Go to full page →

အခန်း (၁၉)—အဘယ်ကြောင့်အကြီးအကျယ် စိတ်ပျက်ခဲ့ရသနည်း GCBur 364

ခေတ်အဆက်ဆက်ဆောင်ရွက်ခဲ့သော ဘုရားသခင်၏ အမှု တော်သည် ကြီးကျယ်သောဘာသာရေးပြောင်းလဲရေးများတွင်လည်း ကောင်း၊ ဘာသာရေး လှုပ်ရှားမှုများတွင်လည်းကောင်း ထပ်တူထပ် မျှတူညီသောအရာတစ်ခုကို တင်ဆက်နေပါသည်။ လူသားများအ ပေါ်ဘုရားသခင်ဆက်ဆံသောစည်းမျဉ်း နိယာမများမှာလည်း အမြဲတမ်းအတူတူပင်ဖြစ်ပါသည်။ GCBur 364.1

ရှေးခေတ်လှုပ်ရှားမှု များ ရင်ဆိုင်ခဲ့ရသောအရာများကို မျက်မှောက်ခေတ်လှုပ်ရှားမှုများသည်လည်း အလားတူရင်ဆိုင်ကြရ သည်။ ရှေးခေတ်အသင်းတော်များ၏ အတွေ့အကြုံများသည် ကျွန်ုပ်တို့ခေတ်အတွက် သင်ခန်းစာများဖြစ်နေပါသည်။ GCBur 364.2

ကယ်တင်ခြင်းနှင့်ပတ်သက်သောအမှုတော်ကို ဆောင်ရွက် နေသည့် ကမ္ဘာပေါ်ရှိအမှုတော်ဆောင်များအား သန့်ရှင်းသောဝိ ညာဉ်တော်အားဖြင့် ဘုရားသခင်သည်လမ်းပြတော်မူသည်။ GCBur 364.3

လူသားများသည် ဘုရားသခင်၏ လက်တော်တွင်ရှိသည့် ကိရိ ယာတန်ဆာပလာများသာဖြစ်ကြ၏။ ပေးအပ်ထားသောတာဝန်များ ကိုထမ်းဆောင်နိုင်ရန် လူသားတိုင်းအား လုံလောက်သောအလင်းတရား များကို ပေးသနားတော်မူသည်။ သို့ရာတွင် မည်သူမျှ သူ့ခေတ် သူ့အခါအတွက် လုပ်ဆောင်ရမည့်အမှုတော်အပေါ် ထားရှိသည့် ဘုရားသခင်၏ အကြံတော်ကို ပြည့်ပြည့်စုံစုံနားမလည်ခဲ့ကြချေ။ နာမတော်အားဖြင့် ၎င်းတို့ဟောကြားနေသည့် သတင်းစကား၏ အာဘော် အားလုံးကိုလည်း လူသားများ ပြည့်ပြည့်စုံစုံနားမလည်ကြ ချေ။ ပုရောဖက်များပင်လျှင် ၎င်းတို့အားအပ်နှင်းထားသည့် ဗျာ ဒိတ်တော်များကို စုံစုံ လင်လင်နားမလည်ခဲ့ကြချေ။ ထိုကြောင့် အ နက်အဓိပ္ပါယ်ကို တစ်ခေတ်ပြီး တစ်ခေတ် ဖွင့်ဟသွားကြရန်ဖြစ် ပါသည်။ GCBur 364.4

“ထိုကယ်တင်ခြင်းအကြောင်းအရာကို ပုရောဖက်တို့သည် စေ့စေ့ စစ်ကြောမေးမြန်းရှာဖွေ၍ သင်တို့ခံရသောကျေးဇူးတော်အ ကြောင်းကို ဟောပြောကြပြီ။ ခရစ်တော်ခံတော်မူရသောဆင်းရဲ ခြင်းကိုလည်းကောင်း၊ ဆင်းရဲခံပြီးမှ ဝင်စားတော်မူရသောဘုန်းစည်းစိမ် ကိုလည်းကောင်း၊ သူတို့ အထဲ၌ရှိသော ခရစ်တော်၏ ဝိညာဉ်သည် သက်သေခံနှင့်သောအခါ အဘယ် မည်သောသူကိုလည်းကောင်း၊ အဘယ်သို့သော အချိန်ကာလကိုလည်းကောင်း ဆိုလိုတော်မူသည်ဟု မေးမြန်းရှာဖွေကြ၏။ ကိုယ်ဟောပြောပြုစုရသော အရာများတို့သည် ကိုယ်အဖို့မဟုတ်။ သင်တို့အဖို့ဖြစ်သည်ဟု ထိုသူတို့အား ဖွင့်ပြ တော်မူ၏။” ၁ပေ၊ ၁:၁၀-၁၂။ GCBur 365.1

ဘုရားသခင်၏ သားသမီးများဖြစ်သည့် ခရစ်ယာန်များအ တွက်နမူနာယူစရာကောင်းလှပါသည်။ ဘုရားသခင်၏ သန့်ရှင်း သူများသည် ထိုစဉ်ကမမွေးသေးသော လူသားမျိုးဆက်အတွက် ပေးထားတော်မူသည့် ဗျာဒိတ်တော်နှင့် ပတ်သက်သောအရာများကို စေ့စေ့စစ်ကြောမေးမြန်းရှာဖွေခဲ့ကြသည်။ အနာဂတ္တိစကားများကို နားမလည်နိုင်သော အရာများဟူ၍ ဖွင့်ဟရန် ကျေနပ်နေသည့် ဤလောကကို ချစ်ပြီး ဘုရားတရား၌ စိတ်ဝင်စားမှု မရှိသူများအတွက် အပြစ်တင်စရာ ဖြစ်နေပါတကား။ GCBur 365.2

ဘုရားသခင့်ကျွန်တို့၏ စိတ်နှလုံးများတို့သည် နှုတ်ကပတ် တော်တွင် ဖေါ်ပြထားသည့်အရာများကို တစ်ပိုင်းတစ်စလောက်ကို သာဆုပ်ကိုင်နိုင် လောက်သည့်အခြေအထိ ရိုးရာဓလေ့နှင့် မှားယွင်း သောသွန်သင်ချက် များကြောင့် ဝိညာဉ်ရေးမျက်စိများကွယ်နေကြပါ သည်။ GCBur 366.1

ခရစ်တော်နှင့်အတူ ရှိနေသောအချိန်မှာပင် မေရှိယအား ဣသရေလတိုင်းပြည်ကို နေမဝင်တိုင်းပြည် ကြီးဖြစ်လာအောင် စွမ်း ဆောင်ပေးမည့်ပုဂ္ဂိုလ်တစ်ပါးအဖြစ် ယူဆသည့် ရေပန်းစားနေသော ထင်မြင်ချက်မျိုး တမန်တော်များ၌ရှိနေခဲ့ပါသည်။ ခရစ်တော်ခံရ မည့်ဒုက္ခဆင်းရဲခြင်းနှင့် အသေခံခြင်းတို့အကြောင်း ကြိုတင် ဟော ကိန်းထုတ်နေသည့်စကားများကို သူတို့နားမလည်နိုင်ခဲ့ကြချေ။ GCBur 366.2