ရဟန်းမင်းကြီး၏အုပ်ချုပ်မှုမတိုင်မီကပင် သာသနာပအတွေး အခေါ်ပညာရှင်များ၏ သွန်သင်ချက်များသည် အသင်းတော်အပေါ် ဩဇာသက်ရောက်ပြီးနှင့်ချေပြီ။ လူအများစုသည် ဗာဟီရဝါဒီများ၏ ဒဿနများကို စွဲလမ်းနေကြကာ သာသနာပလူများ အလယ်တွင် ဩဇာရှိရန် ထိုဒဿနများကို လေ့လာကြဖို့ အခြားလူများကို တိုက်တွန်းခဲ့ကြသည်။ ကြောက်စရာကောင်းသောမှားယွင်းမှုများသည် ဤနည်းအားဖြင့် ခရစ်ယာန်ယုံကြည်ချက်ထဲသို့ စတင်စိမ့်ဝင်လာခဲ့ပါသည်။ HFB 41.1
လူသေသောအခါတွင် လူသားသဘာဝနှင့် ဩတ္တပ္ပစိတ်တို့ သည်မသေပါဟူသော ယုံကြည်ချက်သည် စိမ့်ဝင်လာသောမှားယွင်းမှု များတွင် အထင်ရှားဆုံးဖြစ်သည်။ ရောမအသင်းတော်သည် ဤယုံကြည်ချက်ပေါ်တွင် အခြေပြုလျက် သေဆုံးပြီးသူတော်စင်များထံတွင် ဆုတောင်းခြင်းနှင့် မယ်တော်မာရိအား ကိုးကွယ်ကြည်ညိုခြင်းများကို တည်ဆောက်ခဲ့ပါသည်။ ထိုအရာများမှတစ်ဆင့် နောင်တမရသူများအား ထာဝရညှဉ်းဆဲခြင်းဆိုင်ရာ မှားယွင်းသောယုံကြည်မှု များပေါက်ပွားလာခဲ့ပါသည်။ အမှန်မှာ ဤယုံကြည်ချက်သည် ရှေးမဆွကပင် ထိုအသင်းတော်၏ယုံကြည်ချက်များတွင် ပါဝင်ထား ပြီးသားဖြစ်ပါသည်။ HFB 41.2
ထိုယုံကြည်ချက်သည် အယူသီးသူများအား ခြောက်လှန့်ရာတွင် အသုံးပြုသည့် Purgatory ဟုခေါ်သော “အပြစ်ငယ်ကလေးများအတွက် ဒဏ်ခံရာငရဲငယ်ကလေး” ကို တီထွင်ရန် လမ်းစပေါ်သွားပါသည်။ မစင်ကြယ်မှုများပပျောက်သွားသောအချိန်တွင် ကောင်းကင် သို့ဝင်ခွင့်ရရန် ထာဝရသေခြင်းကို ခံထိုက်လောက်အောင် မကြီးမား သောအပြစ်များကို ကျူးလွန်သူများအားခေတ္တအပြစ်ပေးရန် နေရာတစ်ခု တည်ရှိသည်ဟု မှားယွင်းသော ထိုယုံကြည်ချက်က အတည် ပြုခဲ့ပါသည်။ HFB 41.3
အသင်းသားများ၏ဆိုးညစ်မှုများနှင့် ကြောက်ရွံ့မှုများကိုအခြေ ပြု၍အမြတ်ထုတ်ရန် ရောမအသင်းတော်က လီဆယ်ဉာဏ်ဆင်ထား သည့်ယုံကြည်ချက်တစ်ခုမှာ Indulgence ဟုခေါ်သည့် ကျူးလွန် သောအပြစ်အတွက် အပြစ်ဒဏ်ခံခြင်းမှကင်းလွတ်ခွင့်ပေးခြင်းဆိုင်ရာ ယုံကြည်ချက်ဖြစ်သည်။ ရဟန်းမင်း၏ရန်သူများကို အပြစ်ပေးရန် (သို့မဟုတ်) ရဟန်းမင်း၏ဝိညာဉ်ရေးဆိုင်ရာကြီးမြတ်မှုကို အန်တုဝံ့သူများအား