Go to full page →

အတူတကွအစပျိုးသည့်အချိန်ကာလနှစ်ခု GCBur 346

သို့သော် ဘယ်အချိန်ထဲက ထိုနှစ်ပေါင်း ၄၉၀ ကို ဖယ်ထား ရမှာလဲ။ နှစ်ပေါင်း ၂၃၀၀ သည် ဒံယေလ (၈) တွင်ဖေါ်ပြ ထားသည့်တစ်ခုတည်းသော အချိန်ကာလဖြစ်ရာ ထိုနှစ်ပေါင်း ၄၉၀ သည် နှစ်ပေါင်း ၂၃၀၀ ထဲမှ အပိုင်း တစ်ပိုင်းဖြစ်ရပါမည်။ ယေရု ရှလင်မြို့ကို တစ်ဖန်တည်ထောင်ပြုစုစေခြင်းငှာ အမိန့်တော်ရှိသည့် နေ့မှစ၍ ခရစ်တော်ကြွလာမည့်အချိန်ထိကြာမြင့်မည့် သီတင်းခု နစ်ဆယ်နှင့် နှစ်ပေါင်း ၂၃၀၀ တို့သည် တစ်ချိန်တည်းမှအတူ တကွအစပြုကြရပါမည်။ ထိုကြောင့် ထိုအမိန့်ထုတ်သောနေ့စွဲကို ရှာဖွေနိုင်ခဲ့လျှင် နှစ်ပေါင်း ၂၃၀၀ အစပျိုးသောနေ့ကို သေချာပေါက် ရရှိပေတော့မည်။ GCBur 346.2

ပါရှားဘုရင် (ပေရသိ) အာတဇေရဇ်က ဘီစီ ၄၅၇ တွင် ထုတ်ပြန်ခဲ့သော အမိန့်တစ်ခုကို ဧဇရမှတ်စာအခန်းကြီး ၇ တွင်တွေ့ ရသည်။ ပါရှားဘုရင် (၃) ပါးသည် အနာဂတ္တိကျမ်းကတောင်းဆို နေသည့် နှစ်ပေါင်း ၂၃၀၀ အစပျိုးသည့်အချိန်ကို တိတိကျကျရ ရှိစေရန်ထိုအမိန့်ကို အစပျိုးသူက ပျိုး၍ အဆုံးသတ်သူက စုံလင် စွာအဆုံးသတ်ခဲ့ပါသည်။ ထိုအမိန့်ကို အဆုံးသတ်ထုတ်ပြန်နိုင်သည့် ဘီစီ ၄၅၇ ကို အမိန့်ထုတ်ပြန်သည့်နေ့စွဲအဖြစ် လက်ခံမှတ်ယူ လိုက်ခြင်းဖြင့် သီတင်းခုနစ်ဆယ်နှင့်ပတ်သက်သော အခြား အနာ ဂတ္တိစကားများကို ဖြည့်စွမ်းနိုင်ပါတော့မည်။ GCBur 347.1

“ယေရုရှလင်မြို့ကို တစ်ဖန်တည်ထောင်ပြုစုစေခြင်းငှာ အမိန့်တော် ရှိသည့်နေ့မှစ၍ ခရစ်တော်သခင်၏ လက်ထက်တိုင် အောင်ခုနစ်သီတင်းနှင့် ခြောက်ဆယ့်နှစ်သီတင်းကြာလိမ့်မည်။” ဆို လိုသည်မှာ ခြောက်ဆယ့်ကိုး သီတင်း (သို့မဟုတ်) ၄၈၃ နှစ်ဖြစ်ပါ သည်။ GCBur 347.2

အာတဇေရဇ်မင်း၏ အမိန့်သည် ဘီစီ ၄၅၇ ဆောင်းဦးတွင် အ တည်ပြု ထုတ်ပြန်ခဲ့ရာ ၄၈၃ နှစ်ကိုထည့်၍ ရေတွက်လိုက်လျှင် အေဒီ ၂၇ ဆောင်းဦးသို့ရောက်သွားပါသည်။ အေဒီ ၂၇ တွင် ခရစ်တော် သည်ဆရာယောဟန်အားဖြင့် နှစ်ခြင်းခံယူသလို ဝိညာဉ်တော် အား ဖြင့်ဘိသိက်ခံယူတော်မူခဲ့သဖြင့် ထိုအချိန်တွင် ထိုအနာဂတ္တိစကား ပြည့်စုံခဲ့ပါသည်။ ခရစ်တော်သည် နှစ်ခြင်းမင်္ဂလာခံယူပြီးနောက် ဂါလိလဲ ပြည်သို့ကြွတော်မူကာ “အချိန်ပြည့်စုံပြီ” ဟု ကြွေးကြော် လျက်နိုင်ငံတော်နှင့် ယှဉ်သော ဧဝံဂေလိတရားကို ဟောတော်မူ၏။ မာကု ၁:၁၄-၁၅။ GCBur 347.3