Go to full page →

အခန်း (၁၁) သခင်ခရစ်တော် (ကောင်းကင်သို့) တက်ကြွခြင်း။ GCB58 29

သခင်ခရစ်တော်သည် ခမည်းတော်ထံသို့ အောင်မြင်စွာတက်ကြွမည့် အချိန်နာရီကို ကောင်းကင်တစ်ခုလုံး စောင့်မျှော်လျှက် ရှိနေပါသည်။ ဘုန်းတော်အရှင်သခင်ကို ကောင်းကင်သို့အောင်မြင်စွာ ခြံရံပို့ဆောင်နိုင်ရန်အတွက် ကောင်းကင်တမန်များ ဆင်းသက်ခဲ့ပါသည်။ သခင်ခရစ်တော်သည် တပည့်တော်များကို ကောင်းကြီးပေးလျှက် သူ တို့နှင့်ခွဲခွာ၍ (ကောင်းကင်သို့) ချီဆောင်ခြင်းကိုခံခဲ့ရပါသည်။ ကိုယ်တော်သည်ကောင်းကင်သို့ ရှေ့ဆောင်တက်ကြွ သွားရာ၌ သေခြင်းမှထမြောက်ခဲ့သည့်သူများလည်း ကိုယ်တော်နှင့်အတူ လိုက်ပါသွားခဲ့ကြပါသည်။ ကောင်းကင်တစ် ခုလုံးသည် သတိနှင့်စောင့်ဆိုင်းနေကြပြီးများပြားသော ကောင်းကင်တမန်များတို့သည် ကိုယ်တော်ကိုခစားလျှက် စောင့်မျှော်နေကြပါသည်။ သန့်ရှင်းရာမြို့တော်သို့ တက်ကြွသွားစဉ် ကိုယ်တော်နှင့်လိုက်ပါလာခဲ့သော ကောင်းကင် တမန်များက ‘‘အချင်းတံခါးတို့၊တံခါးမုဒ်ကိုကြွလိုက်ကြ၊အချင်းထာဝရတံခါးတို့၊ကိုယ်ကိုကြွလိုက်ကြ။ ဘုန်းကြီးသော ရှင်ဘုရင်ဝင်တော်မူမည်။ ဘုန်းကြီးသောရှင်ဘုရင်ကား အဘယ်သူနည်း။ အစွမ်းတန်ခိုးနှင့်ပြည့်စုံတော်မူသော ထာ ဝရဘုရား၊ စစ်တိုက်ခြင်းငှါ တန်ခိုးကြီးတော်မူသော ထာဝရဘုရားပေးတည်း။ အချင်းတံခါးတို့။ တံခါးမုဒ်ကိုကြွလိုက် ကြ။ အချင်းထာဝရတံခါးတို့၊ ကိုယ်ကိုကြွလိုက်ကြ။ ဘုန်းကြီးသောရှင်ဘုရင် ဝင်တော်မူမည်။ ဘုန်းကြီးသောရှင်ဘုရင် ကား အဘယ်သူနည်း။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားပေတည်း။ ထိုဘုရားသည် ဘုန်းကြီးသော ရှင်ဘုရင် ဖြစ်တော်မူသတည်း’’ ဟုသီဆိုကြွေးကြော်ကြပါသည်။ ကောင်းကင်နိုင်ငံတော်၌ကြိုဆိုသည့် ကောင်းကင်ရထားတန်း အားလုံးတို့သည် ကိုယ်တော်နှင့်တူ မြို့တော်အတွင်းသို့ ဝင်ရောက်ခဲ့ပါသည်။ ကောင်းကင်သားအပေါင်းတို့သည် မိမိတို့၏ ဘုန်းကြီးသောအရှင်သခင်ကိုခြံရံလျှက် အလွန်ကြည်ညိုသောဆက်ကပ်မှုနှင့်အတူ ပြပ်ဝပ်လျှက် ဦးခေါင်း ပေါ်၌ဆောင်းထားသောမိမိ၏တောက်ပသည့် သရဖူကိုကိုယ်တော်၏ခြေရင်း၌ ပုံချခဲ့ကြပါသည်။ မိမိတို့၏ရွှေစောင်း ခေါက်များနှင့်တီးခတ်လျှက် အသေသတ်ခြင်းခံခဲ့ရသောသိုးသငယ်သည် သေသော်လည်း ယခုအခါ၌ ဘုန်းတန်ခိုး ထင်ရှားလျှက် အသက်ရှင်ကြောင်းနှင့် ဆက်စပ်သည့်တေးသီချင်းများကို သီဆိုလျှက် ကောင်းကင်တစ်ခုလုံး မိမိတို့၏ အသံနှင့် ပြည့်လျှံစေခဲ့ပါသည်။ GCB58 29.2

