Go to full page →

ဂေါဒက်အောက်ဖ်ရီးဇင်း GCBur 288

ထိုဘုရားမအား နေရာချထားခြင်းအမှုကို တော်လှန်ရေးအ ရှိန်မြင့်မားမှုတွင် မိမိတို့လည်းစိတ်ဝင်စားကြောင်း ဖေါ်ပြလိုသော သူများရှိသည့် ထိနေရာမျိုးတွင် နိုင်ငံအနှံ့အတုခိုးလုပ်ဆောင်ကြ ပါသည်။ GCBur 288.2

ထိုဘုရားမကို အစည်းအဝေးခန်းမထဲ့သို့ ယူဆောင်လာသော အချိန်တွင် စာဟောဆရာက ထိုဘုရားမကိုလက်ဖြင့်ယူကာ ပရိသတ်ဘက်သို့ လှည့်လျက် “သေမျိုးများတို့၊ မင်းတို့ရဲ့ကြောက် စိတ်ကဖန်တီးပေးလိုက်တဲ့ တန်ခိုးမဲ့သောဘုရားသခင်ကို မ ကြောက်ကြနဲ့တော့။ အခုအချိန်ကစပြီး ရီးဇင်းဘုရားမတစ်ဆူကိုသာ အ သိအမှတ်ပြုကြပါတော့။ သူမရဲ့တင့်တယ် မွန်မြတ်တဲ့ရုပ်တုကို သင် တို့အား ကျွန်ုပ်ပေးပါ၏။ ဤရုပ်တုရှေ့မှာသာ ယဇ်ပူဇော်ကြပါလော့” ဟုပြောလေ၏။ GCBur 289.1

“ထိုဘုရားမကို သဘာပတိကြီးကပွေ့ပိုက်ကာ အထူးပြင်ဆင် ထားသော ယာဉ်ပေါ်သို့တင်လိုက်ပါသည်။ ဘုရားသခင်၏ နေရာတွင် အစားထိုးရန် နော်တာဒါမီဘုရားရှိခိုးကျောင်းသို့ သယ်ဆောင်သွား ပါသည်။ ထိုဘုရားကျောင်း၏ယဇ်ပလ္လင်ပေါ်တွင် တင်လိုက်ကာ ကြွ ရောက်လာသူ အပေါင်း၏ အပူဇော်ကိုခံစေလေ၏။” GCBur 289.2

ဘုရားမဲ့ဝါဒက ပြင်သစ်ပြည်ကို ပျက်စီးခြင်းသို့ပို့ဆောင်စေ သည့် လုပ်ရပ်များကို ရဟန်းမင်းအဖွဲ့က အစပျိုးလိုက်ပါသည်။ တော်လှန်ရေး၏ ကြောက်မက်ဖွယ်များကိုရည်ညွှန်းလျက် ဤအရာများ သည် ရှင်ဘုရင်နှင့် အသင်းတော်တွင် တာဝန်ရှိသည့် ရဟန်းမင်း အဖွဲ့သည် ရှင်ဘုရင်အား ဘာသာရေးပြုပြင် ပြောင်းလဲမှုများအပေါ် မနှစ်မြို့အောင်လုပ်ကြသည်။ GCBur 289.3

ရောမ၏ ပညာသားပါပါ လှုံ့ဆော်လိုက်သည့် ရက်စက်ကြမ်း ကြုတ်မှုများကို ရှင်ဘုရင်က အကောင်အထည်ဖေါ် ဆောင်ရွက် ခဲ့သည်။ GCBur 289.4

ဧဝံဂေလိတရားတော်ကို လက်ခံသောသူတိုင်း၏ စိတ်များ သည်နိုးကြားနေကြသည်။ မသိနားမလည်မှုနှင့် အယူသီးမှုများ၏ ကျွန်ဘဝကို ရောက်စေသည့် အနှောင်အဖွဲ့များကို သူတို့စတင်စွန့်ပယ် ခဲ့ကြပါသည်။ ဘုရင်များသည် ထိုအရာကိုမြင်တွေ့လာရာ မိမိတို့၏ သက်ဦးဆံပိုင်ဘုရင်စနစ် အတွက် စိုးရိမ်လာကြပါသည်။ GCBur 290.1

ရောမသည် ၎င်းတို့အားတုံ့ပြန်ရန် လက်မနှေးခဲ့ပါ။ ရဟန်း မင်းသည် ပြင်သစ်ရင်ခွင်ပိုက်အစိုးရအား ၁၅၂၅ ခုနှစ်တွင် မိန့်ဆိုခဲ့ သည်မှာ- “ဤပရိုတက်စတင့်ဝါဒသည် ဘာသာရေးကို မှားယွင်းရှုပ် ထွေးပြီး ပျက်စီးစေရုံသာမက မင်းအာဏာစက်များ၊ မှူးမတ်များ၊ တရားဥပဒေ စိုးမိုးရေးနှင့် ငြိမ်သက်သာယာမှုများကိုပါ ထိခိုက်စေ လျက်ရှိသည်” ဟူ၍ ဖြစ်၏။ GCBur 290.2