သုတ်သင်ရန် တိုက်ပွဲဝင်မည့် အဖွဲ့တွင် စာရင်းသွင်းသူများသည် ထိုယုံကြည်ချက်အရ အတိတ်၊ ပစုပ္ပန်၊ အနာဂတ် ကျူးလွန်သည့်အပြစ်၊ ကျူးလွန်ဆဲအပြစ်နှင့် ကျူးလွန်မည့်အပြစ် များကိုချေဖျက်ပေးခြင်း ခံရလိမ့်မည်။ လူတို့သည် ထိုယုံကြည်ချက် အရအသင်းတော်အား ငွေကြေးများ ပေးဆောင်ခြင်းအားဖြင့် မိမိကိုယ်တိုင်ကျူးလွန်ခဲ့သောအပြစ်များသာမက ငရဲမီးတွင် ဒုက္ခခံနေရသည့်သေလွန်သူမိတ်ဆွေများ၏ အပြစ်များကိုပင် လွှတ်ခြင်းအခွင့် ရရှိနိုင်ပါသည်။ ရောမအသင်းတော်သည် ဤငွေရှာနည်း အားဖြင့် ဘဏ္ဍာတော်တိုက်ကို ပြည့်စေလျက် ခေါင်းချစရာပင် မရှိခဲ့သည့် ခရစ်တော်ကိုကိုယ်စားပြုသူများ၏ ကြီးကျယ်ခမ်းနားမှု၊ ဇိမ်ခံမှုနှင့် ညစ်ညမ်းဆိုးယုတ်မှုများကို ဆက်လက်တည်ရှိစေပါသည်။ HFB 42.1
ဘုရားသခင်၏ပွဲတော်မင်္ဂလာအစား မားစ်ဟုခေါ်သည့်ပွဲတော် တစ်ခုကို ကျင်းပသည်။ ရဟန်းမင်းလက်အောက်ရှိ ယဇ်ပရောဟိတ် များသည် အရာခပ်သိမ်းကိုဖန်ဆင်းသည့် ဖန်ဆင်းရှင်ဘုရားသခင်၏ တန်ခိုးများကို ၎င်းတို့ပိုင်ဆိုင်ကြောင်း ဘုရားသခင်ကိုစော်ကား သောစကားများဖြင့် ရဲရင့်သောဒုစရိုက်ကိုပြုလျက် မုန့်ရိုးရိုး၊ စပျစ်ရည်ရိုးရိုးကို ခရစ်တော်၏ အသား၊ ခရစ်တော်၏အသွေးသို့ ပြောင်းလဲ ပစ်ဟန်ဆောင်ကြပါသည်။ ဘုရားသခင်ကို စော်ကားသည့် ဤယုံကြည် ချက်များကို လက်ခံလိုက်လျှောက်ကြရန် ခရစ်ယာန်များကို နိုင်လို မင်းထက်ခိုင်းစေခဲ့ကြပါသည်။ HFB 42.2
၁၃ ရာစုနှစ်တွင် ရောမအသင်းတော်က ကြောက်စရာအကောင်း ဆုံးဖြစ်သည့် Inquisition ဟုအမည်တွင်သော စုံစမ်းအပြစ်ပေးခြင်း စနစ်တစ်ခုကိုချမှတ်တီထွင်ခဲ့ပါသည်။ စာတန်နှင့် ၎င်း၏ကောင်းကင် တမန်များသည် လျှို့ဝှက်စွာအစည်းအဝေး ကျင်းပနေသော ဒုစရိုက် သားများ၏ စိတ်နှလုံးကို ထိန်းချုပ်ခဲ့ပါသည်။ လူတို့၏ မျက်စိဖြင့်ပင် ကြည့်ဖို့မသင့်လျော်လောက်အောင် ရွံရှာဖွယ်ဖြစ်သည့် ထိုသူများ၏ စုံစမ်းအပြစ်ပေးခြင်းဆိုင်ရာ အမိန့်များ၊ လုပ်ဆောင်ချက်များကို မှတ်တမ်းတင်နေသောဘုရားသခင်၏ မျက်မြင်မရသော ကောင်းကင် တမန်တစ်ပါးသည် ထိုအစည်းအဝေးအလယ်တွင် ရပ်ထပ်ခဲ့သည်။ “ဗာဗုလုန်မြို့ကြီးသည် သန့်ရှင်းသူတို့၏ အသွေးနှင့် ယစ်မူးသည်ကို ငါမြင်၏။” ဗျာ၊ ၁၇:၅-၆။ အထူးထူးအပြားပြားသော မာတုရသေပွဲဝင် ခဲ့သူများသည် ဖေါက်ပြန်သော ထိုလုပ်ဆောင်မှုများအပေါ် ပြစ်ဒဏ် စီရင်ပေးပါရန် ဘုရားသခင်ထံ၌ ဟစ်ကြွေးနေကြသည်။ HFB 43.1
