ဘာကင်းသည် ကပ်တိုင်ပေါ်သို့ရောက်နေစဉ်မှာပင် လူထုကြီးအား စကားအနည်းငယ်ပြောရန် ကြိုးစားခဲ့သေးသော်လည်း ရဟန်းပျိုများ၏အော်ဟစ်သံနှင့် စစ်သားများ၏သေနတ်မောင်းတင်သံ များကြောင့် သူ့အသံကို မည်သူမှမကြားရချေ။ ဤနည်းအားဖြင့် ယဉ်ကျေးမှုရှိသော ပဲရစ်၏အမြင့်ဆုံးသော ဘာသာရေးအာဏာပိုင်များက သေခါနီးဆဲဆဲပုဂ္ဂိုလ်တစ်ဦးဖွင့်ဟသော နှုတ်ကပတ်တော်များကို ကပ်တိုင်ပေါ်တွင် ကွယ်ပျောက်စေသော နိမ့်ကျသည့်နည်းစနစ်တစ်ခုကို ၁၅၂၉ ခုနှစ်တွင် အများပြည်သူ ၁၇၉၃ ဦးအား အစပျိုးကျင့်သုံးခဲ့ပါသည်။ ဤနည်းဖြင့် အသတ်ခံခဲ့ရသော ဘာကင်း၏ ကျန်ကြွင်းသောရုပ်ကလာပ်ကို မီးရှို့ပစ်ခဲ့ကြပါသည်။ HFB 223.3
ပြုပြင်ပြောင်းလဲရေးယုံကြည်ချက်များကို သွန်သင်သောဆရာ များသည် အခြားနေရာအသီးသီးသို့ ထွက်ခွာသွားခဲ့ကြပါသည်။ လက်ဖီးဘားက ဂျာမနီသို့ထွက်ခွာသွားပြီး ဖားရယ်က ပြင်သစ်ပြည်အရှေ့ ခြမ်းရှိ ဇာတိမြေသို့ပြန်သွားခဲ့ပါသည်။ ငယ်စဉ်တောင်ကျေးကတည်းက နေထိုင်ခဲ့သောအိမ်ကေလေးတွင် အမှန်တရားကိုဟောခဲ့ရာ တရားနာသူများ ရှိခဲ့သော်လည်း မကြာမီမှာပင် ထိုမြို့မှ ၎င်းအားနှင်ထုတ်လိုက်ကြပါသည်။ သူသည် ပုဂ္ဂလိကနေအိမ်များတွင် တရားတော်ကိုသွန်သင်လျက် ရွာစဉ်လျှောက် ခဲ့ပါသည်။ ကလေးဘဝတုန်းက ကစားခဲ့သောကျောက်တောင်များ၊ သစ်တောအုပ်များတွင်နားနေလျက် မြက်ခင်းပြင်ကြီးများ၌ တစ်ဦးတည်း အချိန်ဖြုန်းခဲ့ရသည်။ HFB 224.1
တမန်တော်များခေတ်အချိန်ကကဲ့သို့ပင် နှိပ်စက်ညှဉ်းပန်းခြင်း များသည် ‘‘ဧဝံဂေလိတရားကို မမြစ်တားသည်သာမက ပြုစုရာဖြစ်ခဲ့သည်’’ ဖိ၊ ၁:၁၂။ ပဲရစ်နှင့် မဲအောက်ဇ်မှ နှင်ထုတ်လိုက်သောအခါ အရပ်ရပ်သို့ကွဲပြားသွားသောထိုသူတို့သည် လှည့်လည်၍ နှုတ်ကပတ်တော် တည်းဟူသော ဧဝံဂေလိတရားကိုဟောကြ၏။ (တမန်၊ ၈:၄)။ ဤနည်း အားဖြင့် ပြင်သစ်ပြည်ရှိ ဝေးလံသောနေရာဒေသများသို့ အလင်းတော်ရောက်ရှိ သွားခဲ့ပါသည်။ HFB 224.2