၁၇ ရာစုတွင် ထောင်နှင့်ချီသောတရားဟောဆရာများကို အင်္ဂလန်မှ နှင်ထုတ်လိုက်ပြီး ရဟန်းမင်း၏အသင်းတော်ခွင့်ပြုချက်ဖြင့် ကျင်းပသော ဂုဏ်ပြုပွဲမှလွဲ၍ မည်သည့်ဘာသာရေးဝတ်ပြုပွဲများကိုမှ မတက်ကြရန် တားမြစ်လိုက်သည်။ ထိုကြောင့် ဘုရားသခင်၏အနှိပ် စက်ခံသားသမီး များသည် တောနက်ကြီးများတွင်တဲထိုးကာ ကျေးဇူး တော် ချီးမွမ်းခြင်းနှင့် ဆုတောင်းခြင်းဆိုင်ရာ အစည်းအဝေးများကို ကျင်းပကြရသည်။ မိမိတို့၏ ယုံကြည်ခြင်းကြောင့် လူများစွာတို့သည် ဒုက္ခဆင်းရဲခြင်းနှင့်ရင်ဆိုင်ခဲ့ရသည်။ အကျဉ်းထောင်များ၌ လူစည် ကားနေပြီး မိသားစုများလည်းအကွဲကွဲအပြားပြားဖြစ်ကုန်ကြရသည်။ သို့ စေကာမူ နှိပ်စက်ညှဉ်းပန်းခြင်းအားဖြင့် သက်သေခံနေသော ပါးစပ် များကို မပိတ်နိုင်ခဲ့ချေ။ လူများစွာတို့သည် သမုဒ္ဒရာကြီးကိုဖြတ် ကျော်ကာ အမေရိကန်သို့ အရောက်သွားပြီး နိုင်ငံရေးနှင့် ဘာသာရေး လွတ်လပ်မှုအတွက် အခြေခံအုတ်မြစ်များကိုချခဲ့ကြသည်။ GCBur 263.1
ဂျွန်ဆန်းယန်းသည် ရာဇဝတ်သားများနှင့်အတူ အကျဉ်း ကျနေစဉ် ကောင်းကင်နိုင်ငံရနံ့များကိုရှူရှိုက်ကာ အဖျက်ကမ္ဘာမှ ကောင်းကင်ရွှေမြို့တော်သို့သွားသည့် ဘုရားဖူးခရီးစဉ်တစ်ခုအ ကြောင်းကို “Pilgrim’s Progress and Grace Abounding to the Chief of Sinners” အမည်ဖြင့် အံ့ဩဖွယ်သီကုံးမှုများဖြင့် ရေးသား ထုတ်ဝေခဲ့ရာ လူများစွာတို့သည် အသက်ရှင်ရာလမ်းပေါ်သို့ ရောက် လာခဲ့ကြပါသည်။ GCBur 263.2
ဝိညာဉ်ရေးအမှောင်ထု ကျရောက်နေသောအချိန်တွင် ဝှိုက်ဖီးလ်နှင့် ဝက်စလေတို့သည် အလင်းဆောင်သူများအဖြစ် ပေါ်ထွန်းလာကြပါသည်။ ဖွဲ့စည်းထားသည့်အသင်းတော်များရှိ အသင်းသားများ၏ ဝိညာဉ်ရေးအခြေ အနေသည် သာသနာပလူများ နှင့်ခွဲခြားဖို့ ခက်လောက်အောင် လျော့ရဲနေပါသည်။ ချမ်းသာသော လူ တန်းစားများက ဘုရားတရားရှိခြင်းကို ပြက်ရယ်ပြုကြသည်။ ဆင်းရဲသားလူတန်းစားများမှာမူ ဒုစရိုက်များကို ကြိုက်သလို ကျူး လွန်နေကြသည်။ အမှန်တရားဘက်တွင် ရပ်တည်မှု အားနည်းနေ သည်ကို ထောက်မရန်အတွက် အသင်းတော်၌ ရဲစွမ်းသတ္တိမရှိပါ။ ယုံကြည်ခြင်းကလည်း ကင်းမဲ့နေပါသည်။ GCBur 264.1