Go to full page →

ထာဝရဘုရား၏စိတ်ရှည်တော်မူခြင်း HFB 9

ထာဝရဘုရားသည် ၎င်းတို့အား အပြစ်ဒဏ်စီရင်သင့် သော်လည်း အနှစ် (၄၀) စောင့်ဆိုင်းတော်မူခဲ့သည်။ ခရစ်တော်၏ ဇာတိတော်နှင့် အမှုတော်အကြောင်းကို မသိနားမလည်သေးသည့် ယုဒလူအရေအတွက် မှာလည်း များပြားစွာရှိနေသေး၏။ မိဘများက လက်ခံရန် ငြင်းဆန်ခဲ့သော အလင်းတော်ကို ယုဒလူငယ်များမခံစားရသဖြင့် ဘုရားသခင်သည် တမန်တော်များအားဖြင့် ၎င်းတို့အား အလင်းပြတော်မူခဲ့သည်။ ထိုယုဒလူများသည် ခရစ်တော်၏ လူဇာတိ ခံယူခြင်း၌သာမက အသေခံခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းများတွင် အနာဂတ္တိစကားများ ပြည့်စုံနေသည်ကိုတွေ့မြင်ကြရသည်။ ထိုလူငယ်များသည် မိဘများ၏ အပြစ်ကြောင့် တရားစီရင်ခြင်းခံကြရမည် မဟုတ်သော်လည်း ပြတော်မူသော အလင်းကို လက်ခံရန်ငြင်းဆန်ပါလျှင် သူတို့သည်လည်း မိမိတို့၏ မိဘများနှင့်အတူ အမျက်တော် စပျစ်ရည်ကိုသောက်ကြရလိမ့်မည်။ HFB 9.2

ထိုယုဒလူများသည် ကရုဏာတော်၏နောက်ဆုံးဖိတ်ခေါ်မှုကို ခေါင်းမာစွာဖြင့် ငြင်းဆန်ခဲ့ကြသည်။ ထိုနောက်ဘုရားသခင်သည် မိမိ၏အကာအကွယ်ပေးမှုကို ရုတ်သိမ်းတော်မူလိုက်ကာ မိမိတို့ကြိုက် ရာခေါင်းဆောင်၏ အုပ်ချုပ်မှုအောက်တွင် နေထိုင်ရန် ထိုသူများအား စွန့်ပစ်တော်မူ၏။ စာတန်ကလည်း ကြမ်းတမ်း၍နိမ့်ကျသော အာသာရမ္မက်များဖြစ်ပေါ်လာစေရန် ထိုသူများ၌နှိုးဆွလိုက်ရာ ဆင်ခြင် တုံမဲ့ကြမ်းတမ်းခက်ထန်စွာ လုပ်ဆောင်လာကြပါသည်။ မိတ်ဆွေ အချင်းချင်း၊ ဆွေမျိုးအချင်းချင်း၊ တစ်ယောက်အပေါ်တစ်ယောက် သစ္စာဖောက်လာ ကြသည်။ မိဘက သားသမီးကို သတ်ဖြတ်သကဲ့သို့ သားသမီးများကလည်း မိဘရင်းကိုလုပ်ကြံကြသည်။ အုပ်ချုပ်သူများ၌ အာဏာတန်ခိုးမရှိတော့ဘဲ ကိလေသာဇောအလိုအတိုင်း မင်းမဲ့စရိုက်ကို ကျင့်သုံးနေကြသည်။ ယုဒများသည် မမှန်သောသက်သေများကို လက်ခံကာ အပြစ်ကင်းသော ခရစ်တော်ကို ကွပ်မျက်ခဲ့ကြရာ ယခုတွင်မူမမှန်သောစွပ်စွဲမှုများကြောင့် ၎င်းတို့၏အသက်တာများသည် မသေချာမရေရာတော့ချေ။ ဘုရားသခင်ကို ကြောက်ချစ်သည့်စိတ် မလွှမ်းမိုးတော့သည့် ၎င်းတို့၏အသက်တာကို စာတန်သည် မင်းမူလာ ခဲ့ချေပြီ။ HFB 9.3

ဆန့်ကျင်ဘက်ဂိုဏ်းဂဏများအကြား ရက်စက်သောလူသတ် ပွဲများဖြစ်ပွားခဲ့သည်။ ရွံရှာဖွယ်ရက်စက်မှုသည် ဗိမာန်တော်ပရဝဏ်၌ ပင်ဖြစ်ပွားလာခဲ့သည်။ သန့်ရှင်းသောဗိမာန်တော်သည် အလောင်းများကြောင့် ညစ်ညမ်းခဲ့ရသည်။ သို့စေကာမူ အလွန်ဆိုးရွားသော ဤဖြစ်ရပ်၏ လက်သည်များကမူ ယေရုရှလင်မြို့ကြီးပျက်စီးသွားမှာ ကိုစိုးရိမ်ဖို့မလိုကြောင်း၊ ဤမြို့သည် ဘုရားသခင်၏မြို့တော်ဖြစ်ကြောင်း ရောမစစ်တပ်က ဗိမာန်တော်ကိုဝိုင်းထားသည့်တိုင် ထာဝရဘုရားသခင်သည် ရန်သူများကို ချေမှုန်းပစ်မည်ကို ယုံကြည်သင့်ကြ ကြောင်း လူသိရှင်ကြားဖွင့်ဆိုကြသော်လည်း ဘုရားသခင်၏ အကာ အကွယ်ကို အလေးမထားသောထိုမြို့သည် ယခုတွင်မူ အကာအကွယ် မဲ့လျက်ရှိချေပြီ။ HFB 10.1