည် ခိုင်မာကြမ်းတမ်း၏။ သခင်ခရစ်တော်၏ တပည့်များဟု ခေါ်နေကြလျက် ကြမ်းတမ်း၍ မကြင်နာ၊ မယဉ်ကျေးသော သူတို့သည် သခင်ယေရှု အကြောင်းကို မသိရှိကြသေးသော သူများ ဖြစ်ကြသည်။ သူတို့၏ ရိုးဖြောင့်ခြင်းကို ယုံမှားစရာ အကြောင်း မရှိ။ သူတို့၏ ဖြောင့်မတ်ခြင်းကိုလည်း မေးမြန်းစရာ မလို၊ သို့ရာတွင် ရိုးဖြောင့်ခြင်း နှင့် ဖြောင့်မှန်ခြင်းအားဖြင့် ကြင်နာခြင်း ယဉ်ကျေးခြင်း ကင်းမဲ့မှုကို အပြစ်လွှတ်နိုင်လိမ့်မည် မဟုတ်။38PK 237. CCB2 194.1