မကောင်းမှုများ၏ အနိဌာရုံနှင့် အမင်္ဂလာဖြစ်အင်များကို လူအများက မြင်တွေ့နေကြရာ တန်ခိုးတော်အနန္တဉာဏ်တော်အနန္တ၊ မေတ္တာတော်အနန္တနှင့် ပြည့်စုံသည့် ဘုရားရှင်၏အုပ်စိုးမှုအောက်တွင် ထိုမကောင်းမှုဒုစရိုက်များသည် မည်သည့်နည်းဖြင့် ရှင်သန်ရပ်တည်နေနိုင်ကြတာလဲဟု မေးခွန်းထုတ်လာကြ ပါသည်။ သံသယဖြတ်တတ်သည့်ပုဂ္ဂိုလ်များသည် သန့်ရှင်းသောနှုတ်ကပတ် တော်များကို ငြင်းပယ်ရန်အတွက် ထိုအချက်ကို ဆင်ခြေဆင်လက်တစ်ခုအဖြစ် စွဲကိုင်ကြပါသည်။ ဘုရား၏စာရိတ္တတော်နှင့်ပတ်သက်သော သမ္မာကျမ်းချက် များသည်လည်း မိရိုးဖလာများနှင့် မှားယွင်းသောအနက်ဖွင့်မှုများကြောင့် မရှင်းမလင်း၊ ဝိုးတဝါးဖြစ်လာပါသည်။ ဘုရားသခင်၏ အုပ်ချုပ်မှုသဘာဝနှင့် အပြစ်တရားအပေါ်ဆက်ဆံရာတွင် ဘုရားသခင်အသုံးပြုသည့် စည်းမျဉ်း များသည်လည်း ထိုနည်းနှင်နှင် ဖြစ်လာကြပါသည်။ HFB 533.1
အပြစ်တရားတည်ရှိလာခြင်းအတွက် အကြောင်းပြချက်တစ်စုံတစ်ရာ ပေးရန်အပြစ်၏မူလဘူတကိုရှင်းပြဖို့ မလွယ်ကူချေ။ သို့စေကာမူ ဘုရားသခင်၏ တရားမျှတခြင်းနှင့် စေတနာတော်ကို ပြည့်ပြည့်စုံစုံ ထင်ရှားစေနိုင်သည့် အပြစ်၏မူလနှင့် နောက်ဆုံး ပင်ကိုစရိုက်များအကြောင်း ကိုမူ လုံလောက်သောနားလည်မှုများ ရရှိနိုင်ပါသည်။ အပြစ်တရားအတွက် ထာဝရဘုရား၌ တာဝန် လုံးလုံးမရှိပါချေ။ ပုန်ကန်ခြားနားမှုများဖြစ်စေနိုင်လောက်သည့် ချို့ယွင်းမှုများ ဘုရား၏အုပ်ချုပ်ရေးကဏ္ဍတွင် မရှိခဲ့သလို ကျေးဇူးတော်ကို တစ်ဖက်သတ် ပြန်လည်ရုတ်သိမ်းခြင်းများလည်း မရှိခဲ့ပါချေ။ အပြစ်တရားသည် ၎င်း၏ တည်ရှိမှုအတွက် အကြောင်းပြချက် တစ်စုံတစ်ရာပေးနိုင်စွမ်းမရှိသည့် ကျူးကျော်ဝင်ရောက်မှုတစ်ခုဖြစ်သည်။ အပြစ်တရားအတွက် ဆင်ခြေ ပေးခြင်းသည် ထိုအပြစ်တရားကို အကာအကွယ်ပေးနေခြင်းပင်ဖြစ်၏။ အပြစ်တရားအတွက် ဆင်ခြင်ဆင်လက်ကို ရှာတွေ့ပြီဆိုလျှင် အပြစ်ကို ချုပ်ငြိမ်းနိုင်လာလိမ့်မည်။ အပြစ်ဆိုသည်မှာ ဘုရားသခင်၏ အုပ်ချုပ်မှုတွင် အခြေခံဖြစ်သည့် ပညတ်တော်ကို အန်တုခြင်းဆိုင်ရာ စည်းမျဉ်းတစ်ခုမှ ထွက်ပေါ်လာသည့် အကျိုးဆက်တစ်ခုဖြစ်သည်။ HFB 533.2