တစ်ဖန် ကျမမြင်တွေ့ခဲ့ရသည့် မြင်ကွင်းတစ်ခုမှာ ဝမ်းနည်းကျေကွဲလျှက်ရှိသော တပည့်တော်တို့သည် ကောင်းကင်သို့တက်ကြွသွားသည့် မိမိတို့၏ အရှင်သခင်သည် နောက်ဆုံးတွေ့နိုင်ရန်အတွက် ကောင်းကင်ကိုမျှော် ကြည့်လျှက်ရှိနေပါသည်။ ဖြူသောဝတ်လုံကိုဝတ်ဆင်ထားသော ကောင်းကင်တမန်နှစ်ပါးတို့သည် သူတို့အလယ်၌ ပေါ်လာပြီး ဂါလိလဲသားတို့ အဘယ်ကြောင့် ကောင်းကင်သို့မျှော်ကြည့်သနည်း။ ယခုကောင်းကင်သို့ချီဆောင်ခြင်း ခံခဲ့ရသော ယေရှုသည်ကောင်းကင်သို့ တက်ကြွသွားသည့်နည်းတူ ဤလောကသို့ တစ်ဖန်ပြန်ကြွလာအုံးမည်ဟူ ၍နှစ်သိမ့်တော်မူခဲ့ပါသည်။ ကိုယ်တော်၏ မယ်တော်နှင့်အတူ တပည့်တော်တို့သည် ဘုရားသခင်၏ သားတော် ကောင်းကင်သို့တက်ကြွသွားသည်ကို မြင်တွေ့ခဲ့ရပါသည်။ ထိုသူတို့သည် တစ်ညလုံးမအိပ်ဘဲ ကိုယ်တော်၏ အံ့ဖွယ်နိ မိတ်လက္ခဏာများ အင်မတန် တိုတောင်းသော အချိန်အတွင်း မိမိတို့တွေ့မြင်ခဲ့ရသည့် ထူးဆန်းသောအခြင်းအရာတို့ ကို ပြန်လည်ပြောဆိုလျှက် ရှိနေပါသည်။ GCB58 29.3

စာတန်သည် သူ၏နတ်ဆိုးများနှင့် ဆွေးနွေးတိုင်ပင်လျှက်ရှိပါသည်။ ဤလောကတွင် မိမိဩဇာတန်ခိုးရှိနေ သ၍ သခင်ခရစ်တော်၏နောက်လိုက်များကို ဆယ်ဆမကပို၍ တိုက်ခိုက်ရမည့်အကြောင်း အလွန်ခါးသီးစွာပြောဆို ခဲ့ပါသည်။ သခင်ခရစ်တော်ကို မည်သို့မျှမအောင်မြင်နိုင်ခဲ့ပါ။ သို့သော် အစွမ်းကုန်ကြိုးစား၍ ခေတ်အဆက်ဆက်က ကိုယ်တော်ကိုယုံကြည်၍ ကိုယ်တော်၏ရှင်ပြန်ထမြောက်ခြင်း၊ ကောင်းကင်သို့တက်ကြွသွားခြင်းကို လက်ခံသောသူ များကိုယ်တော်အမှုတော်၌ ပါဝင်သောသူတို့ကို အောင်မြင်ရမည်ဟု ပြောဆိုခဲ့ပါသည်။ နတ်ဆိုးစွဲသောသူတို့ထံမှ နတ်ဆိုးများကို နှင်ထုတ်၍ ချမ်းသာမှုကိုပေးရန် တန်ခိုးကိုခရစ်တော်သည် တပည့်တော်များအား ပေးအပ်ထား ကြောင်းစာတန်သည် သူ၏နတ်ဆိုးများကို သတိပေးခဲ့ပါသည်။ စာတန်၏နတ်ဆိုးများတို့သည် ကိုယ်တော်၏နောက် လိုက်များကို ဖျက်ဆီးရန်အတွက် ဟောက်သောခြင်္သေ့များကဲ့သို့ တာစု၍ ထွက်သွားကြပါသည်။ GCB58 29.4

ဆက်လက်လေ့လာရန်။ ဆာ ၂၄:၇-၁၀။ တမန် ၁:၁-၁၁။ ၁ပေ ၅:၈ တို့ကိုဖတ်ပါ။ GCB58 30.1