မီလာသည် ယခုရရှိပြီဖြစ်သည့်ကောက်ချက်ကို အစကနဦးက နည်းနည်းမှမျှော်လင့်မထားခဲ့ချေ။ စုံစမ်းလေ့လာချက်များ၏ ရလဒ်ကို သူကိုယ်တိုင်လုံးလုံးကြီး မယုံကြည်နိုင်လောက်အောင်ဖြစ်နေသော်လည်း ကျမ်းစာအထောက်အထားများမှာ လျစ်လျူရှုထားလို့မဖြစ်လောက်အောင် ရှင်းလင်းနေပါသည်။ HFB 349.2
နောင်နှစ်ပေါင်း ၂၅ နှစ်အကြာတွင် လူသားများကိုကယ်တင်ရန် ခရစ်တော်ကြွလာမည်ဆိုသည့် ယုံကြည်ချက်သို့ အေဒီ ၁၈၁၈ တွင် သူလက်ခံခဲ့သည်။ နှစ်ခြိုက်စရာအနာဂတ်မြင်ကွင်းကြောင့် ကျွန်တော် ဘယ်လောက်ပျော်နေတယ်ဆိုတာ ကယ်တင်ခြင်းခံရမည့် သူတွေနဲ့အတူ ပျော်ရွှင်မှုကိုမျှဝေခံစားဖို့အတွက် ကျွန်တော့်တောင့်တမှုတွေ ပြည့်စုံမှာမို့ ကျွန်တော်ဘယ်လောက်ဝမ်းသာနေတယ်ဆိုတာ ပြောစရာမလိုတော့ပါဘူး။ သမ္မာတရားဟာ အလွန်တောက်ပစွာ ပေါ်ထွန်းလာပါပြီတကား’’ ဟု မီလာဖွင့်ဟခဲ့သည်။ HFB 349.3
‘‘ကျွန်တော်၏စိတ်မှာ ထိတွေ့ခံစားခဲ့ရသည့် ထိုအထောက်အထား များကို ကမ္ဘာကြီးအားဖြန့်ဝေဖို့ကိစ္စနှင့်ပတ်သက်သည့် အရေးပါသော မေးခွန်းတစ်ခု စိတ်ထဲပေါ်လာပါသည်’’ ဟု သူကပြောခဲ့သည်။ မိမိရရှိ ထားသော အလင်းတရားများကို သူတစ်ပါးအား မျှဝေဖို့တာဝန်ရှိကြောင်း သူသိရှိပါသည်။ ဆန့်ကျင်မည့်သူများ ရှိလာနိုင်သော်လည်း ထိုသတင်းစကားကြောင့် ခရစ်ယာန်များဝမ်းမြောက်ကြပေလိမ့်မည်။ သို့ရာတွင် မိမိ၏အဓိပ္ပါယ်ဖွင့်ဆိုချက်များမှားယွင်းကာ သူတစ်ပါးအား လမ်းမှားသို့ ပို့ဆောင်မိမည်စိုးနေသောကြောင့် ထိုသတင်းစကားကို အခြားသူများထံ တင်ပြရန် တုံ့ဆိုင်းနေခဲ့သည်။ သို့ဖြင့် သူ့အနေဖြင့် ခက်ခဲသည်ဟုထင်သည့် အရာများကို သတိကြီးစွာဖြင့် ဆင်ခြင်သုံးသပ်ကာ (၅) နှစ်အချိန်ကို အမှား ပြင်ဆင်ခြင်းများဖြင့် ကုန်လွန်စေခဲ့ပါသည်။ HFB 350.1