Go to full page →

အခန်း (၁၆)—ကမ္ဘာသစ်တွင်လွတ်လပ်မှုကိုရှာဖွေခြင်း GCBur 303

ရောမအသင်းတော်၏ အုပ်စိုးမှုနှင့် အဓိကအယူဝါဒများကို ငြင်းပယ် ခဲ့ကြသော်လည်း ထိုအသင်းတော်၏ ဝတ်ပြုကိုးကွယ်ပုံ အတော်များများမှာမူ အင်္ဂလန်အသင်းတော်၏ ဝတ်ပြုကိုးကွယ်မှုများ တွင် ပါဝင်နေဆဲဖြစ်သည်။ GCBur 303.1

သမ္မာကျမ်းစာတွင် တားမြစ်ထားသည့် အရာမဟုတ်သော အရာခပ်သိမ်းတို့သည် ပင်ကိုယ်အားဖြင့် မကောင်းသောအရာများ မဟုတ်ကြပါဟု သူတို့ဖွင့်ဆိုလာသည်။ ၎င်းတို့၏လိုက်နာလုပ် ဆောင်မှုများသည် ပြုပြင်ပြောင်းလဲရေးအသင်းတော်များနှင့် ရောမ အသင်းတော် အကြားရှိ ကွာဟချက်များကို ကျဉ်းမြောင်းသွားစေခဲ့ရာ ပရိုတက်စတင့် ယုံကြည်ချက်ကို ရောမအသင်းသားများ လက်ခံလာ အောင် သူတို့ကြိုးစား လုပ်ဆောင်နေသည်ဟုလည်း သူတို့အကြောင်း ပြလာကြပါသည်။ GCBur 303.2

အခြားလူတန်းစားတစ်ခုကမူ ထိုသို့သဘောမထားကြပါ။ ဤအလေ့ အထများသည် မိမိတို့လွတ်မြောက်လာခဲ့သည့် ကျွန်ဘဝ၏ အမှတ်အသား ဖြစ်သည်ဟု သူတို့ရှုမြင်ကြပါသည်။ ဝတ်ပြုကိုးကွယ်မှု အပေါ် စိုးမိုးထားသည့် ဥပဒေသများကို နှုတ်ကပတ်တော်တွင် ဘုရား ရှင်ဖေါ်ပြထားပြီးဖြစ်ရာ ထိုအရာများကိုထပ်၍ ပေါင်းခွင့်မရှိသလို နုတ်ယူခွင့်လည်းမရှိဟု ထိုလူတန်းစားများက ဆင်ခြေပေးလာ ကြသည်။ ရောမသည် ဘုရားသခင် တားမြစ်ထားသည့်အရာများကို ပြဌာန်း၍ ဘုရားက ရှင်းရှင်းကလေး ပြဌာန်းထားသည့်အရာများကို တားမြစ်နေပါသည်။ GCBur 303.3

လူအများတို့က အင်္ဂလန်အသင်းတော်၏ ဓလေ့ထုံးစံများကို ရုပ်တု ကိုးကွယ်ခြင်း၏အထိမ်းအမှတ်များအဖြစ် မှတ်ယူကာ ဝတ်ပြု ကိုးကွယ်မှုတွင် မပူးပေါင်းနိုင်ခဲ့ကြချေ။ သို့သော် အစိုးရအာဏာပိုင် များ၏ ထောက်ခံမှု ရရှိသည့် ထိုအသင်းတော်သည် ဂိုဏ်းဂဏကွဲပြား မှုကိုခွင့်မပြုဘဲ တရားမဝင် စုပေါင်းဝတ်ပြုကိုးကွယ်မှုများအတွက် ထောင်ဒဏ်၊ ပြည်နှင်ဒဏ် (သို့မဟုတ်) သေဒဏ်များချမှတ်ပြဌာန်း ကာတားမြစ်ခဲ့ပါသည်။ GCBur 304.1

ပျူရီတန်များသည် လိုက်လံချောင်းမြောင်းခြင်း၊ နှိပ်စက် ညှဉ်းပန်းခြင်းနှင့် ထောင်သွင်းအကျဉ်းချခြင်းများကို ခံနေရသဖြင့် ပို၍ကောင်းလာမည့် အနာဂတ်ကို မမျှော်မှန်းနိုင်ကြတော့ချေ။ ဟော် လန်သို့ သွားရောက်ခိုလှုံရန် ဆုံးဖြတ်ခဲ့သူများမှာလည်း ရန်သူများလက် သို့ အပ်နှံခံခဲ့ကြရပြန်သည်။ GCBur 304.2

သို့သော်မလျော့သောဇွဲသတ္တိသည် အဆုံးတွင် အောင်ပွဲ ဆင်ကာမိတ်ဆွေများထံတွင် ခိုလှုံစရာနေရာများကို ပျူရီတန်များ တွေ့ရှိကြပါသည်။ GCBur 304.3

သူတို့သည် အိုးအိမ်စည်းစိမ်နှင့် အသက်မွေးဝမ်းကျောင်း အလုပ်များကို စွန့်ပယ်ကာ တစ်ကျွန်းတစ်နိုင်ငံတွင် ဧည့်သည်အဖြစ် ဖြင့်ရရာအလုပ်ကိုလုပ်လျက် အသက်မွေးခဲ့ကြရသည်။ GCBur 304.4

သို့သော် ပျင်းရိစွာ အချိန်မဖြုန်းကြဘဲ ပေးသနားတော်မူသည့် ကောင်းချီးမင်္ဂလာများအတွက် ကျေးဇူးတော်ကိုချီးမွမ်းကာ အနှောင့်အယှက်ကင်းသော ဝိညာဉ်ရေးဆိုင်ရာ မိတ်သဟာယဖွဲ့ခြင်း များတွင် ပျော်ရွှင်မှုကိုတွေ့ရှိခံစားခဲ့ကြရသည်။ GCBur 304.5