Go to full page →

ဘုရားကိုစော်ကားဝံ့သောရဲရင့်ခြင်း HFB 287

အဖွဲ့အစည်းသစ်တစ်ခုမှ ဂိုဏ်းအုပ်တစ်ဦးက ‘‘ဘုရားသခင်၊ သင်ဟာတကယ် ရှိခဲ့လျှင် ထိခိုက်နစ်နာနေသည့် သင်၏နာမအတွက် လက်စားချေပါ။ ကျွန်တော်ဟာခင်ဗျားကိုပွင့်ပွင့်လင်းလင်းအာခံတယ်။ ခင်ဗျားက ဘာမှမတုံ့ပြန်ဘဲငြိမ်နေတယ်။ ခင်ဗျားက မိုးတောင်မချုန်းရဲ တော့ဘူး။ ဒီလိုဆိုရင် ခင်ဗျားတကယ်ရှိတယ်ဆိုတာ ဘယ်သူယုံတော့မှာလဲ။ ယေဟိုဝါကဘယ်သူမို့ ငါကသူ့စကားနားထောင်ရမှာလဲဟူသော ဖါရောဘုရင်ရဲ့ တောင်းဆိုချက်ကို ဘယ်လိုတုံ့ပြန်မလဲ’’ ဟု စော်ကားပြောဆိုခဲ့သည်။ HFB 287.2

‘‘ဘုရားသခင်မရှိဟု မိုက်သောသူသည်ထင်တတ်၏။’’ ‘‘ဤသူတို့၏ မိုက်မဲခြင်းသည်လည်း ထင်ရှားလိမ့်မည်။’’ ဆာလံ ၁၄:၁။ ၂တိ၊ ၃:၉။ ပြင်သစ်နိုင်ငံသည် အသက်ရှင်လျက်ရှိသော ဘုရားသခင်ကိုကိုးကွယ်ရန် ငြင်းဆိုပြီးနောက် လျှပ်ပေါ်လော်လည်သော ဘုရားမဂေါဒက်အောက်ဖ်ရီးဇင်း ကို ကိုးကွယ်သည့်အဆင့်ထိအောင် နိမ့်ကျသွားခဲ့ပါသည်။ ‘‘ဤရူးသွပ်သော အချိန်တွင် ကျင်းပခဲ့သည့် အခမ်းအနားများမှ အခမ်းအနားတစ်ခုသည် ယုတ္တိမတန်ပုံနှင့် ဘုရားတရားကင်းမဲ့ပုံတွင် ပြိုင်ဘက်ကင်းခဲ့ပါသည်။ အစည်းဝေးခန်းမတံခါးများကိုဖွင့်ထားသည်။ အစည်းဝေးတက်ရောက်လာကြ သူများသည် ဂေါဒက်အောက်ဖ်ရီးဇင်းဟု ၎င်းတို့ကင်ပွန်းတပ်ထားသည့် အနာဂတ်တွင် ဝတ်ပြုကိုးကွယ်ကြမည့် မျက်နှာဖုံးတပ်ထားသော ဘုရားမ ရုပ်တုကို ခြံရံသယ်ဆောင်လာရင်း လွတ်မြောက်ခြင်းအတွက် ကျေးဇူးတော် ချီးမွမ်းသည့်ဓမ္မသီချင်းများကိုသီဆိုလျက် ထိုခန်းမထဲသို့ ဝင်လာကြပါသည်။ ထိုနောက် မျက်နှာဖုံးကို ချွတ်လိုက်ကာ အစည်းအဝေးသဘာပတ၏ ညာဘက်တွင် တင်ထားလိုက်ကြသည်။ HFB 288.1