Go to full page →

စိတ်ဝင်စားမှုရှိခြင်းနှင့်မယုံကြည်မှု HFB 358

မီလာ၏ယုံကြည်ချက်အပေါ် စိတ်ဝင်စားမှုတိုးပွားလာသဖြင့် ပရိသတ်သည် ရာဂဏန်းမှ ထောင်ဂဏန်းသို့ တိုးတက်လာပါသည်။ သို့ရာတွင် မကြာမီမှာပင် ထိုပြောင်းလဲသူများကို ဆန့်ကျင်သူများပေါ်ပေါက်လာပြီး မီလာ၏ တင်ပြချက်များကို လက်ခံကျင့်သုံးသူများအား အရေးယူရန် အသင်းတော်များကလည်း စတင်ဆောင်ရွက်လာကြပါသည်။ ထိုအခါ မီလာက ‘‘ကျွန်ုပ်တို့မှားတယ်ဆိုရင် ဘယ်နေရာမှာမှားနေတယ်ဆိုတာကိုပြဖို့ ဆောင်းပန်ပါတယ်။ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကိုဖွင့်ပြီး ကျွန်ုပ်တို့ရဲ့ အမှားတွေကိုထောက်ပြပါ။ ကျွန်ုပ်တို့ဟာ လူများအလှောင်ခံရတာရိုးနေပါပြီ။ ဒီလိုလှောင်ပြောင်ရုံနဲ့တော့ တို့လုပ်တာမှားတယ်လို့ ကျွန်ုပ်တို့ ဘယ်တော့မှ သဘောပေါက်မှာမဟုတ်ဘူး။ နှုတ်ကပတ်တော် တစ်ခုတည်းကသာ ကျွန်ုပ်တို့ရဲ့ အမြင်ကို ပြောင်းပစ်နိုင်မှာဖြစ်တယ်။ သမ္မာကျမ်းစာထဲကအထောက် အထားတွေကို တွေ့ပြီးတဲ့နောက် ဆုတောင်းပြီးမှ စေ့စေ့စပ်စပ်ကောက်ချက် ချထားခြင်းဖြစ်တယ်’’ ဟုပြောခဲ့သည်။ ရေမလွှမ်းမီက လူသားများ၏အပြစ် ဒုစရိုက်များကြောင့် ကမ္ဘာကြီးအား ရေဖြင့်ဆေးကြောပစ်ရမည့်အခြေသို့ ရောက်သည့်အခါမှာပင် ဘုရားသခင်သည် မိမိ၏အကြံအစည်ကို ရှေးဦးစွာအသိပေးတော်မူခဲ့သည်။ နောင်တရကြရန် အနှစ် ၁၂၀ လုံးလုံး သတိပေးခဲ့သည်။ သို့သော် ထိုသူများသည် မယုံကြည်ကြချေ။ ဘုရားသခင်၏ စေတမန်ကို သူတို့ပြက်ရယ်ပြုခဲ့ကြသည်။ နောဧ၏သတင်းစကားမှန်ခဲ့လျှင် အဘယ်ကြောင့် သူတို့မယုံကြည်ခဲ့ကြသနည်း။ လူတစ်ဦးက လူထောင်ပေါင်း များစွာကို ဆန့်ကျင်ဖွင့်ဆိုနေခြင်းဖြစ်သည်။ ထိုသူတို့သည် ထိုသတိပေး စကားကို အရေးတယူမရှိခဲ့သလို သင်္ဘောထဲကိုလည်း ဝင်ရန်မကြိုးစားခဲ့ကြချေ။ HFB 358.1

မည်သည့်အခါကမှ မိုးမရွာဘူးသေးသည် ကောင်းကင်ပြာကြီးကို ပြက်ရယ်ပြုသူများက လက်ညှိုးထိုးကာ မပြောင်းမလဲ ပုံမှန်ဖြစ်ပေါ်နေသော ရာသီဥတုကို ညွှန်ပြခဲ့ကြပါသည်။ ဖြောင့်မတ်ခြင်းတရားကိုဟောကြားနေသော နောဧအား ကမူးကတူးပြုတတ်သူတစ်ဦးအဖြစ် ဖွင့်ဆိုကာ မထီမဲ့မြင်ပြုခဲ့ ကြသည်။ ဒုစရိုက်မှုများကိုလည်း ယခင်ကထက်ပို၍ ကျူးလွန်ခဲ့ကြပါသည်။ သို့ရာတွင် ခန့်ခွဲသောအချိန်သို့ရောက်လာသောအခါ ဘုရားသခင်၏ တရားစီရင်မှုသည် ကရုဏာတော်ကိုငြင်းပယ်သည့်ထိုသူများအပေါ်သို့ ကျရောက်ခဲ့ပါသည်။ HFB 359.1