Go to full page →

သွေးကဲ့သို့နီသောလ GCBur 323

ထိုညတွင်ကျရောက်သည့်အမှောင်ထုသည် နေ့ပိုင်းတုန်းက အမှောင် ထုထက်မနည်းပါ။ ထိုနေ့သည် လပြည့်နေ့ရောက်ခါနီးဖြစ် သော်လည်း ဖယောင်းတိုင်မီးမပါဘဲ ဘာပစ္စည်းကိုမှ သဲသဲကွဲကွဲ မမြင်နိုင်ချေ။ GCBur 323.1

မည်သည့် အလင်းတန်းမှ ထိုးဖေါက်ခြင်းငှာ မစွမ်းနိုင်လောက် အောင် ထူထဲသော အမှောင်ထုကြီး ဖြစ်ပါသည်။ သန်းခေါင် ကျော် သွားသောအခါ ထိုအမှောင်ထု ကြီး ပျောက်ကွယ်သွားပါသည်။ လကို ပထမဦးဆုံးမြင်ရသည့်အချိန်မှာ သွေးလုံးကြီးနဲ့တူနေပါသည်။ GCBur 323.2

ရာဇဝင်တွင် ၁၇၈၀ ခုနှစ်၊ မေလ ၁၉ ရက်နေ့ကို “မှောင် နေသာနေ့” ဟု မှတ်တမ်းတင်ထားပါသည်။ မောရှေအချိန်မှစ၍ ထိုအမှောင်ထုကဲ့သို့ သိပ်သည်းခြင်း၊ ကျယ်ပြန့်ခြင်း၊ ကြာရှည်ခြင်း နှင့်တူညီသောအမှောင်မျိုး မှတ်တမ်းတွင်မတွေ့ဖူးပါချေ။ ထိုမျက် မြင်သက်သေ၏ ဖွင့်ဆိုချက်သည် လွန်ခဲ့သောနှစ်ပေါင်း (၂၅၀၀) အချိန်က ယောလမှတ်တမ်းတင်ခဲ့သည့် “ထာဝရဘုရား၏ ကြောက် မက်ဖွယ်သောနေ့ကြီးမတိုင်မီ နေသည် မှောင်မိုက်အတိ ဖြစ်လိမ့်မည်။ လသည်လည်း သွေးဖြစ်လိမ့်မည်” ဟူသော ဖွင့်ဆိုချက်များ ၏ပဲ့တင်သံများသာဖြစ်သည်။ ယောလ ၂:၃၁။ GCBur 323.3

“ထိုအမူအရာတို့သည် ဖြစ်စရှိသောအခါ သင်တို့ကိုရွေးချယ် သောအချိန်ကာလ ရောက်လုနီးသည်ကို ထောက်သဖြင့် မျှော်ကြည့်၍ ခေါင်းကို ကြွကြလော့” ဟု ခရစ်တော်မိန့်တော်မူခဲ့၏။ ထိုနောက် တပည့်တော်တို့အား သင်္ဘောသဖန်းပင်ကိုညွှန်ပြကာ “သင်္ဘော သဖန်းပင်မှစ၍ သစ်ပင်များတို့ကို မှတ်ကြလော့။ အရွက်ပေါက် သောအခါ နွေကာလနီးသည်ကို သင်တို့သည် အလိုလျောက်သိမြင် ကြ၏။ ထိုနည်းတူ ထိုအကြောင်းအရာများဖြစ်သည်ကိုမြင်ရလျှင် ဘုရားသခင်၏ နိုင်ငံတော်တည်လုနီးသည်ကို သိမှတ်ကြလော့” ဟု မိန့်တော်မူပြန်၏။ လုကာ ၂၁:၂၈၊ ၃၀-၃၁။ GCBur 323.4

သို့ရာတွင် အသင်းတော်၌ ခရစ်တော်ကိုချစ်သည့်မေတ္တာနှင့် ကြွလာခြင်းအပေါ်ထားသည့် ယုံကြည်ခြင်းများသည် လျော့နည်း လျက်ရှိ၏။ ယုံကြည်သက်ဝင်ကြောင်း ဖွင့်ဟထားသူများသည်ပင်လျှင် ကြွလာခြင်းဆိုင်ရာ နိမိတ်လက္ခဏာများနှင့် ပတ်သက်သည့် ခရစ်တော် ၏ သွန်သင်ချက်များကို မျက်ကွယ်ပြုနေကြသည်။ အထူးသဖြင့် အမေရိကန်ပြည်တွင် ဒုတိယအကြိမ် ကြွလာခြင်းဆိုင်ရာ ယုံကြည် ချက်များကို မေ့မေ့ပျောက်ပျောက်ဖြစ်သွားသည့် အခြေအနေအထိ လျစ် လျူရှုနေကြသည်။ GCBur 324.1

