Go to full page →

သန့်ရှင်းသောမြို့တော်ထဲသို့ HFB 702

ကဋေနှင့်ချီသော ထိုလူအုပ်ကြီးသည် ခရစ်တော်ကိုသာ စူးစူးစိုက်စိုက် ကြည့်နေကြပါသည်။ ‘‘လူမဟုတ်သကဲ့သို့ မျက်နှာပျက်ခြင်း၊ လူသားမဟုတ် သကဲ့သို့ အဆင်းအသရေပျက်ခြင်း’’ ရှိခဲ့ဖူးသော ကိုယ်တော်ရှင်၏ ဘုန်းတော်ကို ကယ်တင်ခြင်းခံရသူတိုင်းက ကြည့်နေကြပါသည်။ ဟေရှာ၊ ၅၂:၁၄။ ကိုယ်တော်ရှင်သည် အောင်ပွဲဆင်ခဲ့သောထိုသူအပေါင်းတို့၏ ဦးခေါင်းတွင် ဘုန်းဦးရစ်သရဖူကိုဆောင်းပေးတော်မူသည်။ မိမိ၏ ‘‘နာမည်သစ်’’ နှင့် ‘‘ထာဝရဘုရားအားသန့်ရှင်းခြင်း’’ ဆိုသည့်စာတမ်းကို ကမ္ဗည်းထိုး ထားသည့်သရဖူများကို ထိုသူအားလုံးရကြလိမ့်မည်။ (ဗျာ၊ ၂:၁၇)။ ထိုသူတိုင်း၏လက်ထဲတွင် အောင်သပြေခက်နှင့် ရွှေစောင်းများရှိနေပါသည်။ ထိုနောက် အမိန့်ပေးသောကောင်းကင်တမန်များက အချက်ပြလိုက်သည်နှင့် တစ်ပြိုင်နက် ညက်ညောသာယာသောသီချင်းသံစဉ်များကို ကျွမ်းကျင်စွာ တီးခတ်ကြပါသည်။ ‘‘ငါတို့ကိုချစ်၍ မိမိအသွေးနှင့် ငါတို့အပြစ်များကို ဆေးကြောတော်မူ၍ မိမိခမည်းတော် ဘုရားသခင်ရှေ့၌ ငါတို့ကို ရှင်ဘုရင်အရာ ၌လည်းကောင်း၊ ယဇ်ပုရောဟိတ်အရာ၌လည်းကောင်း ထားတော်မူသော သူသည် ကမ္ဘာအဆက်ဆက် ဘုန်းအသရေ၊ အစွမ်းသတ္တိရှိတော်မူစေသတည်း’’ ဟူသော ဓမ္မသီချင်းဖြင့် လူတိုင်းကြွေးကြော်နေကြပါသည်။ ဗျာဒိတ် ၁:၅-၆။ HFB 702.2

ထိုသူများ၏ရှေ့တွင် သန့်ရှင်းသောမြို့တော်ရှိနေပါသည်။ မြို့တော်၏ ဂိတ်တံခါးများကို ခရစ်တော်ဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက် သမ္မာတရားကို စောင့်ထိန်းခဲ့သူများသည် မြို့တော်ထဲသို့ဝင်သွားကြပါသည်။ ထိုစဉ်တွင် ‘‘ခမည်းတော်ထံ ကောင်းချီးမင်္ဂလာကိုခံသောသူတို့ ကမ္ဘာဦးကပင် သင်တို့အဖို့ ပြင်ဆင်သောနိုင်ငံကို လာ၍အမွေခံကြလော့’’ ဟူသော ကိုယ်တော်၏ မိန့်မြွက်သံကို ကြားရပါသည်။ မဿဲ ၂၅:၃၄။ ခရစ်တော်က ‘‘ငါမှစ၍ ငါ့အား ဘုရားသခင်ပေးတော်မူသောသူငယ်တို့သည် ရှိကြပါ၏။’’ ‘‘အကျွန်ုပ်အား ပေးတော်မူသောသူတို့ကို အကျွန်ုပ်စောင့်မပါပြီ’’ ဟု ကြွေးကြော်ကာ မိမိ အသွေးတော်ဖြင့် ဝယ်ခဲ့ရသူများအား ခမည်းတော်ဘုရားသခင့်ထံတွင် ဆက်ကပ်တော်မူပါသည်။ ဟေဗြဲ ၂:၁၃။ ယောဟန် ၁၇:၂၁။ မိမိ၏ပုံသဏ္ဌာန် တော်ကိုလည်းကောင်း၊ အပြစ်အနာအဆာ ကင်းစင်၍ မိမိတို့နှင့်တစ်ဖန်လိုက်ဖက်ညီနေသည့် ကယ်တင်ခံရသူများကို ကြည့်မြင်တော်မူသောအခါ ထာဝရဘုရားသခင်သည် အလွန်ပီတိထောမနဿ ဖြစ်လျက်ရှိနေပါသည်။ HFB 703.1

ပြင်းထန်သောဝေဒနာနှင့် အသရေပျက်ခြင်းများကို ရင်ဆိုင်လျက် ကယ်တင်ခံခဲ့ရသည့်အသက်ဝိညာဉ်များကို နိုင်ငံတော်တွင် တွေ့မြင်ရသည့် အတွက် ခရစ်တော်ကိုယ်တိုင်လည်း ဝမ်းသာပီတိဖြစ်နေပါသည်။ ကယ်တင်ခြင်းခံရသူများသည်လည်း ကိုယ်တော်နှင့်အတူ ဝမ်းမြောက်နေကြ ပါသည်။ ၎င်းတို့၏ဆုတောင်းခြင်း၊ အမှုတော်ဆောင်ခြင်းနှင့် အနစ်နာခံခြင်း များကြောင့် ကယ်တင်ခြင်းခံရသူများကိုကြည်ကာ သူတို့ဝမ်းမြောက်နေကြ ပါသည်။ မိမိတို့ကြောင့် ကယ်တင်ခြင်းခံခဲ့ရသူများကို တွေ့မြင်သောအချိန်တွင် ၎င်းတို့၏နှလုံးသားတွင် ဝမ်းသာမှုအပြည့်ခံစားကြရလိမ့်မည်။ HFB 704.1