Go to full page →

ပညတ်တော်နှင့် ဧဝံဂေလိတရားတော်တို့၏ညီညွတ်ခြင်း HFB 275

ဝက်စလေက စာမျက်နှာဟောကြားခြင်းသည် ပညတ်တော်အလုံးစုံ တို့၏အဆုံးသတ်သွားမှုကို အဖြေပေးနေသည်ဟု ဖွင့်ဆိုနေသူများအား ‘‘ဧဝံဂေလိတရားဟောကြားခြင်းသည် လူသားများအား အပြစ်ဒုစရိုက် အကြောင်း သဘောပေါက်စေခြင်း၊ ငရဲအိုးနှုတ်ခမ်းမှာ အိပ်ပျော်ဆဲရှိနေ သူများအား နှိုးထခြင်းစသော ပညတ်တော်နှင့်ဆိုင်သည့် အဆုံးသတ်မှုများ အတွက် အဖြေပေးမထားကြောင်း၊ ကျန်းမာနေသူများထံသို့ ဆရာဝန်စေလွှတ် ပေးခြင်းသည် ယုတ္တိမရှိကြောင်း၊ ၎င်းတို့၏ နာမကျန်းမှုအခြေအနေကို သဘောပေါက်အောင် သင့်အနေဖြင့် ပထမဦးစွာလုပ်ဆောင်ရမှာဖြစ်ကြောင်း၊ ထိုသို့မဟုတ်လျှင် သင်၏လုပ်ဆောင်မှုကို သူတို့က တန်ဖိုးထားကြမှာ မဟုတ်ကြောင်း၊ ထိုနည်းနှင်နှင် စိတ်နှလုံးကြေကွဲမှု တစ်ခါမှမရှိခဲ့သူများထံ ခရစ်တော်ကိုပေးအပ်နေခြင်းသည်လည်း ယုတ္တိရှိမည်မဟုတ်ကြောင်း’’ တုံ့ပြန် ပြောဆိုခဲ့ပါသည်။ HFB 275.1

ဝက်စလေသည် ကျေးဇူးတော်ဆိုင်ရာ ဝမ်းမြောက်ဖွယ် သတင်းစကားကို ဟောကြားနေစဉ်မှာပင် ပညတ်တော်ကိုချီးမြှောက်ဂုဏ်ပြု ဟောကြားခဲ့ရာ ကြီးမားသောအောင်မြင်မှုများကို သူမြင်တွေ့ခဲ့ရပါသည်။ နှစ်ပေါင်း (၅၀) မျှလောက် အမှုတော်ဆောင်ပြီးနောက် လူပေါင်း (၅) သိန်းကျော်သည် ၎င်း၏တရားတော်ကို ယုံကြည်စွဲမြဲခဲ့ကြပါသည်။ သို့ရာတွင် ၎င်း၏အမှုတော်ဆောင်ခဲ့ခြင်းကြောင့် ဆိုးရာမှကောင်းလာသူများကိုမူ ကောင်းကင်နိုင်ငံတော်၌ စုရုံးသည့်အချိန်ကျမှ သိခွင့်ရပေတော့မည်။ သူ၏ အသက်တာသည် ခရစ်ယာန်များအတွက် အဖိုးမဖြတ်နိုင်သည့် သင်ခန်းစာတစ်ခုဖြစ်ပါသည်။ HFB 276.1

ဤတပည့်တော်၏ ယုံကြည်ခြင်းမျိုး၊ ဇွဲလုံ့လမျိုး၊ ကိုယ့်အလိုကို ငြင်းပယ်ကာ ဆက်ကပ်သည့်အသက်တာမျိုးကို ယနေ့ခေတ် အသင်းတော် များတွင် တွေ့မြင်နိုင်လိမ့်မည်လား။ HFB 276.2

*****