Go to full page →

အာမခံချက်အပေါ်စိတ်ပျက်သွားခြင်း GCBur 371

“မောရှေသည် ပညတ္တိကျမ်း၌လည်းကောင်း၊ ပုရောဖက်တို့ သည် သူတို့ကျမ်း၌လည်းကောင်း အကြောင်းပြု၍ရေးသားထားသူ ယေရှုကို” မတွေ့မီကထက် တပည့်တော်များသည် စိတ်နှလုံးပြည့် ဝလျက်ရှိခဲ့ကြသည်။ မသေချာခြင်းနှင့် စိတ်ပျက်အားလျော့ခြင်းတို့ သည် သေချာခြင်းနှင့် တိမ်သလ္လာကင်းသောယုံကြည်ခြင်းတို့အ တွက်နေရာပေးခဲ့ကြသည်။ GCBur 371.1

၎င်းတို့ အနေဖြင့် ခံနိုင်ရည်အရှိဆုံးသောစမ်းသပ်မှုများကို ဖြတ်ကျော်ခဲ့ကြပြီး နှုတ်ကပတ်တော်၏ အောင်ပွဲဆင်မှုများကိုလည်း မြင်တွေ့ခဲ့ကြပြီး ဖြစ်သည်။ ယခုအချိန်မှစ၍ မည်သည့်အရာသည် ၎င်းတို့၏ယုံကြည်ခြင်းကို ဟန့်တား နိုင်မည်နည်း။ သူတို့သည် ဝမ်းအ နည်းဆုံးအချိန်၌ပင် “မြဲမြံခိုင်ခံ့သော စိတ်နှလုံး၏ကျောက်ဆူးကဲ့သို့” သော မြော်လင့်ခြင်းတည်းဟူသော နှစ်သိမ့်မှုကိုရရှိခဲ့ကြပါသည်။ ဟေဗြဲ ၆:၁၈-၁၉။ GCBur 371.2

“ငါ၏လူတို့သည်လည်း ရှက်ကြောက်ခြင်းမရှိရကြ။” “ည ဦးယံ၌ ငိုကြွေးခြင်းသည် လာ၍တည်းခို၏။ နံနက်ယံ၌ကား သီချင်း ဆိုရသော အခွင့် ရှိ၏” ဟု ထာဝရဘုရား မိန့်တော်မူ၏။ ယောလ ၂:၂၆။ ဆာလံ ၃၀:၅။ ဤတပည့်တော်များသည် ရှင်ပြန်ထမြောက် သည့်နေ့တွင် ကယ်တင်ရှင်နှင့် တွေ့ဆုံခဲ့ကြသည်။ သူတို့၏စိတ် နှလုံးသည် နှုတ်တော်ထွက်စကားများ ကြားနာစဉ် ပီတိဖြစ်နေပါ သည်။ GCBur 371.3

ကောင်းကင်နိုင်ငံသို့မတက်ကြွမီကလေးတွင် “သင်တို့သည် လောကီနိုင်ငံအရပ်ရပ်သိုသွား၍ ဧဝံဂေလိတရားကို ဟောပြော ကြလော့။” “ငါသည်လည်း ကပ်ကမ္ဘာကုန်သည့်တိုင်အောင် သင် တို့နှင့်အတူ ရှိနေမည်” ဟု ခရစ်တော်မိန့်တော်မူခဲ့ပါသည်။ ပင်တေ ကုတ္တေပွဲနေ့တွင် ကတိပြုထားသည့် ဝိညာဉ်တော်မိုးကျရောက်ခဲ့ပါ သည်။ GCBur 371.4

ကောင်းကင်သို့ တက်ကြွသွားခဲ့သည် သခင်ဘုရားသည် မိမိ တို့နှင့်အတူရှိနေသည်ဟူသော အသိကြောင့် ၎င်းတို့သည် နှလုံးပီ တိဂွမ်းဆီထိပမာ ခံစားခဲ့ကြရပါသည်။ GCBur 372.1