Go to full page →

မိမိ၏ တိုင်းရင်းသား ဘာသာစကားက အထင်မသေးအပ်။ CCB2 214

အတတ်ပညာတိုင်းတွင် စက်မှုလက်မှု လုပ်ငန်းအားဖြင့်သာ ရရှိသော အတတ်ပညာများထက် သာ၍ အရေးကြီးသော အတတ်ပညာများ ရှိသေးသည်။ ဥပမာအားဖြင့်၊ ဘာသာစကား ဖြစ်၏။ အသုံးပြုနေသေးသည် ဖြစ်စေ၊ တိမ်ကောသွားသည် ဖြစ်စေ၊ နိုင်ငံခြား ဘာသာစကားထက် သာ၍ အရေးကြီးသော အရာမှာ မိမိ၏ တိုင်းရင်းသား ဘာသာစကားကို လွယ်ကူ မှန်ကန် နည်းလမ်းကျစွာ ပြောဆို ရေးသားနိုင်ခြင်း ဖြစ်သည်။ သို့ရာတွင် သဒ္ဒါနည်းကို သိကျွမ်းခြင်းဖြင့် သင်ကြား လေ့လာခြင်း အမှုထက် ဘာသာစကားကို သာ၍ မြင့်သော ထင်မြင်ချက် နှင့် လေ့လာခြင်းသည် သာ၍ အရေးကြီး၏။ အများအားဖြင့် ဤကဲ့သို့ လေ့လာရခြင်းသည် အသက်တာ၏ စိတ်ချမ်းသာမှု သို့မဟုတ် စိတ်ဒုက္ခရောက်မှုကို ဖြစ်စေတတ်၏။ CCB2 214.1