Go to full page →

လူသားများကိုယ်စားငြင်းဆိုခြင်း HFB 546

ကောင်းကင်သားအားလုံးတို့သည် ထင်ရှားပေါ်လွင်လျက်ရှိသော ဘုရားသခင်၏တရားမျှတမှုကို တွေ့မြင်ခဲ့ကြရသည်။ အပြစ်နယ်မှလူသားများသည် ကယ်တင်ခြင်းနှင့် လက်လှမ်းမမှီသည့် အခြေတွင်ရှိသည်ဟု လူစီဖာဖွင့်ဆိုခဲ့ဖူးပါသည်။ သို့ရာတွင် ပညတ်တော် ဆိုင်ရာပြစ်ဒဏ်စီရင်မှုကို ဘုရားနှင့်တတန်းတည်းဖြစ်သော ယေရှုခရစ်က ခံယူတော်မူခဲ့ပြီဖြစ်သဖြင့် လူသည် အဖိုးအခမပေးဘဲ ခရစ်တော်၏ဖြောင့်မတ် ခြင်းကို လက်ခံရယူကာ နောင်တရသောစိတ်၊ နှိမ့်ချသောစိတ်များဖြင့် စာတန်၏ တန်ခိုးကိုကျော်လွှားကြရန်ဖြစ်သည်။ HFB 546.2

သို့ရာတွင် လူသားများကိုကယ်တင်ရုံသက်သက်၊ အသေခံရန် ခရစ်တော်ဤလောကသို့ကြွလာတော်မူသည်မဟုတ်ပါ။ ဘုရားသခင် ပညတ်တော်သည် ပြောင်းလဲမှုမရှိကြောင်းကိုလည်း ဖော်ပြရန် ကြွလာခြင်း ဖြစ်သည်။ ပညတ်တော်သည် ပြောင်းလဲမှုမရှိကြောင်း ဘုရားသခင့်အုပ်ချုပ်မှု အုတ်မြစ်သည် တရားမျှတခြင်းနှင့် ကရုဏာတော်ဖြစ်ကြောင်းကို ခရစ်တော်၏ အသေခံခြင်းက သက်သေခံနေပါသည်။ အပြစ်တရားအတွက် မည်သည့် ဆင်ခြေဆက်လက်မျှ မပေးနိုင်သည်ကို နောက်ဆုံးတရားစီရင်သောအချိန်တွင် တွေ့မြင်ကြရလိမ့်မည်။ ‘‘အဘယ်ကြောင့် ငါ့ကိုဆန့်ကျင်ပြီး ပုန်ကန်ရတာလဲ’’ ဟု ကမ္ဘာ့တရားသူကြီးခရစ်တော်က စာတန်အား မေးသောအချိန်တွင် မည်သည့်ဆင်ခြေကိုမျှ သူပေးနိုင်လိမ့်မည်မဟုတ်ချေ။ HFB 547.1

‘‘အမှုပြီးပြီ’’ ဟု ခရစ်တော်ဟစ်ကြွေးရာတွင် စာတန်၏ အသုဘ ခေါင်းလောင်းကို ထိုးလိုက်ခြင်းဖြစ်သည်။ ထိုအချိန်တွင် မဟာတိုက်လှန်ပွဲ အတွက် ဆုံးဖြတ်ချက်ချခဲ့ချေပြီ။ ဒုစရိုက်ကို အပြစ်မှသုတ်သင်ရန် သေချာသွားချေပြီ။ ‘‘မီးဖို၌ မီးလောင်သကဲ့သို့ လောင်သောနေ့ရက်ကာလသည် ရောက်လိမ့်မည်။ မာနကြီးသော သူနှင့် ဒုစရိုက်ပြုသောသူအပေါင်းတို့သည်-----အဖျားမျှမကျန်ကြွင်းစေခြင်းငှာ ထိုနေ့ရက်သည် လောင်လိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေထာဝရဘုရား မိန့်တော်မူ၏။’’ မာလခိ ၄:၁။ HFB 547.2

အပြစ်ဒုစရိုက်သည် မည်သည့်အခါမျှ ပေါ်ထွန်းလာနိုင်တော့မည် မဟုတ်ချေ။ ဘုရားသခင်၏ပညတ်တော်ကို လွှတ်ခြင်းဆိုင်ရာပညတ်အနေဖြင့် ဂုဏ်ပြုကြလိမ့်မည်။ စစ်ဆေးမှုအသီးသီးတွင် အောင်ပွဲဆင်ခဲ့ကြသည်။ ဝေနေယျသတ္တဝါများသည် ဉာဏ်တော်အနန္တ၊ မေတ္တာတော်အနန္တနှင့် ပြည့်စုံသည့် ကိုယ်တော်ရှင်အား မည်သည့်အခါမျှ ကျောခိုင်းကြတော့မည် မဟုတ်ချေ။ HFB 548.1

*****