Go to full page →

တစ်ဖန်စိတ်ပျက်ရပြန်ခြင်း HFB 429

သို့ရာတွင် ယခုတစ်ဖန်ကြွလာမည်ဟု မြော်လင့်ထားသည့် အချိန်ကျော်သွားခဲ့သော်လည်း ကယ်တင်ရှင်သည် ကြွလာတော်မမူ သေးချေ။ ခရစ်တော်၏ သင်္ချိုင်းဂူသို့ရောက်လာသော်လည်း ခရစ်တော်၏အလောင်းကို မတွေ့သဖြင့် ‘‘ကျွန်မ၏သခင်ကိုယူသွားကြပြီ။ ဘယ်မှာထားသည်ကိုမသိပါ’’ ဟု ငို၍ဟစ်ကြွေးနေသောမာရိကဲ့သို့ပင် ယခုသူတို့ခံစားနေကြရပါသည်။ ယောဟန် ၂၀:၁၃။ HFB 429.1

ထိုသတင်းစကားသည် မှန်ကန်ကောင်းမှန်ကန်နိုင်သည်ဟူသော စိုးရိမ်စိတ်ကြောင့် မယုံကြည်သူများက ဘာမှမဆန့်ကျင်ခဲ့ကြသော်လည်း ဘုရားသခင်၏အမျက်တော်ဆိုင်ရာ အရိပ်အယောင်တစ်ခုတလေကိုမျှ မတွေ့ရသောအခါ ထိုသူများသည် ကြောက်စိတ်များပျောက်လွင့်ကာ အပြစ်တင်ခြင်း၊ ပြက်ရယ်ပြုခြင်းများကို ဆက်လက်လုပ်ဆောင်ခဲ့ကြပါသည်။ ယုံကြည်ကြောင်း ဖွင့်ဟဝန်ခံထားသူများတို့မှ လူပေါင်းမြောက်မြားစွာတို့သည် ၎င်းတို့၏ ယုံကြည် ခြင်းကို လူသိရှင်ကြားစွန့်လွှတ်ခဲ့ကြပါသည်။ ပြက်ရယ်ပြုသူများသည် အားနည်းသူနှင့် သူရဲဘောကြောင်သူများကိုစည်းရုံးကာ ဤကမ္ဘာကြီးသည် ဤအခြေအနေအတိုင်းပင် နှစ်ပေါင်းများစွာ ဆက်လက်တည်ရှိသွားလိမ့်မည်ဟု ဟစ်ကြွေးခဲ့ကြပါသည်။ HFB 429.2

စစ်မှန်သောယုံကြည်သူများသည် အရာခပ်သိမ်းတို့ကို ခရစ်တော်အတွက် ပေးအပ်ကြပြီး မိမိတို့ယုံကြည်ထားသည့်အတိုင်း သတိပေးစကားများကို ကမ္ဘာသို့ဟောကြားခဲ့ကြပါသည်။ ‘‘ကြွလာတော်မူပါ ခရစ်တော်ဘုရား’’ ဟုလည်း လိုလိုလားလားဆုတောင်းခဲ့ကြပါသည်။ သို့ရာတွင် ယခု၌မူ ဘဝစိတ်ပျက်စရာဝန်ထုပ်ဝန်ပိုးကို တစ်ဖန်ထမ်းကာ ပြက်ရယ်ပြုခြင်းများနှင့် ဒုက္ခပေးနှောင့်ယှက်ခြင်းများကို သူတို့ရင်ဆိုင်ကြရ ဦးတော့မည်ဖြစ်သည်။ HFB 430.1

ယေရှုသည် ယေရုရှလင်မြို့ထဲသို့ မြည်းကလေးကိုစီးပြီး အောင်မြင်စွာ ဝင်လာစဉ်အခါက ကိုယ်တော်ရှင်သည် ဒါဝိဒ်၏ ပလ္လင်ထက်သို့တက်ကာ ယုဒများအား ရန်သူများလက်မှ ကယ်ဆယ်တော့မည်ဟု နောက်လိုက်တပည့်တော်များက ယုံကြည်ခဲ့ကြသည်။ လူများစွာတို့သည် မျှော်မှန်းချက်ကြီးစွာဖြင့် မိမိတို့၏အင်္ကျီများကို ချွတ်ကာ ကိုယ်တော်လျှောက် မည့် လမ်းပေါ်တွင်ခင်းပေးခြင်း၊ သံလွင်ခက်များကိုချိုးကာဝှေ့ယမ်းခြင်းများ လုပ်ခဲ့ကြပါသည်။ သို့သော် ထင်သလိုဖြစ်မလာသဖြင့် သူတို့စိတ်ပျက်ခဲ့ရ ပါသည်။ ရက်အနည်းငယ်အကြာတွင် ကယ်တင်ရှင်သည် အသေသတ်ခြင်း ခံရကာ သင်္ချိုင်းထဲ၌မြှုပ်နှံထားခြင်း ခံခဲ့ရပါသည်။ ခရစ်တော်နှင့်အတူ ထိုသူများ၏ မြော်လင့်ချက်များသည်လည်း ပျက်ပြယ်ခဲ့ရပါသည်။ သခင်ဘုရား သင်္ချိုင်းတွင်းမှ ထမြောက်မလာမီ အနာဂတ္တိပြုထားသည့်အတိုင်း ဖြစ်ပျက်မည် ဆိုသည်ကို သူတို့မသိမြင်ခဲ့ကြချေ။ HFB 430.2