အပြစ်ဒုစရိုက်များ မရှိခင်အချိန်က ဤစကြဝဠာကြီးသည် ငြိမ်သက်ခြင်း၊ ပျော်ရွှင်ခြင်းများနှင့် ပြည့်ဝနေပါသည်။ ထာဝရဘုရားကို စကြဝဠာတစ်ခုလုံးက ချစ်ခဲ့ကြသည်။ စကြဝဠာသား အချင်းချင်းလည်း မျက်နှာမလိုက်တမ်း ချစ်ခင်ယုယခဲ့ကြသည်။ တစ်ပါးတည်းသောသားတော် ဖြစ်သည့် ခရစ်တော်မှာမူ ထာဝရဘုရားသခင်ဖြစ်သည့် ခမည်းတော်ဘုရားနှင့် စိတ်နေသဘောထား၊ အကျင့်စာရိတ္တနှင့် အကြံအစည်ပိုင်းမှာ တစ်ထေရာတည်း ဖြစ်သည်။ ထာဝရဘုရားသခင်၏ အကြံအစည်တော်နှင့် အလိုတော်ကို ဆောင်ရွက်နိုင်တော်မူသည့် တစ်ပါးတည်းသော ပုဂ္ဂိုလ်လည်းဖြစ်သည်။ ‘‘ထိုသားတော်သည် ကောင်းကင်ပေါ်၊ မြေကြီးပေါ်မှာ ရှိသမျှသော---ရာဇပလ္လင်ဖြစ်စေ၊ အစိုးရခြင်းတန်ခိုးဖြစ်စေ၊ အထွတ်အမြတ်ဖြစ်စေ၊ အာဏာစက်ဖြစ်စေ ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။’’ ကော၊ ၁:၁၆။ HFB 534.1
ဖန်ဆင်းခြင်းခံရသည့် ဝေနေယျသတ္တဝါအပေါင်းတို့၏ ပျော်ရွှင်ချမ်းမြေ့မှုသည် ဘုရားသခင်၏အုပ်ချုပ်ရေးတွင် အုတ်မြစ်ဖြစ်သော မေတ္တာတော်ဆိုင်ရာ ပညတ်တည်းဟူသော ဖြောင့်မတ်ခြင်းစည်းမျဉ်းများ အတိုင်း နေထိုင်စားသောက်မှုအပေါ်တွင် မူတည်နေပါသည်။ ထာဝရဘုရားသည် ၎င်းအား ကိုးကွယ်ကြရန် အတင်းအဓမ္မစေလိုသည် မဟုတ်သောကြောင့် လူသားများသည် မိမိတို့၏သဘောဆန္ဒအရ ကိုယ်တော်အား ကိုးကွယ်နိုင်ကြစေရန်အလို့ငှာ လူသားတိုင်းအား လွတ်လပ်စွာ ရွေးချယ်ခွင့်ပေးထားတော်မူပါသည်။ HFB 535.1
သို့ရာတွင် ထိုလွတ်လပ်ခွင့်ကို တလွဲအသုံးချရန် ရွေးချယ်ခဲ့သူတစ်ဦး ပေါ်ပေါက်ခဲ့ပါသည်။ ဘုရားသခင်၏မြှောက်စားမှုကို ခရစ်တော်ပြီးလျှင် အခံရ ဆုံးသောထိုသူအားဖြင့် အပြစ်တရားသည် အစပျိုးခဲ့ပါသည်။ ဘုရားသခင်၏ ရှေ့တော်မှောက်တွင် ခစားခွင့်ရသည်လူစီဖာအမည်ရှိ ထိုပုဂ္ဂိုလ်မျာ အပြစ်တရားတွင် မကျဆုံးမီက သန့်ရှင်း၍ အညစ်အကြေးနှင့် ကင်းစင်ပါသည်။ ‘‘အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ သင်သည်ထူးဆန်းသောတံဆိပ်ဖြစ်၏။ ပညာနှင့်ပြည့်စုံ၍ တင့်တယ်ခြင်း အသရေလည်း စုံလင်လျက်ရှိ၏။ ဧဒင်အရပ်၊ ဘုရားသခင်၏ဥယျာဉ်တော်၌ နေပြီ။ သင်၏ခေါင်းပေါ်မှာ---ကျောက်မြတ်အမျိုးမျိုးတို့ကို ဆောင်းလေ၏။---သင်သည် ဖြန့်၍လွှမ်းမိုးသောခေရုဗိမ်ဖြစ်လျက် ငါ့အခွင့်နှင့် ဘုရားသခင်၏ သန့်ရှင်းသောတောင်ပေါ်မှာ နေရာကျ၍ မီးတောက်သောကျောက်တို့တွင် သွားလာရ၏။ ဖွားသောနေ့မှစ၍ သင့်အပြစ်ထင်ရှားသောနေ့တိုင်အောင် ပြုလေရာရာ၌ စုံလင်လျက်ရှိ၏။--- သင်သည် ကိုယ်၌တင့်တယ်ခြင်းအသရေကြောင့် ဝါကြွားသောစိတ်ရှိလျက် ဂုဏ်ထွန်းတောက်သောကြောင့် သင်၏ပညာသည် ဖေါက်ပြန်လျက်ရှိလေပြီ။’’ ‘‘သင်သည် ကိုယ်ကိုဘုရားသခင်ကဲ့သို့ ထင်မှတ်၏။’’ ‘‘သင်ကလည်း ဘုရားသခင်၏ကြယ်တို့အပေါ်မှာ ငါ့ပလ္လင်ကို ငါချီးမြှောက်မည်။ မိုးတိမ် ထိပ်ပေါ်သို့ငါတက်မည်။ အမြင့်ဆုံးသောဘုရားကဲ့သို့ ငါနေမည်ဟု စိတ်အကြံ ရှိလေပြီ။’’ ယေဇကျေ၊ ၂၈:၁၂-၁၇။ ယေဇကျေ၊ ၂၈:၆။ ဟေရှာယ ၁၄:၁၃-၁၄။ HFB 535.2
