Go to full page →

Great Controversy 1858 GCB58 i

ကိုယ်ရေးရာဇဝင် အကျဉ်းချုပ်။ GCB58 1

မမဝှိုက်သည် မက်သဒစ်အသင်းတော်တွင် (၁၇)နှစ်တိုင်အောင် အသင်းဝင်တစ်ဦးဖြစ်ခဲ့ကာ သခင်ခရစ် တော်၌သစ္စာရှိသော တပည့်တော်မတစ်ဦးဖြစ်ခဲ့ပါသည်။ (၁၈၄၃)ခုနှစ်တွင် သခင်ခရစ်တော် ဤလောကသို့ပြန် ကြွလာမည်ကိုယုံကြည်သက်သေခံခဲ့သည့်အတွက် သူမကို မက်သဒစ်အသင်းတော်မှ ထုတ်ပယ်ခဲ့ပါသည်။ သူမ မတိုင်မီလူနှစ်ဦး၏ငြင်းဆန်မှုကြောင့် ဤလောကသို့သက်သေခံရန်အတွက် သူမသည်ဘုရားသခင်ထံတော်မှ ရှုပါ ရုံများနှင့်သက်သေခံချက်များကို ရရှိခဲ့ပါသည်။ သူမသည်သတိပေးစကားများနှင့် ဆုံးမစကားများစွာ ပါဝင်သည့် ဆောင်းပါးများနှင့်စာအုပ်များစွာကိုရေးသားခဲ့ပါသည်။ ကျန်းမာခြင်းနှင့်ပတ်သက်သည့်သတင်းတရားများကိုရရှိပြီး သည့်နောက်သူမကိုယ်တိုင် ကျန်းမာရေးကိုရှေ့တန်းတင်ဟောကြားခဲ့ပြီးကာ ဧဒင်ဥယျာဉ်၏ ပင်ကိုမူလအစားအစာ များကို ပြန်လည်စားသုံးရန် သူမတိုက်တွန်းခဲ့ပါသည်။ လူကိုအန္တရာယ်ဖြစ်စေသောအစားအစာများကို ရှောင်ရန်နှင့် အ ဖက်ဖက်တွင် ချုပ်တည်းမှုရှိရန် သူမတိုက်တွန်းခဲ့ပါသည်။ GCB58 1.1

မိမိကိုယ်ကို ပရောဖက်မဟူ၍ သမခေါ်ဆိုခဲ့ပြီးသူတစ်ပါး၏ခေါ်ဆိုမှုကိုလည်း မကန့်ကွက်ခဲ့ပါ။ သို့သော် သူမကိုယ်ကိုပြန်ညွှန်းရာ၌ ‘‘စေတမန်’’ ဟု၍ ရည်ညွှန်းခဲ့ပါသည်။ ဤကိစ္စနှင့်ပတ်သက်၍ ရှင်းလင်းရာ၌ သူမလုပ် ဆောင်ခဲ့သည့် ကျန်းမာရေးပြုပြင်ပြောင်းလဲမှုများ၊ အပြစ်မှနောင်တရရန် ဟောကြားချက်များ၊ ကျိုးပြတ်နေသည့် ဆက်သွယ်မှုကိုရင်ကြားစေ့ ပြန်လည်ဆက်သွယ်တည်ဆောက်မှုကို ပံ့ပိုးလုပ်ဆောင်ချက်များတို့သည် ဘုရားသခင် ဘက်မှနေပြီး အနာဂတ်၌ဖြစ်ပျက်မည့် အရာများကို ကြိုတင်ဟောကြားသည့်ပရောဖက်၏ လုပ်ဆောင်ချက်များထက် ပိုမိုကြောင်း သူမရည်ညွှန်း ပြောကြားခဲ့ပါသည်။ GCB58 1.2

မှတ်သားလောက်သည့်စာပေများကို သူမရေးသားခဲ့သည့် “Step to Christ” ဟူသော “ကိုယ်တော်၏ခြေ လှမ်း” သည် လူကြိုက်အများဆုံးစာအုပ်စာရင်းဝင်ခဲ့သော်လည်း ယခု “အကောင်းနှင့်အဆိုးတိုက်လှန်ပွဲကြီး” စာအုပ် သည် သူမ၏အရောင်းရဆုံးစာအုပ်ဟူ၍ သူမကိုယ်တိုင်ရည်ညွှန်းခဲ့ပါသည်။ GCB58 1.3