သို့ဖြင့် “ပရိုတက်စတင့်များဟာ ဘာသာရေးအေးချမ်းသာ ယာရေးကို သာမက နိုင်ငံတော်၏ တည်ငြိမ်မှုကိုပါ ထိခိုက်စေလိမ့်မယ်။ ယဇ်ပလ္လင်မှာ အန္တရာယ်ရှိနိုင်သကဲ့သို့ ရာဇပလ္လင်၌လည်း အန္တရာယ် ကျရောက်နိုင်သည်” ဟု ရဟန်းမင်းက ရှင်ဘုရင်အားသတိပေး လိုက်ရာရောမအသင်းတော်သည် ပြင်သစ်အား ပြုပြင်ပြောင်းလဲရေး ကိုဆန့်ကျင်ဖို့ တိုက်တွန်းမှု အောင်မြင်သွားပါသည်။ GCBur 290.3

သမ္မာကျမ်းစာ၏သွန်သင်ချက်များက လူတို့၏ နှလုံးသားထဲသို့ ဖြောင့်မတ်ခြင်း၊ ချုပ်တည်းခြင်းနှင့် သမ္မာတရားစည်းမျဉ်းများကို မျိုး ချပေးခဲ့ရာ ထိုအရာများသည် နိုင်ငံတစ်နိုင်ငံ၏ သာယာဝပြောရေး အတွက် တိုက်ထောင့်တိုင်များဖြစ်ကြသည်။ “ဖြောင့်မတ်ခြင်းသည် နိုင်ငံတစ်ခုကို မြှင့်တင်ပေးသည်။” ဤနည်းအားဖြင့် “ရာဇပလ္လင်သည် ခိုင်မြဲစွာတည်ရှိ၏။” သု၊ ၁၄:၃၄။ ၁၆:၁၂။ ဟေရှာ ၃၂:၁၇။ ဘုရားသခင်၏ ပညတ်တော်တို့ကို စောင့်ရှောက်သူ များသည် နိုင်ငံတော်၏ဥပဒေများကိုလည်း အမှန်တကယ်လိုက် နာကြသည်။ ပြင်သစ်ပြည်သည် သမ္မာကျမ်းစာကို ပိတ်ပင်တားမြစ်ခဲ့ သည်။ GCBur 290.4

သမ္မာတရားအတွက် အသေခံမည့်ယုံကြည်သူ လူတော်လူ ကောင်းများကို ကွပ်မျက်ခဲ့ကြသည်။ မြေအောက်အကျဉ်းခန်းများတွင် သေပွဲဝင်စေခဲ့ကြသည်။ ပြုပြင်ပြောင်းလဲရေး အစပြုပြီးသည့် နောက် နှစ်ပေါင်း ၂၅၀ ကျမှ ထောင်ပေါင်းများစွာသောလူတို့သည် လုံခြုံရာသို့ ထွက်ပြေးလွတ်မြောက် ခဲ့ကြသည်။ GCBur 291.1

“နှိပ်စက်ညှဉ်းပန်းသူများ၏ ရူးသွပ်သောလုပ်ဆောင်မှုများမှ ထွက်ပြေးတိမ်းရှောင်လျက်ရှိသော ဧဝံဂေလိတရားတော်၏ တပည့် တော်များကို မျက်မြင်ကိုယ်တွေ့ တွေ့ရှိသူ ပြင်သစ်မျိုးဆက်တစ်ခုသည် မိမိတို့နှင့်အတူ စာပေအနုပညာများ၊ စက်မှုပညာများနှင့် စည်းစနစ်ကျ နမှုများကို ယူဆောင်လျက် မိမိတို့နိုင်ငံရေးခိုလုံခွင့်ရသည့် တိုင်းပြည်များ ကို ကြီးပွားချမ်းသာစေခဲ့ကြသည်။ ထိုကဲ့သို့သော ပုဂ္ဂိုလ်များကို ထိန်း ထားနိုင်ခဲ့မည်ဆိုလျှင် ပြင်သစ်ပြည်သည် အလွန်တိုးတက်၌ သာယာ ဝပြောကာ စံပြနိုင်ငံကြီးတစ်ခုဖြစ်လိမ့်မည်တကား။ GCBur 291.2

သို့သော် ကမ်းမမြင်လမ်းမမြင်အယူသီးမှုများကြောင့် သူ့မြေ ပေါ်တွင်ရှိသော သီလနှင့် ပြည့်စုံသောကျောင်းဆရာများ၊ ဂိုဏ်းဂဏများ မှလူတော်များ၊ ရာဇပလ္လင်ကို သစ္စာစောင့်သိစွာ ကာကွယ်သူများတို့ အားတိုက်ထုတ်ခဲ့သည်။ အဆုံးတွင် နိုင်ငံတော်ကြီး ပျက်စီးယိုယွင်း သွားခဲ့ရသည်။ ကြောက်ရွံ့ဖွယ်ရလဒ်များဖြင့် ပြီးသော တော်လှန် ရေးကြီးကို သူတို့ရင်ဆိုင်ခဲ့ရသည်။ GCBur 291.3