ရဟန်းမင်းကြီးသည် ကမ္ဘာ့သက်ဦးဆံပိုင်ဘုရင်တစ်ပါးဖြစ် လာပါသည်။ လောကဘုရင်နှင့် ဧကရာဇ်များသည် ရဟန်းမင်းကြီး ၏အမိန့်ကို နာခံလာကြသည်။ ရောမအသင်းတော်၏ ယုံကြည်ချက် များကိုလည်း နှစ်ပေါင်းများစွာလုံးလုံးလျားလျား ယုံကြည်ကျင့်သုံးလာ ခဲ့ကြသည်။ သာသနာ့ဝန်ထမ်းများကိုလည်း ဂုဏ်ပြုချီးမြှောက်ကာ လိုလေသေးမရှိအောင် ပံ့ပိုးခဲ့ကြရာ ရောမအသင်းတော်သည် မည်သည့် အခါကမှ မရရှိခဲ့ဖူးသော ဂုဏ်သိက္ခာ၊ တန်ခိုးအာဏာနှင့် ကြီးကျယ် ခမ်းနားမှုများကို ရယူပိုင်ဆိုင်ခဲ့ပါသည်။ HFB 43.2
သို့ရာတွင် “ရောမအသင်းတော်၏ မွန်းတည့်ချိန်သည် ဤကမ္ဘာ ကြီးအတွက် ညသန်းခေါင်အချိန် ဖြစ်ခဲ့ရပါသည်။ သမ္မာကျမ်းစာကို လူသိနည်းခဲ့ပါသည်။ အသင်းတော်ခေါင်းဆောင်များသည် ၎င်းတို့၏ အပြစ်ကို ဖော်ပြသည့်အလင်းကိုမုန်းတီးကြရာ ဖြောင့်မတ်ခြင်းအတွက် စံဖြစ်သော ဘုရားသခင်၏ပညတ်တော်ကို ဘေးဖယ်ထားကာ ညစ်ညမ်းဆိုးယုတ်သော အကျင့်များကို အထိန်းအကွပ်မဲ့ လိုက်စား ခဲ့ကြပါ သည်။ ရဟန်းမင်းနှင့် ဂိုဏ်းချုပ်များ၏စံနန်းများသည် ဆိုးရွားသော အပျော်အပါးလွန်ကျူးမှု မြင်ကွင်းများနှင့် ပြည့်ဝလျက်ရှိပါသည်။ တချို့သောအသင်းတော် ဝန်ထမ်းများသည် ပုန်ကန်ထကြွမှုကိုဖြစ်စေသည့် ရာဇဝတ်မှုများကို ကျူးလွန်ကြသည်ဖြစ်ရာ လောကီရှင်ဘုရင်များသည် ၎င်းတို့အား သည်းခံခြင်းငှါ မစွမ်းဆောင်နိုင်ကြတော့ဘဲ အန္တရာယ်ရှိသူများအဖြစ် သတ်မှတ်ကာ ရာထူးမှဖြုတ်ချခဲ့ကြပါသည်။ ထိုအကြောင်းများကြောင့် ဥရောပတစ်ခွင်၌ စာပေ၊ အနုပညာနှင့် ယဉ်ကျေးမှုများသည် ရာစုနှစ်များစွာ တိုးတက်မှုမရှိခဲ့ခြင်းဖြစ်သည်။ ခရစ်ယာန်များသည် ကိုယ်ကျင့်တရားနှင့် အသိဉာဏ်ဆိုင်ရာ သွက်ချာ ပါဒရောဂါဆိုးကို ခံစားခဲ့ကြရပါသည်။ HFB 44.1
ဤဆိုးကျိုးများသည် နှုတ်ကပတ်တော်ကို ပစ်ပယ်ခြင်း၏ ရလဒ်များဖြစ်သည်။ HFB 44.2
*****