သားတော်ဘုရားအား ခမည်းတော်ဘုရားပေးအပ်တော်မူသည့် ချီးမြှောက်မှုကို တပ်မက်မိသော ဤကောင်းကင်ဗိုလ်မင်းသည် ခရစ်တော် တစ်ပါးတည်းနှင့်သာ ထိုက်တန်သည့်တန်ခိုးအာဏာတော်ကို ရယူပိုင်ဆိုင် လိုစိတ်ပြင်းပြခဲ့ပါသည်။ ထိုမသင့်တင့်မှုကလေးတစ်ခုကြောင့် ကောင်းကင် နိုင်ငံရှိ ညီညွတ်သာယာမှုသည် ပျက်စီးသွားခဲ့ပါသည်။ မိမိကိုယ်ကို မြှောက်စား လိုသည့်စိတ်ဓါတ်သည် ဘုရား၏ဘုန်းအာနုဘော်တော်ကို ဦးထိပ်ထားခဲ့သူများ၏ စိတ်ထဲတွင် မကောင်းသည့်စိတ်ထားများကို ပေါက်ဖွားစေခဲ့ပါသည်။ ထိုသို့သဘောမထားရန် ကောင်းကင်သား အပေါင်းက လူစီဖာအား တောင်းပန်ခဲ့ကြပါသည်။ ခရစ်တော်ကိုယ်တော်တိုင်ကလည်း ပညတ်တော်၏ သန့်ရှင်းသောသဘာဝနှင့် ဖန်ဆင်းရှင်၏ကောင်းမြတ်ခြင်း၊ တရားမျှတခြင်းများကို ၎င်းအားပြောပြခဲ့ပါသည်။ ၎င်း၏လုပ်ဆောင်မှု များသည် ဖန်ဆင်းရှင်ကို အသရေယုတ်လျော့စေသည်သာမက မိမိကိုယ်တိုင် ကိုလည်း ဒုက္ခရောက်စေလိမ့်မည်ဖြစ်ကြောင်း ခရစ်တော်က ၎င်းအားရှင်းပြ ပါသည်။ သို့ရာတွင် သတိပေးလေ၊ ပို၍ဆန့်ကျင်လာလေဖြစ်ကာ ခရစ်တော်အပေါ်ထားရှိသည့် မနာလိုဝန်တိုစိတ်သည် ၎င်းအား လွှမ်းမိုးသွားခဲ့ပါသည်။ HFB 536.1
မာနစိတ်သည် အကြီးအကဲဖြစ်လိုသောဆန္ဒကို ဖြစ်ပွားစေခဲ့ပါသည်။ မြင့်မြင့်မားမားမြှောက်စားခြင်းခံရသော်လည်း လူစီဖာသည် ဘုရားသခင်ကို ကျေးဇူးမတင်သည့်ပြင် ဘုရားနှင့် တတန်းတည်းဖြစ်ရန်ကိုပင် သူန္ဒပြင်းပြ ခဲ့ပါသည်။ သို့ရာတွင် သားတော်ဘုရားတစ်ပါးတည်းသည်သာ ခမည်းတော် ဘုရားသခင်နှင့် ဘုန်းတန်ခိုးအားနုဘော်တော်အရာတွင် တန်းတူဖြစ်ကြောင်း ကောင်းကင်သားများက အသိအမှတ်ပြုကြပါသည်။ ဘုရားသခင် ပြုလုပ်တော်မူသည့်အစည်းအဝေးတိုင်းတွင် ခရစ်တော်သည် အမြဲပါဝင်ခွင့် ရခဲ့သော်လည်း လူစီဖာမှာမူကား အရေးပါသည့်ကိစ္စရပ်များတွင် ပါဝင်ခွင့်မရခဲ့ချေ။ ‘‘အဘယ်ကြောင့် ခရစ်တော်ဟာ ငါ့ထက်ကြီးမြတ်နေရ တာလဲ။ သူ့ကိုငါ့ထက်ဘာကြောင့် ချီးမြှောက်နေရတာလဲ’’ ဟူသောမေးခွန်းကို လူစီဖာမေးလာပါသည်။ HFB 537.1