Go to full page →

ပရိုတက်စတင့်အယူဝါဒ၏ပြောင်းလဲမှုတစ်ခု HFB 622

ရောမအသင်းတော်၏ ယုံကြည်ချက်များသည် ပရိုတက်စတင့် အသင်းတော်၏ ယုံကြည်ချက်များနှင့် ရှေးအခါတုန်းကလောက် ကွဲပြားခြားနားမှုမရှိတော့ပါဟု ပရိုတက်စတင့်နိုင်ငံများတွင် ဖွင့်ဆို နေကြသည်။ ပြောင်းလဲမှုတစ်ခုရှိခဲ့သည်မှာမှန်သည်။ သို့ရာတွင် ထိုပြောင်းလဲ မှုသည် ရောမအသင်းတော်၏ ယုံကြည်ချက်များတွင် ဖြစ်ပေါ်သည်မဟုတ်ဘဲ ပရိုတက်စတင့်များ၌သာ ပြောင်းလဲမှုရှိခဲ့ပါသည်။ ဘာသာရေးပြုပြင်ပြောင်းလဲ သူများ၏ အချိန်မှစ၍ အကြီးအကျယ်နိမ့်ကျယုတ်လျော့လာသည့် ပရိုတက်စတင့်အယူဝဒါကြောင့် ယခုတည်ရှိနေသော ပရိုတက်စတင့် ယုံကြည်ချက်များသည် ရောမအသင်းတော်၏ ယုံကြည်ချက်များနှင့် အမှန်တကယ် ဆင်တူရိုးမှား ဖြစ်နေပါသည်။ HFB 622.2

လောကီသားများ၏ ထောက်ခံမှုရရှိရန် ကြိုးစားနေသည့် ထိုပရိုတက်စတင့်အသင်းတော်သည် မကောင်းမှုအလုံးစုံအား ကောင်းမြတ်သည်ဟု ယုံကြည်နေပါသည်။ အကျိုးဆက်အနေဖြင့် သူတို့သည် ကောင်းမြတ်မှုအလုံးစုံအား အနိဌာရုံတစ်ခုကဲ့သို့ အဆုံးတွင် ယုံကြည်ကြ လိမ့်မည်။ သူတို့သည် ယခင်ကကဲ့သို့ပင် ယခုတွင်လည်း ထိုအသင်းတော် အပေါ် မိမိတို့မညှာမတာထင်မြင်သုံးသပ်ခဲ့မှုများအတွက် တောင်းပန်ခယ နေကြပါသည်။ မိမိတို့၏ တစ်ယူသန်မှုအတွက် ခွင့်လွှတ်ရန် တောင်းပန်နေကြ ပါသည်။ အလယ်ခေတ်တွင် ဖြစ်ပေါ်ခဲ့သောအသိဉာဏ်နှင့် ကိုယ်ကျင့်တရား ဆိုင်ရာ အမှောင်ကျမှုကြောင့် ရောမအသင်းတော်၏ အယူသီးမှုနှင့် ဖိနှိပ်ညှဉ်းဆဲမှုများသည် ပျံ့နှံ့သွားခဲ့ကြောင်း ခေတ်သစ်အသိပညာ ဖွံ့ဖြိုးခြင်းနှင့် ဘာသာရေးကိစ္စများတွင် လျော့ရဲလားခြင်းသည် ချုပ်ချယ် လိုမှုကို အသက်သွင်းရန် ဟန့်တားလျက်ရှိကြောင်း လူအများက ပြောလာပါ သည်။ အသိပညာဖွံ့ဖြိုးနေသည့်ဤခေတ်တွင် ထိုကဲ့သို့သောကိစ္စများ ဖြစ်နေဆဲဖြစ်ကြောင်း သုံးသပ်နေခြင်းမှာ ရယ်စရာဖြစ်နေပါသည်။ သို့ရာတွင် သတိရစရာအချက်တစ်ခုမှာ ချပေးသည့်အလင်းတရား ကြီးမားလေလေ ထိုအလင်းကိုငြင်းဆန်နေသူများနှင့် သွေဖည်အောင်လုပ်နေသူများ၏ အမှောင်သည် ပို၍ပို၍မိုက်လေလေဆိုသည့်အချက်ဖြစ်သည်။ HFB 623.1

အသိဉာဏ်ဆိုင်ရာမှောင်မိုက်ကာလများသည် ရောမအသင်းတော်၏ အောင်မြင်မှုအတွက် မျက်နှာသာပေးခဲ့သည့်နည်းတူ အသိဉာဏ်ဖွံ့ဖြိုးသော ကာလသည်လည်း ထပ်တူထပ်မျှ မျက်နှာသာပေးနေပါသည်။ အတိတ်ကာလတွင် လူတို့သည် သမ္မာတရားဆိုင်ရာ အသိပညာချို့တဲ့ခဲ့ကြ သည့်အတွက် မည်ကဲ့သို့အသက်ရှင်နေထိုင်ကြရမည်ကို မသိသဖြင့် စာတန်၏ ကျော့ကွင်းတွင် အမိခံခဲ့ကြရ၏။ ယနေ့အသက်ရှင်နေကြသည့်လူအများ သည်လည်း ထိုစဉ်က လူများကဲ့သို့ပင် မျက်ကန်းများသဖွယ် ထိုကျော့ကွင်း များကိုပင်တိုးနေကြပါသည်။ လူတို့သည် မိမိတို့၏ အယူအဆများကို ဘုရား၏ နှုတ်တော်ထွက်စကားများထက် အမွှန်းတင်လာသောအချိန်တွင် အသိပညာ ရှိခြင်းသည် အသိပညာမဲ့ခြင်းထက် ၎င်းတို့ကိုထိခိုက်နစ်နာစေပါသည်။ ယခုခေတ်မှားယွင်းသောသိပ္ပံပညာသည် အမှောင်ခေတ်အချိန်က မသိ နားမလည်မှုကြောင့် ရောမယုံကြည်ချက်များကို လက်ခံရန် ပြင်ဆင်ပေးသကဲ့သို့ အောင်မြင်စွာပြင်ပေးနေပါသည်။ HFB 624.1