၁၇ ရာစုတွင် ထောင်နှင့်ချီသောတရားဟောဆရာများကို အင်္ဂလန်မှ နှင်ထုတ်လိုက်ပြီး ရဟန်းမင်း၏အသင်းတော်ခွင့်ပြုချက်ဖြင့် ကျင်းပသော ဂုဏ်ပြုပွဲမှလွဲ၍ မည်သည့်ဘာသာရေးဝတ်ပြုပွဲများကိုမှ မတက်ကြရန် တားမြစ်လိုက်သည်။ ထိုကြောင့် ဘုရားသခင်၏အနှပ်စက်ခံသားသမီး များသည် တောနက်ကြီးများတွင်တဲထိုးကာ ကျေးဇူးတော် ချီးမွမ်းခြင်းနှင့် ဆုတောင်းခြင်းဆိုင်ရာ အစည်းအဝေးများကို ကျင်းပကြရသည်။ မိမိတို့၏ ယုံကြည်ခြင်းကြောင့် လူများစွာတို့သည် ဒုက္ခဆင်းရဲခြင်းနှင့်ရင်ဆိုင်ခဲ့ရသည်။ အကျဉ်းထောင်များ၌ လူစည်ကားနေပြီး မိသားစုများလည်း အကွဲအကွဲ အပြားပြားဖြစ်ကုန်ကြရသည်။ သို့စေကာမူ နှိပ်စက်ညှဉ်းပန်းခြင်းအားဖြင့် သက်သေခံနေသော ပါးစပ်များကို မပိတ်နိုင်ခဲ့ချေ။ လူများစွာတို့သည် သမုဒ္ဒရာကြီးကိုဖြတ်ကျော်ကာ အမေရိကန်သို့ အရောက်သွားပြီး နိုင်ငံရေးနှင့် ဘာသာရေးလွတ်လပ်မှုအတွက် အခြေခံအုတ်မြစ်များကိုချခဲ့ကြသည်။ HFB 263.1
ဂျွန်ဆန်းယန်းသည် ရာဇဝတ်သားများနှင့်အတူ အကျဉ်းကျနေစဉ် ကောင်းကင်နိုင်ငံရနံ့များကိုရှူရှိုက်ကာ အဖျက်ကမ္ဘာမှ ကောင်းကင်ရွှေမြို့တော်သို့သွားသည့် ဘုရားဖူးခရီးစဉ်တစ်ခုအကြောင်းကို “Pilgrim’s Progress and Grace Abounding to the Chief of Sinners” အမည်ဖြင့် အံ့ဩဖွယ်သီကုံးမှုများဖြင့် ရေးသားထုတ်ဝေခဲ့ရာ လူများစွာတို့သည် အသက်ရှင်ရာလမ်းပေါ်သို့ ရောက်လာခဲ့ကြပါသည်။ HFB 263.2
ဝိညာဉ်ရေးအမှောင်ထုကျရောက်နေသောအချိန်တွင် ဝှိုက်ဖီးလ်နှင့် ဝက်စလေတို့သည် အလင်းဆောင်သူများအဖြစ် ပေါ်ထွန်းလာကြပါသည်။ ဖွဲ့စည်းထားသည့်အသင်းတော်များရှိ အသင်းသားများ၏ ဝိညာဉ်ရေးအခြေ အနေသည် သာသနာပလူများနှင့်ခွဲခြားဖို့ ခက်လောက်အောင် လျော့ရဲနေပါသည်။ ချမ်းသာသော လူတန်းစားများက ဘုရားတရားရှိခြင်းကို ပြက်ရယ်ပြုကြသည်။ ဆင်းရဲသားလူတန်းစားများမှာမူ ဒုစရိုက်များကို ကြိုက်သလို ကျူးလွန်နေကြသည်။ အမှန်တရားဘက်တွင် ရပ်တည်မှု အားနည်းနေသည်ကို ထောက်မရန်အတွက် အသင်းတော်၌ ရဲစွမ်းသတ္တိမရှိပါ။ ယုံကြည်ခြင်းကလည်း ကင်းမဲ့နေပါသည်။ HFB 264.1