Go to full page →

လျှို့ဝှက်သောအကြံအစည်များ HFB 519

လူတို့၏အပြစ်ဒုစရိုက်များအတွက်လည်း မှတ်တမ်းတစ်ခု ရှိသေးသည်။ ‘‘ဘုရားသခင်သည် ခပ်သိမ်းသောဝှက်ထားခြင်းမှစ၍ အလုံးစုံသောအမှု- ကောင်းမကောင်းရှိသမျှတို့ကို စစ်ကြော၍ တရားသဖြင့် စီရင်တော်မူလတ္တံ့။’’ ‘‘လူတို့သည် အကျိုးမဲ့သော စကားကိုပြောသမျှအတွက် တရားဆုံးဖြတ်သောနေ့၌ စစ်ကြောခြင်းကိုခံရလတ္တံ့။ သင့်စကားအားဖြင့် သင်သည် အပြစ်လွှတ်လိမ့်မည်။ (သို့မဟုတ်) သင့်စကားအားဖြင့် အပြစ် စီရင်ခြင်းကိုခံရလိမ့်မည်။ ‘‘မှောင်မိုက်၌ဝှက်ထားသောအရာတို့ကို ပွင့်လင်းစေ၍ စိတ်နှလုံးအကြံအစည်များကို ထင်ရှားစေလတ္တံ့သော သခင်ဘုရား ကြွလာတော်မမူမီတိုင်အောင် အဘယ်သူကိုမျှ အဆုံးအဖြတ် မစီရင်ကြနှင့်။ ကြွလာတော်မူသောအခါ အသီးအသီးတို့သည် ဘုရားသခင် ချီးမွမ်းတော်မူခြင်းကျေးဇူးကို ခံကြရလတ္တံ့။ ဒေသနာ ၁၂:၁၄။ မဿဲ ၁၂:၃၆-၃၇။ ၁ကော၊ ၄:၅။ ကောင်းကင်ရှိစာစောင် (မှတ်တမ်း) များတွင် နာမည်တိုင်း၏တစ်ဘက်တွင် မှားယွင်းသောစကားလုံးအသီးသီး၊ အတ္တများသောလုပ်ဆောင်မှုအသီးသီး၊ ကျေပွန်စွာ မထမ်းဆောင်ခဲ့သည့် တာဝန်ပျက်ကွက်မှု အသီးသီး၊ လျှို့ဝှက်သောအပြစ်ဒုစရိုက် အသီးသီးတို့ကို မှတ်တမ်းတင်ထားလိမ့်မည်။ လျစ်လျူရှုခဲ့သည် ဘုရားသခင်၏သတိပေး ဆုံးမခြင်းများ၊ ဖြုန်းခဲ့သောအချိန်များ၊ အကောင်းအဆိုးနှစ်ခုစလုံးအတွက် အသုံးပြုခဲ့သည့် ဩဇာအာဏာများအား မှတ်တမ်းတင်သည့် ကောင်းကင်တမန်က နေ့ရက်အစဉ်အလိုက် မှတ်တမ်းတင်ထားပါလိမ့်မည်။ HFB 519.1