Go to full page →

အခန်း (၃၃) - သေလွန်ခြင်း၏ နောက်ကွယ်တွင် HFB 579

ကောင်းကင်နိုင်ငံတွင် ဖြစ်ပွားခဲ့သောပုန်ကန်ခြားနားမှုကို နှိုးဆွ ပေးခဲ့သူစာတန်သည် ဘုရားသခင်နှင့်ဆင်နွှဲနေသောတိုက်ပွဲတွင် ကမ္ဘာသူကမ္ဘာသားများက သူ့ဘက်မှပါဝင်ဆင်နွှဲစေလိုလျက်ရှိသည်။ အာဒံနှင့် ဧဝသည် ဘုရားသခင်၏ပညတ်တော်အတိုင်း အသက်ရှင်နေထိုင်ခဲ့ခြင်း အားဖြင့် စုံလင်သောပျော်ရွှင်မှုကို ခံစားခဲ့ရပါသည်။ ဘုရားသခင်၏ပညတ်များ သည် ဖိနှိပ်ချုပ်ချယ်ရန် သက်သက်ထားရှိသည်ဟု ကောင်းကင်နိုင်ငံတွင် စာတန်ပြောခဲ့ဖူးသောစကားများသည် ဤအချက်နှင့်ဆန့်ကျင်နေပါသည်။ စာတန်သည် ဤကမ္ဘာကြီးကို အပိုင်သိမ်းယူကာ ဘုရားသခင်အား အန်တုမည့် နိုင်ငံတစ်ခုကို ဤအရပ်တွင်တည်ထောင်နိုင်ရန်အတွက် လူသားများအား ကျဆုံးသွားအောင်လုပ်ဖို့ ဆုံးဖြတ်ချက်ချထားပါသည်။ HFB 579.1

ထိုအန္တရာယ်ကောင်အကြောင်းကို အာဒံနှင့် ဧဝတို့အား ဘုရားသခင် သတိပေးထားပြီးဖြစ်သော်လည်း စာတန်သည် မိမိ၏အကြံအစည်အမှန်ကို ဖုံးကွယ်ကာ အမှောင်ထဲတွင် အလုပ်လုပ်ခဲ့ပါသည်။ သူသည်ထိုစဉ်က အလှပဆုံး သတ္တဝါဖြစ်သည့် မြွေ၏အယောင်ကိုဆောင်ကာ ‘‘သင်တို့သည် ဥယျာဉ်ရှိသမျှအပင်တို့၏အသီးကိုမစားရဟု ဧကန်စင်စစ် ဘုရားသခင် မိန့်တော်မူသလော’’ ဟု ဧဝအားမေးလေ၏။ သူနှင့်အရဲစွန့်ပြီး စကားပြောခဲ့ မိသည့် ဧဝသည် သူ၏မာယာတွင် သားကောင်ဘဝသို့ကျရောက်ခဲ့ရပါသည်။ ‘‘မိန်းမကလည်း ငါတို့သည် ဥယျာဉ်၌ရှိသောအပင်တို့၏အသီးကိုစားရသော အခွင့်ရှိ၏။ ဥယျာဉ်အလယ်၌ရှိသော အပင်၏အသီးကိုကား သင်တို့သည် မကိုင်မစားဘဲနေကြလော့။ သို့မဟုတ် သေမည်ဟု ဘုရားသခင်အမိန့်တော် ရှိသည်ဟု မြွေအားဆို၏။ မြွေကလည်း သင်တို့သည် ဧကန်အမှန်သေရမည် မဟုတ်။ အကြောင်းမူကား ထိုအသီးကိုစားသောနေ့၌ သင်တို့သည် မျက်စိ ပွင့်လင်းလျက်ကောင်းမကောင်းကိုသိ၍ ဘုရားသခင်ကဲ့သို့ဖြစ်လာမည်ကို ဘုရားသခင်သိတော်မူသည်ဟု မိန်းမအားဆို၏။’’ ကမ္ဘာ၊ ၃:၁-၅။ HFB 579.2

ဧဝသည်စုံစမ်းခြင်းတွင် ကျဆုံးသွားခဲ့ပါသည်။ သူမကြောင့် အာဒံသည်လည်း အပြစ်တရားတွင်နစ်မြုပ်သွားခဲ့ပါသည်။ သူတို့သည် မိမိတို့၏လွတ်လပ်မှုကို ချုပ်ချယ်နေသည်ဟု အထင်ရောက်ကာ ဖန်ဆင်းရှင်အား မကိုးစားတော့ဘဲ မြွေ၏စကားများကို လက်ခံခဲ့ကြပါသည်။ HFB 580.1

