Go to full page →

လွတ်လပ်ရေးဆိုင်ရာစာရွက်စာတမ်း GCBur 310

“လူအသီးသီးတို့ကို တန်းတူရည်တူဖန်ဆင်းထားကြောင်း၊ ဖန် ဆင်းရှင်က ၎င်းတို့အား ထာဝရတည်မြဲသည့်အခွင့်အရေးများဖြင့် ရစ်ပတ် ထားကြောင်း၊ ထိုအရာများတွင် အသက်တာလွတ်လပ်မှုနှင့် ပျော်ရွှင်မှုတို့ ပါဝင်ကြောင်း စသည်တို့သည် သက်သေသာဓကမလို ဘဲသူ့အလိုလိုသာဓက ပြနေသော သမ္မာတရားများဖြစ်သည်ဟု ကျွန်ုပ် တို့ကိုင်စွဲပါသည်” ဟူ၍ အမေရိကန်လွတ်လပ်ရေးကြေညာစာတမ်းတွင် ဖေါ်ပြထားသည်။ “ကွန်ကရက်သည် ဘာသာရေးတည်ဆောက်မှုကို အားပေးသော (သို့မဟုတ်) ထိုဘာသာရေးယုံကြည်ချက်များကို လွတ်လပ်စွာကျင့်သုံးခြင်းကိုတားမြစ်သော မည်သည့်ဥပဒေကိုမျှ ပြဌာန်းလိမ့်မည် မဟုတ်ပါ” ဟူ၍ ဩတ္တပ္ပစိတ်၏ အဖျက်အဆီးကင်း မှုအတွက် ကွန်ကရက်က အာမခံခဲ့ပါသည်။ GCBur 310.3

လူသားများနှင့် ၎င်းတို့၏ဘုရားသခင်အကြား ဆက်နွှယ်မှု ဆိုင်ရာ ထာဝရစည်းမျဉ်းသည် ဥပဒေပြုရန် လက်လှမ်းမမီသော အရာဖြစ်ကြောင်း၊ ဩတ္တပ္ပဆိုင်ရာအခွင့်အရေးများသည် ထာဝရ တည်မြဲကြောင်း၊ ထိုအရာသည် မည်သည့်အရာကမှ ထုတ်နုတ် ဖျက်သိမ်းနိုင်ခြင်းငှာ မစွမ်းနိုင်သော မွေးရာပါ စည်းမျဉ်းတစ်ခုဖြစ် ကြောင်း ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရေးဆွဲသူများက အသိအ မှတ်ပြုခဲ့ကြသည်။ GCBur 311.1

လူအသီးသီးတို့သည် မိမိတို့ကိုယ်တိုင်လုပ်ဆောင်မှုများ၏ အသီးအပွင့်များ ခံစားခွင့်ရှိရုံသာမက မိမိဩတ္တပ္ပစိတ်၏ အလိုအတိုင်း လိုက်လျှောက်နိုင်ခွင့်ရရှိသော ဒေသတစ်ခုရှိပြီဖြစ်ကြောင်း သတင်း သည် ဥရောပတစ်ခွင်သို့ပျံ့နှံ့သွားခဲ့ရာ ထောင်နှင့်ချီသောလူထုကြီး သည်ကမ္ဘာသစ်၏ ကမ်းခြေများတွင် စုရုံးလာကြသည်။ GCBur 311.2

ပလိုင်းမောက်တွင် ပထမဦးဆုံးခြေချခဲ့သည့်အချိန် (၁၆၂၀) မှစ၍ အနှစ် (၂၀) အတွင်းမှာပင် ထောင်ပေါင်းများစွာသော အာဂန္တုများသည် နယူးအင်္ဂလန်တွင် အခြေချခဲ့ကြသည်။ GCBur 311.3

“သူတို့သည် မိမိတို့၏လုပ်အားအတွက် သင့်လျော် လျောက်ပတ်သော ရိတ်သိမ်းမှုမှတစ်ပါး မည်သည့်အရာကိုမှ သူတို့ မတောင်းဆိုခဲ့ချေ။ သူတို့သည် လွတ်လပ်ခွင့်သစ်ပင်ကလေးကို မျက်ရည်များဖြင့် ရေလောင်းလျက် လွင်တီးခေါင်ခေါင်ဒေသ၏ ဆင်း ရဲနွမ်းပါးမှုဒဏ်ကို ကြံ့ကြံ့ခံခဲ့ကြသည်။ နဖူးကချွေး ခြေမကျသည့် အထိသူတို့ကြိုးစားလုပ်ဆောင်ခဲ့ကြပါသည်။ GCBur 311.4