ငွေရှာဖို့သာ အာရုံစိုက်ခြင်း၊ ထင်ပေါ် ကျော်စောမှုနှင့် အာ ဏာတန်ခိုးရရှိမှုများနောက်သို့ လိုက်နေခြင်းများကြောင့် မျက်မှောက်အ ရာများ ပျက်စီးပျောက်လွင့်သွားမည့်နေ့ကြီးကို ပို၍ဝေးသော အနာ ဂတ်တွင် ရောက်ရှိနေသယောင်ဖြစ်စေပါသည်။ GCBur 324.2

ဒုတိယအကြိမ်ကြွလာခြင်းမတိုင်မီကလေးတွင် ဖြစ်ပေါ် မည့် ယုံကြည်ခြင်းဖေါက်ပြန်မှုများအကြောင်းကို ဖွင့်ဆိုရင်း ထိုအချိန် တွင်အသက်ရှင်ထင်ရှားရှိကြမည့်သူများအား ခရစ်တော်ဆိုဆုံးမ တော်မူသည်မှာ “သင်တို့သည် ကိုယ်ကိုကိုယ်သတိပြုကြလော့။ (သို့မဟုတ်) အစားအသောက် လွန်ကျူးခြင်း၊ လောကီစိုးရိမ်ခြင်း အားဖြင့် စိတ်နှလု့းပင်ပန်းလျက်နေစဉ်တွင် ထိုနေ့ရက်သည် အမှတ် တမဲ့သင်တို့တွေ့ကြုံလိမ့်မည်။ ထိုကြောင့်သင်တို့သည် ဖြစ်လတ္တံ့ သောအမှုအရာတို့နှင့်ကင်းလွတ်၍ လူသားထံသို့ရောက်ခြင်းကို ခံထိုက်သောသူဖြစ်သည်ဟု မှတ်တော်မူမည်အကြောင်း အစဉ်ဆု တောင်းလျက် စောင့်နေကြလော့” ဟူ၍ဖြစ်၏။ လုကာ ၂၁:၃၄၊ ၃၆။ GCBur 324.3

လူတို့သည် ကရုဏာတံခါးပိတ်ခြင်းနှင့်ဆက်နွှယ်နေသော ထိုဖြစ်ရပ်ကြီးအတွက် ပြင်ဆင်ရန် လိုအပ်လှပါသည်။ “ထာဝရဘုရား ၏နေ့ရက်သည်ကြီး၍ အလွန်ကြောက်မက်ဖွယ်သောနေ့ရက်ဖြစ်၏။ အဘယ်သူ ခံနိုင်မည်နည်း။” “ဒုစရိုက်ကို ကြည့်တော်မမူဘဲ သန့်ရှင်း သောမျက်စိရှိလျက် အဓမ္မအမှုကိုကြည့်ရှု၍ နေတော်မမူတတ်သော ကိုယ်တော်ရှင်ရှေ့တော်၌ မည်သူသည် ရပ်ထမည်နည်း။” GCBur 325.1

“ဤလောကီနိုင်ငံ၏ အပြစ်ကိုလည်းကောင်း၊ မတရားသော သူတို့၏ ဒုစရိုက်များကိုလည်းကောင်း ငါစစ်ကြောမည်။ မာနကြီး သောသူတို့၏ ထောင်လွှားခြင်းကို ငါနှိပ်စက်၍ ကြမ်းကြုတ်သော သူတို့၏ စော်ကားခြင်းကို ငါနှိမ့်ချမည်။” “သူတို့၏ ရွှေငွေသည် သူတို့ကိုမကယ်တင်နိုင်ရာ။ --- ထိုသူတို့၏ဥစ္စာကို သူတစ်ပါးလုယူ၍ သူတို့၏ နေရာသည် လူဆိတ်ညံလျက်ရှိလိမ့်မည်။” ယောလ ၂:၁၁။ ဟဗက္ကုတ် ၁:၁၃။ ဟေရှာ ၁၃:၁၁။ ဇေဖနိ ၁:၁၈၊ ၁၃။ GCBur 325.2