Go to full page →

ကျောင်းအုပ်ဖရိုမင့် GCBur 239

ဖရိုမင့်သည် သူ၏အမှုတော်ကို ကျောင်းအုပ်ဆရာတစ်ဦး အ နေဖြင့် အစပျိုးခဲ့သည်။ ကျောင်းမှ ၎င်းသင်ကြားပေးလိုက်သည့်.... သမ္မာတရားများကို အိမ်သို့ရောက်သောအခါ ကလေးငယ်များက ပြန်ပြောကြသည်။ မကြာမီမှာပင် မိဘများသည် ၎င်းရှင်းလင်းသင် ကြားသော သမ္မာကျမ်းစာကို ကြားနာခွင့်ရလာကြသည်။ GCBur 239.2

ဓမ္မသစ်ကျမ်းနှင့် ဝေစာများကို အခမဲ့ဝေငှခဲ့ကြသည်။ များ မကြာမီတွင် ဤပုဂ္ဂိုလ်ထွက်ပြေးခဲ့ရသော်လည်း သူသင်ကြားပေး ခဲ့သည့် အမှန်တရားများသည် ထိုလူတို့၏စိတ်တွင် စွဲရစ်ခဲ့ပါသည်။ ဘာ သာရေးပြန်လည်ပြုပြင်ရေး မျိုးစေ့ကိုကြဲချခဲ့ချေပြီ။ အဆုံးတွင် ပရိုတက်စတင့်ဆိုင်ရာ ဝတ်ပြုကိုးကွယ်မှုများသည် ဂျနီဗာ၌ တည် ထောင်နိုင်ခဲ့ပါသည်။ GCBur 240.1

ဘက်ဆဲမြို့သို့ခရီးနှင်နေသော ကဲလ်ဗင်းသည် ထိုမြို့ဘက်မှ ကွေ့ဝိုက်သွားစဉ်တုန်းကတည်းက ထိုမြို့သည် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းအတွက် ကြေညာထားပြီးဖြစ်ပါသည်။ GCBur 240.2

ဖားရယ်သည် ဤတစ်ကြိမ်လာရောက်လည်ပတ်စဉ်၌ ဘုရား သခင်၏ လမ်းပြမှုကို အသိအမှတ်ပြုခဲ့သည်။ ဂျနီဗာသည် ဖားရယ် တို့၏ယုံကြည်ချက် များကိုလက်ခံခဲ့ပြီး ဖြစ်သော်လည်း အသစ်ပြုပြင် ပြောင်းလဲလာရန်အတွက် နှလုံးသားများကို ဝိညာဉ်တော်အားဖြင့် ပဲ့ပြင်တော်မူရပေဦးမည်။ GCBur 240.3

အမိန့်အာဏာဖြင့် လုပ်ဆောင်ရန် ဖြစ်နိုင်သောအရာတစ်ခုမ ဟုတ်ပါ။ ဂျနီဗာ လူထုသည် ရောမ၏အာဏာကို အလေးမထားကြ သော်လည်း လုပ်ဆောင်ဆဲ မကောင်းမှုဒုစရိုက်များကို ငြင်းဆန်ရန်ကိုမူ အဆင်သင့် မဖြစ်ကြသေးချ။ GCBur 240.4

ဖားရယ်သည် ထိုလူငယ်တရားဟောဆရာအား ဂျနီဗာမှာ ဆက်လက်နေထိုင်လုပ်ဆောင်ပါရန် ဘုရားသခင်၏နာမတော်၌ အပူ တပြင်း တောင်းပန်ခဲ့ပါသည်။ ကဲလ်ဗင်းသည် ကြောက်လန့်တကြား ပြန်သွားပါသည်။ ဂျနီဗာရှိလူများ၏ ရဲရင့်ပြီး ကြမ်းတမ်းသော စိတ် ဓါတ်ကို သူမရင်ဆိုင်လိုချေ။ သူသည် အေးအေးဆေးဆေး ကျမ်းစာ လေ့လာနိုင်မည့် နေရာတစ်ခုကို အလိုရှိနေသည်။ ထိုနေရာမှနေ၍ ပုံနှိပ်တိုက်များသို့ စာမူများကို ပေးပို့ကာ အသင်းတော်များကို သွန်သင် တည်ဆောက်ရန်ဖြစ်သည်။ သို့ရာတွင် “ဘုရားသခင်၏ လက်တော် သည် ကောင်းကင်မှသည်မြေကြီးတိုင်အောင် ဆန့်တန်းလျက် ၎င်း အပေါ်သို့တင်ကာ ၎င်းခွာမသွားလိုသည့်နေရာမှ အပြီးသတ်ခွဲခွာ သွားစေတော်မူ” သကဲ့သို့ သူခံစားနေရသဖြင့် ငြင်းပယ်ခြင်းငှာ သူမရဲဝံ့ ပါချေ။ GCBur 240.5