သို့ရာတွင် ‘‘စားသောနေ့တွင် ဧကန်အမှန်သေရမည်’’ ဟူသော မိန့်ဆိုချက်၏အနက်အဓိပ္ပါယ်ကို အာဒံမည်သို့တွေ့ရှိခဲ့သနည်း။ ပို၍မြင့်မြတ်သောအသက်တာကို သူရောက်ရှိသွားခဲ့ပါသလား ဘုရားသခင့် စီရင်ချက်၏အနက်သည် ထိုသို့ဖြစ်ခဲ့ကြောင်း အာဒံမတွေ့ခဲ့ရပါ။ လူသည် အပြစ်၏အဖိုးအခအဖြစ် မြေကြီးကို ပြန်ရမည်ဟု ဘုရားသခင်မိန့်မြွက်ခဲ့သည်။ ကမ္ဘာ၊ ၃:၁၉။ သင်တို့ပြန်ရမည်ဟု ဘုရားသခင်မိန့်မြွက်ခဲ့သည်။ ကမ္ဘာ၊ ၃:၁၉။ သင်တို့သည် မျက်စိပွင့်လင်းမည်ဟု စာတန်ပြောခဲ့သည့်စကားသည် ဤနေရာတွင် မှန်ပါသည်။ မိမိတို့၏ဆိုးညစ်မှုများကို မြင်တွေ့နိုင်ရန် သူတို့၏ မျက်စိများသည် အမှန်ပင်ပွင့်လင်းခဲ့ပါသည်။ အပြစ်ဆိုသည်ကိုလည်း သူတို့ သိရှိခဲ့ရပြီး ပညတ်တော်ကိုလွန်ကျူးခြင်းကြောင့် ဖြစ်ပေါ်လာသည့် ခါးသီးသောအသီးကိုလည်း သူတို့မြည်းစမ်းခဲ့ရပါသည်။ HFB 580.2

ထိုအသက်၌ပင် အသက်တာကိုတည်တံ့စေနိုင်သည့် တန်ခိုးရှိပါသည်။ အာဒံသည် ထိုအသက်ပင်၏အသီးကိုစားကာ ထာဝရကာလအသက်ရှင်ခွင့် ရရှိခဲ့ငြားသော်လည်း အပြစ်ကျူးလွန်ခဲ့ပြီးဖြစ်သဖြင့် ထိုအသက်ပင်အနီးသို့ ချဉ်းကပ်ခွင့်မရတော့ဘဲ သေမျိုးဖြစ်လာခဲ့ရပါသည်။ ပညတ်တော်ကိုလွန်ကျူး မိခဲ့သဖြင့် အမတဘဝတည်းဟူသော မသေနိုင်သည့်ဇာတိမှ ပြန်လည်ရုတ်သိမ်း ခြင်းခံခဲ့ရပါသည်။ ဘုရားသခင်ကသာ သားတော်အားဖြင့် ထိုမသေနိုင်သည့် အဖြစ်အား လူသားများလက်လှမ်းမီလောက်သည့်အခြေတွင် မစီစဉ်ပေးပါက လူသားအပေါင်းသည် မြော်လင့်ချက်မဲ့ခဲ့လိမ့်မည်သာတည်း။ ‘‘လူအပေါင်း တို့သည် အပြစ်ရှိသောကြောင့် သေခြင်းသို့ရောက်ရကြ၏။’’ သို့ရာတွင် ‘‘ထိုသခင်သည်-----အသက်ရှင်ခြင်းအကြောင်းနှင့် မဖေါက်ပြန်ခြင်းအကြောင်း ကို ဧဝံဂေလိတရားအားဖြင့် ထင်ရှားစေတော်မူပြီ။’’ ‘‘သားတော်ကိုယုံကြည် သောသူသည် ထာဝရအသက်ကိုရ၏။ သားတော်ကိုပယ်သောသူမူကား အသက်ကိုမတွေ့ရ’’ ရောမ ၅:၁၂။ ၂တိ၊ ၁:၁၀။ ယောဟန် ၃:၃၆။ HFB 581.1