ဝေါလ်ဒင်းဆီးများသည် ဝိညာဉ်ရေးအစာငတ်မွတ်နေသူများရှေ့တွင် ကတိတော်နှင့်ဆိုင်သည့် ငြိမ်သက်ခြင်းသတင်းစကားကို ဖွင့်ပြကာ ကယ်တင်ခြင်းအတွက် တစ်ခုတည်းသောမျှော်လင့်ချက်ဖြစ်သော ခရစ်တော်ကို ပြညွှန်လိုကြပါသည်။ ကောင်းသောအကျင့်များဖြင့် အပြစ်ဖြေနိုင်သည်ဟူသော လူအများ ကိုင်စွဲထားသောယုံကြည်ချက်သည် မှားယွင်းမှုအပေါ်တွင် အခြေပြုထားသည်။ အသေခံ၍ ထမြောက်တော်မူခဲ့သည့် ခရစ်တော်၏ ကောင်းမှုကုသိုလ်သည်သာ ခရစ်ယာန်ယုံကြည်ခြင်း၏ အခြေခံအုတ်မြစ် ဖြစ်သည်။ ခရစ်တော်အပေါ် အားကိုးမှီခိုနေခြင်းပြုနေသော အသက်ဝိညာဉ်သည် ခန္ဓာကိုယ်မှ အင်္ဂါအစိတ်အပိုင်းတစ်ခုနှင့်လည်းကောင်း၊ စပျစ်ပင်မှ အကိုင်းတစ်ကိုင်းနှင့်လည်းကောင်း တူပါသည်။ HFB 58.1
ရဟန်းမင်းနှင့် ၎င်းတို့၏ရဟန်းပျိုများ၏ သွန်သင်ချက်များသည် ဘုရားသခင်နှင့် ခရစ်တော်အား မာကျောခက်ထန်၍ ကြောက်စရာကောင်းသည့် ပုဂ္ဂိုလ်များအဖြစ် အမြင်ရောက်စေပါသည်။ ဘုရားသခင်နှင့် ခရစ်တော်တို့သည် လူသားများအပေါ် အကြင်နာကင်းလွန်းသဖြင့် ရဟန်းမင်း၏ တပည့်လက်သားများ၏ တရားအပေါ်တွင် ပတ္ထနာပြုရမည်ဖြစ်ကြောင်း အမြင်ရှိစေပါသည်။ စိတ်နှလုံး၌ တရားတော်နှင့် ထိတွေ့ပြီးသားလူများမှာမူ အပြစ်သားများသည် မိမိတို့၏ အပြစ်များကို ဝန်ချတောင်းပန်ကာ အပြစ် လွှတ်ခွင့်ရရန် ဘုရားသခင်ထံတော်သို့ တိုက်ရိုက်ချဉ်းကပ်ရမည်ဟူ၍ စာတန် ချထားသော အဟန့်အတားများကို ရှင်းလင်းပစ်ရန် တောင့်တကြပါသည်။ HFB 58.2